a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

လယ်တီဆရာတော်ကြီးအကြောင်းကလေး

Ledi Sayadaw
ဆက်လက်ဖတ်ရှုရန်.....

အလွမ်းငှက်

အမေ့အိမ်နဲ့ဝေးတဲ့နေရာဆိုတာ
လုံခြုံနွေးထွေးမှု
ကင်းမဲ့တတ်မှန်းသိပေမဲ့
ပညာရှာဖို့ခဏတော့
ဒီအသိုက်နဲ့ခွဲရဦးမှာပဲ
ဒါပေမဲ့-----
အဲဒီခဏဆိုတဲ့စကားလေးကိုပဲ
အကြိမ်ကြိမ်မျိုချရင်း
အမေ့ကိုလွမ်းနေခဲ့တာ
အခု(၂၀)နှစ်တောင်
ရှိသွားပြီး-----။
အမေဆိုတဲ့အဓိပ္ပါယ်ကို
နားမလည်နိုင်သေးခင်
အသိုက်ထဲကထုတ်ပယ်ခံရတဲ့
ငှက်တစ်ကောင်ရဲ့ဘ၀ဟာ
ဘာတွေနဲ့အစားထိုးပြီး
ဘယ်အရပ်ဒေသမှာ
ပျော်ရွှင်နိုင်မှာတဲ့လဲ
ဒုက္ခနဲ့တစ်ခါကြုံတိုင်း
အမေ့ရဲ့လက်ကို တစ်ခါကိုင်ပါရစေ
ဝမ်းနည်းမှုတွေနဲ့တစ်ကြိမ်ကြုံတိုင်း
အမေ့ရဲ့အားပေးစကားကို တစ်ကြိမ်းကြားပါရစေ
မောပန်းမှုတွေရှိခဲ့လေတိုင်း
အမေ့ရင်ခွင်ထဲ ခိုနားပါရစေ
လူတိုင်းက
သိန်းထီပေါက်ဖို့ဆုတောင်းနေချိန်မှာ
သားကတော့
အမေ့ရဲ့နွေးထွေးအားပေးမှုကိုပဲ
တောင့်တနေခဲ့တယ်
အသိုက်နဲ့ဝေးတဲ့ဘ၀ဖော်တွေရဲ့
ပူဆွေးလွမ်းမောမှုတွေကို
နှစ်သိမ့်ပေးချင်ပေမဲ့
သားကိုယ်တိုင်ကလည်း
ငိုကြွေးနေခဲ့တာ။
အသိုက်ထဲပြန်ဝင်ဖို့ကြိုးစားတိုင်
လိုအပ်မှုတွေက
တားဆီတတ်လွန်းလို့
အမြဲတမ်းလိုအပ်နေတဲ့လောကကြီးကိုလည်း
စိတ်နာချင်တယ်။
သက္ကရာဇ်တွေစားသုံးပြီး
၃၃နှစ်ထဲရောက်လာတဲ့အချိန်မှာ
ရင့်ကျက်ပြီးလို့ထင်ခဲ့ပေမဲ့
တကယ်တမ်းတော့
အမေ့ကိုလွမ်းတဲ့စိတ်ကြောင့်
အိပ်ပျော်ဖို့တောင်
မစွမ်းဆောင်နိုင်ပါဘူး အမေရယ်။
ဘယ်အချိန်ဘယ်ကာလမှ
ပြည့်ဝမယ်မှန်းမသိတဲ့
ရည်မှန်းချက် ဆိုတာကြီးကို
ခေါင်းရွက်ပြိး
အမေ့ရဲ့နွေးထွေးမှုမရှိတဲ့အရပ်မှာ
ဘယ်လောက်ကြာအောင်
ဝမ်းနည်းအထီးကျန်မှုတွေနဲ့
ပေါင်းသင်းနေရဦးမှာလဲ
ဟို--- တချိန်က
ကောင်းကင်းကြီး
အထီးမကျန်စေချင်တဲ့ဆန္ဒနဲ့
ကြယ်ကလေးတွေမကြွေဖို့ ဆုတောင်းပေးခဲ့တဲ့သားအတွက်
အခု ဘယ်သူတွေ ဆုတောင်းပေးကြမှာလဲ
အမေရယ်
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျတဲ့ဘ၀မှာ
ဖြစ်ချင်တာတွေ
ဖြစ်ခွင့်မရခဲ့ပေမဲ့
ရည်မှန်းချက်တွေပြည့်စုံအောင်
ကြိုးစားရင်း
အသက်ရှင်နေသမျှတော့
မျှော်လင့်ချက်တွေကို တောင်ပံတပ်လို့
အမေရှိရာအရပ်ကို
အမြဲတမ်း ပျံသန်းဖို့
ကြိုးစားနေမှာပါ အမေရယ်။
ဆက်လက်ဖတ်ရှုရန်.....

စိတ်မကောင်းစရာသတင်း

န်မာ ပြည်သူ လူထုကို လိမ်၍ အလှူခံနေခြင်းနှင့် ဆက်စပ်၍ စိတ်မကောင်းဖွယ်ရာများ

(၁၅-၀၁-၂၀၁၁ ) နေ့ မြန်မာ့အလင်းတို့ ကြေးမုံတို့ထဲမှာ ပြည်ပသာသနာပြု အလှူရှင်အပေါင်းတို့ ခင်ဗျား နိဗ္ဗာန် အကျိုးမျှော်၍ နိုးဇော်အပ်ပါသည်။ တကမ္ဘာလုံး ကူးလူးဆက်သွယ်မှု လျင်မြန်သော ယနေ့ခေတ်တွင် အများသုံးအင်္ဂလိပ်ဘာသာစကားဖြင့် ဗုဒ္ဓ တရားတော်များကို ကမ္ဘာ့လူသား အားလုံးအတွက် ဖြန့်ဝေရန် လိုအပ်ပြီ ဖြစ်ပါသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် သာသနာရေးဝန်ကြီးဋ္ဌာနက အင်္ဂလန်နိုင်ငံသို့ ပညာသင် -၅-ပါး စေလွှတ်ခဲ့ရာ MA ဘွဲ့များ ရရှိကြပြီး နှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် ဆက်လက်တက်ရောက်ရန် အသင့်ရှိနေ ပြီဖြစ်ပါသည်။

အဆိုပါ အရှင်မြတ် နှစ်ပါး၏ ပညာသင်စရိတ်လေးနှစ်စာအတွက် ပေါင်စတာလင် ၉၆၀၀၀ (ကိုးသောင်းခြောက်ထောင်)တကြိမ်တည်းပေးသွင်းရန်ရှိပြီး တပါးစီအတွက် အထွေထွေစရိတ် တနှစ်လျှင် ပေါင် ၃၀၀၀(သုံးထောင်) နှုန်းဖြင့် နှစ်ပါးအတွက် ပေါင် ၁၀၂၀၀၀ (တသိန်းနှစ်ထောင်)ကို တကြိမ်တည်း ပေးသွင်းရန်လိုအပ်မည်ဖြစ်၍ ကျန်သုံးနှစ်အတွက် တနှစ်လျှင် ပေါင် ၆၀၀၀(ခြောက်ထောင်) စီ ထောက်ပံ့ လှူဒါန်းရန် ရှိပါသည်။

ပြည်ပသာသနာပြု ပညာပါရမီကုသိုလ်တော် ဆည်းပူးလိုသော အလှူရှင်များအနေဖြင့် သဒ္ဒ္ဓါတရားနည်းများမဆို မိမိတို့တတ်နိုင်သမျှ မြန်မာ ကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့်ဖြစ်စေ သာသနာရေးဝန်ကြီးဋ္ဌာနရုံးအဖွဲ့မှူး ဦးမြင့်ဦး ဖုန်း-၀၆၇-၄၀၆၀၀၈၊ ဖက်စ်-၀၆၇-၄၀၆၀၂၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နိုးဇော်အပ်ပါသည်။

===========..


အင်္ဂလန်နိုင်ငံသို့ ပညာသင် -၅-ပါး စေလွှတ်ခဲ့ရာ MA ဘွဲ့များ ရရှိကြပြီးနှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph।D တန်း အဆင့်မီသဖြင့်ဆက်လက်တက်ရောက်ရန် အသင့်ရှိနေပြီ ဖြစ်ပါသည်။ --------ဆိုသော ကြော်ညာ၌ လန်ဒန်တက္ကသိုလ်-ဆိုတာ မြန်မာပြည်မှ အင်္ဂလန်နိုင်ငံသို့ ပညာသင်လာကြတဲ့ ကျောင်းသားတချို့ ကျောင်းတက်နေကြတဲ့ မြန်မာပြည်မှ မြန်မာကျောင်းဆရာများလည်းရှိတဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက်လှုပ်ရှားမှုများ ဟောပြောမှုများ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ (School of Oriental and African Studies, University of London) Thornhaugh Street, Russell Square, London WC1H 0XG နေရာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်လက်လှန်းမှီသလောက် စုံစမ်းကြည့်သောအခါ မြန်မာပြည်မှ အင်္ဂလန်နိုင်ငံသို့ပညာသင် -၅-ပါး စေလွှတ်ခဲ့ရာ ပညာသင် ဘုန်းကြီး-၃-ပါးသည် (၂၀၁၀) နှစ်တွင်လန်ဒန် (SOAS ) တက္ကသိုလ်တွင် MA တန်း တက်ရောက်ကြပြီး MA ဘွဲ့များရရှိကြသည်-ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ပညာသင် ဘုန်းကြီး-၃-ပါးလုံးဒီနှစ် (၂၀၁၁) ခုနှစ်မှာ တပါးမှ Ph D တန်း တက်ခွင့် အဆင့်မမီသောကြောင့် Ph D တန်း တက်ခွင့် မရကြပါ။ ဒီအကြောင်းကို လန်ဒန်မှာ နေထိုင်ကြတဲ့ကျောင်းသားတချို့နှင့် ဘုန်းတော်ကြီးတော်တော်များများ လူတော်တော်များများက သိရှိကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ( နှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် ဆက်လက် တက်ရောက်ရန် အသင့်ရှိနေပြီ ဖြစ်ပါသည်။) ဟု သာသနာရေးဝန်ကြီးဋ္ဌာန၏ အလှူခံမှုသည် မြန်မာပြည်သူ လူထုကို လိမ်ပြီး အလှူခံသကဲ့ သို့ ဖြစ်နေပါသည်။ လန်ဒန်တက္ကသိုလ်-မှ Ph D တန်း တက်ခွင့်အဖြစ် လက်ခံကြောင်း ဘယ်လိုစာရွက်စာတမ်းများ အထောက်အထားများ လက်ဝယ်ရရှိသဖြင့် ဒီလို အလှူခံကြော်ညာစာများ ထုပ်ပြန်ရသလဲမသိ၊ နှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် ဆက်လက်တက်ရောက်ရန် အသင့်ရှိနေပြီ - ဆိုသော နှစ်ပါးသည် ဘယ်သူတွေလဲ လို့ ဆက်လက်စုံစမ်းကြည့်သောအခါ ဘုန်းကြီး-၃-ပါး MA တန်း တက်နေတာတော့ သိတယ်၊ အောင်တယ်လို့လဲကြားတယ်။ Ph D တန်းတော့ တက်ခွင့်မရကြဘူး။ ဒါပေမဲ့ ဦးသီဟ(သီတဂူ တက္ကသိုလ်) ဦးဇနက (ထေရ၀ါဒ တက္ကသိုလ် ) ၂- ပါးက လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် သူတို့ (၂)ပါးပဲ ဆက်လက်တက်ရောက်နိုင်ကြောင်း သီတဂူဆရာတော်ကြီးထံနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ကို လိမ်ညာ၍ လျောက်ထားခဲ့ကြောင်း၊ ကျန်တပါးကတော့ အင်္ဂလိပ်စာ ဆက်လုပ်မယ်၊ အင်္ဂလိပ်စာ လုံလောက်မှ Ph D တန်း ဆက်လုပ်ရန်ရှိကြောင်း---သတင်းတွေ ထွက်လာကြောင်း -သိရပါသည်။ ဒါကြောင့် နှစ်ပါးဆိုတာ ဦးသီဟ (သီတဂူတက္ကသိုလ်) ဦးဇနက (ထေရ၀ါဒ တက္ကသိုလ် ) တို့ပဲ ဖြစ်ပါလိမ့်မယ်။ တကယ် လန်ဒန် တက္ကသိုလ်မှာ Ph D တန်း အဆင့်မီလို့ တက်ရောက်ခွင့် ရလို့ အလှူခံတာဆိုရင် တော်သေးတယ်။ အခုဟာက သာသနာရေးဝန်ကြီးဋ္ဌာနနှင့် အလျှင်းသင့်တဲ့ ကပ်ဖားရပ်ဖား ပညာသင် ဘုန်းကြီး-၂-ပါးက အမှန်တကယ် လန်ဒန်တက္ကသိုလ်မှာ Ph D တန်း အဆင့်မမီကြဘဲ Ph D တန်း တက်ရောက်ခွင့် မရကြဘဲ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်းပြီး နှစ်ပေါက်တပေါက် ရိုက်ကြ၍် မြန်မာ ပြည်သူ လူထုကို လိမ်ပြီး အလှူခံနေခြင်းသာ ဖြစ်ပါသည်။

နောက်ပြီးတော့ လန်ဒန် တက္ကသိုလ်မှာ ၂ ပါးစာ ၄ နှစ်အတွက် ပေါင် ၉၆၀၀၀ (ကိုးသောင်းခြောက်ထောင်) ကို တကြိမ်တည်း ပေးသွင်းရမည် ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။ လန်ဒန် တက္ကသိုလ်များရဲ့ စနစ်က တနှစ်ချင်းစီ ငွေ-ပေးသွင်းရပါတယ်။ ပြီးတော့ http://www.soas.ac.uk/registry/fees/postgraduate/ လန်ဒန် တက္ကသိုလ် webside ကို ကြည့်တော့လည်း Tuition Fees (Ph D) ကျောင်းစရိတ် က Full-time Overseas Students အတွက် MPhil/PhD per year အတွက် ₤10,800 တနှစ်အတွက် ပေါင်ငွေ ၁၀၈၀၀ မျှပဲ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အခုဟာက တနှစ်ကို ပေါင် ၁၂၀၀၀ လောက် စာရင်းပိုတွက်တင်ပြပြီး လိမ်၍ တောင်းခံတာ ဖြစ်တယ်။

Tuition Fees 2010/2011 Postgraduate

Please note that fees are payable in full at enrolment. Termly or instalment payments are not permitted. The fees below are per academic year. Please note that fees go up each year. Some fee rates for students who enrolled on their degrees before 2010/11 are different - please see the Protected Fees Schedule 2010/11.

Students who are formally sponsored should provide evidence of funding before or at enrolment.

Masters Degree In:

Economics (including Finance and Development, Development Economics and Political Economy of Development)
Politics (including State, Society and Development)
International Management, Finance and Financial Law

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

5,775


13,230


2,885


6,615


1,950


4,500

Anthropology (including Social Anthropology of Development; Migration and Diaspora)
Global Cinemas/Media, Critical Media

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

5,775


12,600


2,885


6,300


1,950


4,305

International Studies and Diplomacy; Globalisation and Corporate Development

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

12,810


12,810


6,405


6,405


4,500


4,500

Development Studies (including Central Asia; Violence, Conflict & Development; Migration, Mobility & Development; Globalisation & Development)

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

7,700


13,230


3,850


6,615


2,550


4,500

Law (including Dispute & Conflict Resolution; Environmental Law & Sustainable Development; International & Comparative Legal Studies)

This fee includes the law pre-sessional course. Continuing students please see the Protected Fees Schedule 2010/11

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

8,050


13,580


4,200


6,965


2,900


4,850

LLM

Full-time


Part-time 2 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

7,700


13,230


3,850


6,615

Part-time 3 Years


Part-time 4 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

2,550


4,500


1,950


3,305

Other MAs and MMus

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

4,725


12,600


2,360


6,300


1,530


4,305

Due to a change in Government funding policy if you are applying for a Masters degree and already have an equivalent or higher qualification (or expect to complete an equivalent or higher qualification while studying for a Master's degree at SOAS) you will be liable to higher fees. You will be charged the UK/EU course fee plus £1500.

Continuing research students should refer to the Protected Fees Schedule 2010-2011

Research degrees:

Research Degrees


Full-time


Part-time

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

MPhil/PhD per year


3,900


10,800


1,950


5,400

Extension of Writing-up Status


705


705


-


-

There are no reduced fees for overseas fieldwork.












Visiting Research Students (charged pro rata for termly attendance)


3900


10,800


-


အထွေထွေစရိတ် တပါးစီအတွက် တနှစ်လျှင် ပေါင် ၃၀၀၀ (သုံးထောင်) နှုန်းဖြင့် ၂ ပါးအတွက် ပေါင် ၁၀၂၀၀၀ (တသိန်းနှစ်ထောင်) ကိုလည်း တကြိမ်တည်းပေးသွင်းရန်လိုအပ်မည်ဖြစ်ပြီး----ဆိုတာကလည်း တနှစ်လျှင် ပေါင် ၃၀၀၀ (သုံးထောင်) နှုန်းဖြင့် ၄ နှစ် ဆိုလျှင် တပါးအတွက် ပေါင် ၁၂၀၀၀ ဖြစ်ရမယ်၊ ၂ ပါးအတွက်ဆိုတော့ ပေါင် ၂၄၀၀၀ ပဲ ဖြစ်သင့်တယ်။ ဘာကြောင့် ပေါင် ၁၀၂၀၀၀ (တသိန်းနှစ်ထောင်) ဖြစ်ရတာလဲ မသိဘူး။ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာ ပြည်သူ လူထုကို လိမ်၍ အလှူခံနေခြင်းဟာ သေချာပါသည်။ ကျန် ၃ နှစ်အတွက် တနှစ်လျှင် ပေါင် ၆၀၀၀ (ခြောက်ထောင်) စီ ထောက်ပံ့ရန်ရှိကြောင်း----ဆိုတာကလည်း ကျန် ၃ နှစ်ဆိုတာ ဘယ်က ၃ နှစ်လဲ။ ပညာထက်မျက်တဲ့ စကောလာ ပညာတော်သင် ဆိုရင် Ph D တန်း ဆိုတာ ၄ နှစ်တက်ရပါသည်။

၁။ သာသနာရေးဝန်ကြီးဋ္ဌာနနှင့် အလျှင်းသင့်တဲ့ ကပ်ဖားရပ်ဖား ပညာသင်ဘုန်းကြီး-၂-ပါးက အမှန်တကယ် လန်ဒန် တက္ကသိုလ်မှာ Ph D တန်း အဆင့်မမီကြဘဲ Ph D တန်း တက်ရောက်ခွင့် မရကြဘဲ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာ ပြည်သူ လူထုကို လိမ်ပြီး အလှူခံ၊

၂။ (Ph D) Tuition Fees ကျောင်းစရိတ် အတွက် စာရင်း ပိုတွက် တင်ပြသဖြင့် ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာ ပြည်သူ လူထုကို
စာရင်းပိုတွက်တင်ပြပြီး လိမ်၍ ငွေတွေ အများကြီး အလှူခံ။

၃။ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာပြည်သူ လူထုကို လိမ်၍ တောင်းခံတာကလဲ ငွေရေးကြေးရေး စသည် တွက်ချက် ထားတာတွေက ရှေ့နောက် ဘာမှ မကိုက်ညီ ----အဲဒီလိုတွေ ဖြစ်နေတယ်။ ဒါကြောင့် ဒီအကြောင်းအရာများကို မြန်မာ ပြည်သူ လူထုများ၊ ကမ္ဘာမှာရှိတဲ့ မြန်မာ့ မီဒီယာများနှင့် ကြော်ညာထားသော သာသနာရေး ၀န်ကြီးဋ္ဌာနကိုလည်းပြန်လည် အကြောင်းကြားရပါမည်။

ဒီမိုကရေစီလိုလားသော ကျောင်းသားများ.
ဆက်လက်ဖတ်ရှုရန်.....

ဘ၀စိတ်ကူး

ဖြစ်ချင်သောဆန္ဒ
လုပ်ချင်သောစိတ်ကူး
အင်းအားများနှင့်
လုပ်မည်အားခဲ
သို့ပါသော်လည်း
နောက်ပြန်လှည့်ကြည့်
ငွေမရှိ။
လောဘဒေါသ
မောဟအတ္တ
ဒါတွေဖုံးလွမ်းနေတဲ့လောက
ကြာလာတော့လဲ
ငြီးငွေ့စိတ်ကုန်
စိတ်အေးချမ်းသာရာ
ရှာနေပေမဲ့
မတွေ့သေးတာ
ငါအချိန်အထိပါ။

ကဗျာရေးသားသူ( ရွှေညာသူ)
ဆက်လက်ဖတ်ရှုရန်.....

ဗုဒ္ဓ၏သုံးဆယ်နှစ်ပါးသောလက္ခဏာ

သုံးဆယ်နှစ်ပါးသောလက္ခဏာဆိုသည်မှာ

၁။ အညီအညွတ်ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။

၂။ ခြေဖ၀ါးပြင်ပေါ်၌ အကန့်တစ်ထောင်ရှိသော စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း။

၃။ ရှည်သော ဖနှောင့်ရှိခြင်း။

၎။ ရှည်သွယ်သော လက်ချောင်းခြေချောင်းရှိခြင်း။

၅။ နု့ညံနုနယ်သော လက်ဖ၀ါး ခြေဖ၀ါးရှိခြင်း။

၆။ ကွန်ရက်ပမာ ညီညာသော လက်ချောင်းခြေချောင်းရှိခြင်း။

၇။ ဖမျက်မြင့်သော ခြေရှိခြင်း။

၈။ သလုံးမြင်းခေါင်းရှိခြင်း။

၉။ မကိုင်းညွတ်ဘဲ ရပ်လျက် လက်ဖြင့်ဒူးဆစ်တို့ကို ထိနိုင်ခြင်း။

၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ရှိခြင်း။

၁၁။ ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။

၁၂။ အသားအရေသည် ချောမွေ့နေသောကြောင့် ဖုန်မုန့်စသည်တို့ မငြိကပ်ခြင်း။

၁၃။ တစ်ပင်ချင်းပေါက်သော မွေးညင်းရှိခြင်း။

၁၄။ အထက်သို့ကော့တက်သော မွေးညင်းရှိခြင်း။

၁၅။ ဖြောင့်မတ်သော ကိုယ်ရှိခြင်း။

၁၆။ အသားအရေဖြိုးမောက်ခြင်း။

၁၇။ ခြင်္သေ့နဲ့တူသော ရှေ့ပိုင်းကိုယ်ရှိခြင်း။

၁၈။ လက်ပြင်နှစ်ဖက်အကြား၌ ပြည့်ဖြိုးသော ကျောပြင်ရှိခြင်း။

၁၉။ ပညောင်ပင်ကဲ့သို့ ၀န်းသော ကိုယ်ရှိခြင်း။

၂၀။ ညီညာစွာလုံးဝန်းသော လည်ပင်းတိုင်ရှိခြင်း။

၂၁။ အရသာကိုဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိခြင်း။

၂၂။ ခြင်္သေ့၏ မေးနှင့်တူသော မေးရှိခြင်း။

၂၃။ သွားချောင်းရေ လေးဆယ်ရှိခြင်း။

၂၄။ ညီညွတ်သော သွားရှိခြင်း။

၂၅။ မကျဲသော သွားရှိခြင်း။

၂၆။ အလွန်ဖြူစင်သော အစွယ်လေးချောင်းရှိခြင်း။

၂၇။ ကြီးမားရှည်လျား နု့ညံ့သော လျှာရှိခြင်း။

၂၈။ ကရ၀ိက်ငှက်သံနဲ့တူသော အသံရှိခြင်း။

၂၉။ အလွန်ညိုသော မျက်လုံးရှိခြင်း။

၃၀။ နွားငယ်မျက်တောင်နဲ့တူသော မျက်တောင်ရှိခြင်း။

၃၁။ မျက်မှောင်နှစ်ခု အကြား၌ နု့ညံ့သော ၀ါဂွမ်းနဲ့တူသော ဥဏ္ဏလုံမွေးရှင် ပေါက်လျက်ရှိခြင်း။

၃၂။ သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။

ဤ(၃၂)ပါးသော လက္ခဏာနဲ့ပြည့်စုံသောပုဂ္ဂိုလ်သည် လူ့ဘောင်၌နေသော် သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရပြီး ရတနာခုနှစ်ပါးနဲ့ပြည့်စုံသော
စကြ၀တေးမင်းဖြစ်ပေသည်။ အကယ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ၀င်ရောက်သည်ရှိသော်
ကိလေသာအားလုံးကို ပယ်သတ်နိုင်ပြီး ကိုယ်တိုင်မှန်ကန်စွာ သစ္စာလေးပါးကို သိသော
မြတ်ဗုဒ္ဓဧကန်ဖြစ်ကြပါသည်။

(ပါထိက၀ဂ်ပါဠိတော်၊ လက္ခဏသုတ်တော်တွင် အကျယ်ကြည့်ရှု့နိုင်ပါသည်။)
ဆက်လက်ဖတ်ရှုရန်.....

ကော်ဖီနဲ့ကျန်းမာရေး

“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈၀ မှာ စိုက်ကြတယ်။ ၂၀၀၉ တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ ကုန်သွယ်ရေးမှာ ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။

စက္ကန့်တိုင်းမှာ အမေရိကန်တွေ သောက်နေတဲ့ ကော်ဖီ ခွက်ပေါင်း သန်း ၄၀၀ ရှိတယ်။ (ကော်ဖီ-ချိန်း) ဆိုတဲ့ တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့ ကော်ဖီ-သံကြိုးဆက် အကြီးဆုံးက ၂၀၀၇ မှာထောင်ခဲ့တဲ့ Starbucks ဖြစ်တယ်။ သူတို့ ယဉ်ကျေးမှုအရ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက် ဖြစ်တယ်။ စာဖတ်သူများ အထင်တော် မမှားကြပါနဲ့။ ကိုးကားစရာ ကိန်းဂဏန်းဆိုတာ သူများ တိုင်းပြည်မှာသာ ရတာမို့ပါ။ ကိုယ့်ဆီမှာ ဆန်ပြုတ်သောက်သူ စာရင်းတောင် ကောက်မဖြစ်ဘူး။ ကျောင်းဆရာတွေ နဲ့ စာရေးဆရာတွေကိုလဲ ချီးမြှောက်ချင်လို့ပါ။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ Over the Teacups ထဲမှာ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ Exhilaration factor ခေါ်ပါတယ်။ ဖြစ်စေတာက Caffeine ခေါ်တဲ့ 1,3,7-trimethylxanthine ပါ။ Psychotropic alkaloid ဖြစ်ပါတယ်။ လဖက်ရည်ထဲမှာလဲ (ကေဖင်း) ပါတယ်။ (ကိုးကိုး) ထဲမှာလဲ ပါတယ်။ တခြား Soft and energy drinks တွေမှာလဲ ပါတယ်။

ထိပ်ဆုံး ရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ရေးတာက ဆေးပညာစာဆို့။ လာပါမယ်။ ကော်ဖီ သောက်ပါလို့ Prescription ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန် ဆရာဝန် Leonhard Rauwolf ဖြစ်ပါတယ်။

သောက်တဲ့ သူတွေက ကော်ဖီ ကြည့်ပြီး အကောင်း အညံ့၊ ဆရာဝန်တွေက Caffeine (ကေဖင်း) ကြည့်ပြီး၊ ကျန်းမာရေး သင့်-မသင့် ပြောပါတယ်။ စနစ်တကျ ဖေါ်စပ် ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ် ဆိုပေမဲ့ တခါတလေ Devil’s brew အဆိပ်ရည်သဘော ဖြစ်ပါတယ်။

“ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” American Dietetic Association က တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင် မလိုတာ ပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်း ဆိုရင် အနာ-အကိုက်ပျောက်ဆေး Painkillers ၁၀ ပြား။ လူတယောက်နဲ့ တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံဖြစ်သလဲ” ပါသေးတာ။

Caffeine က Stimulant စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံး ကြတယ်။ (ကေဖင်း) သာမက Cortisone နဲ့ Adrenaline ဆိုတဲ့ Stimulating hormones ပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ Dementia, Parkinson's disease, Depression ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ Blepharospasm ဆိုတဲ့ မျက်စိ ပုတ်ခတ် ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ Laxative effect ၀မ်းပြော့တယ်။ Mild diuretic ဆီးသွား နဲနဲများစေတယ်။ Skin cancer, breast cancer ကင်ဆာတွေ ဖြစ်တာ နဲစေတယ်။ Gout ဂေါက် လက္ခဏာ သက်သာစေတယ်။ Tap water ထဲမှာပါတဲ့ Lead or Copper ဆိုတဲ့ Heavy metals ဓါတ်အလေးစားတွေကို ၇၈-၉၀% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲ ပါပါတယ်။ Post-gym muscle pain အားကစား လုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်အမလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီ လာတာ ပိုများလို့ Mood for sex ကောင်းစေ ပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာ ယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ရှိတာ ကလေးတွေပါ”။ “မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာ ရအောင်လုပ်တဲ့သူ လူတော် ဖြစ်တယ်။” ၂၀၁၀ မှာလဲ မှန်ပါတယ်။

ကော်ဖီ အသောက် များရင်တော့ အအိပ် ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေ ညိုမယ်။ BP သွေးဖိအား တက်စေတယ်။ ကော်ဖီ နဲ့ Paracetamol ရော သောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂၀၀၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာ တွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲ များတယ်။

တန်ဆေး-လွန်ဘေး၊ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

Coffee can kill you! ကော်ဖီက သေစေနိုင်တယ်။ တခြားဆေးတွေလိုပါဘဲ။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက် ပေးရင် သေစေသလဲ စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈၀-၁၀၀ ခွက်တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်း မစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်။ Decaffeinated coffee လို့ ခေါ်တဲ့ Decaf ကို ပြောင်းသောက်ပေါ့။ Caffeine-free coffee နဲ့တော့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်။
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg

လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေ ဖွင့်ခဲ့ဘူးတယ်။ အိန္ဒိယကလာတဲ့ စကားလို့ အထင်မှား နိုင်တယ်။ Coffeehouses or Cafés တွေပေါ်ခဲ့တာ နှစ် ၅၀၀ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့ မတူပါ။ လူငယ်တွေ ပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာ စဖွင့်ခဲ့တဲ့ Internet café or Cybercafé မဟုတ်လား။ အစည်းအဝေး၊ (ကွန်ဖရင့်) တိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ပါ။(မှတ်ချက်)ဒေါက်တင့်ဆွေအထံမှ ကူဖော်ပြပါသည်။

Dr. တင့်ဆွေ...
ဆက်လက်ဖတ်ရှုရန်.....

ကမ္ဘာကိုေ၀၀ါးစေမည့်မြန်မာအလံ

ကျွန်ုပ်တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ အလံပုံစံအသစ် ပြောင်းလဲခြင်းဟာ ၂၁.၁၀.၂၀၁၀မှာ စပြီး အသက်ဝင်သွားပြီ ဖြစ်ပါတယ်..
ဒီအလံ အသစ်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာရော အွန်လိုင်းပေါ်မှာပါ အသံအမျိုးမျိုးလည်း ကြားနေရပါတယ်.. ကျွန်ုပ်တို့အနေနဲ့က အဲဒီ့ အလံဒီဇိုင်းကို ပြည်သူတွေ ကျေနပ်လား မကျေနပ်ဖူးလား ဆိုတာထက် ကျေနပ်သင့်လား ဆိုတဲ့ အချက်ကို ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ ထင်ရှားတဲ့ အချက်ကြီး တစ်ချက်ကို တွေ့ပြီး အဲဒါကတော့ အပေါ်က ပုံကို ကြည့်လိုက်တာနဲ့ ထင်းကနဲ သိနိုင်မယ်လို့ ထင်ပါတယ်..
အနီ၊ အ၀ါ၊ အစိမ်း အဲလို အရောင် တောက်တောက်ပပတွေကို အာဖရိက နိုင်ငံ အလံတွေမှာ တွေ့ဖူးသလို ရှိနေလို့ လိုက်ရှာကြည့်လိုက်တဲ့အခါမှာ တကယ်ပဲ အာဖရိက အလံများစွာ (ကမ္ဘာပေါ်မှာ ရှိတာမှ နိုင်ငံ၂၀၀++ မှာ ၁၀နိုင်ငံကျော်နဲ့ သွားတူနေလို့ များစွာလို့ပဲ သုံးလိုက်ပါတယ်..) နဲ့ ဆင်တူနေပြီး အခြား နိုင်ငံတွေအနေနဲ့ တောင်အမေရိက မှာ ဘိုလီဗီးယား နဲ့ ဥရောပမှ လစ်သူရေးနီးယား တို့နဲ့ သွားပြီး တူနေတာ တွေ့ရပါတယ်..
ကျွန်ုပ်တို့တွေ အနေနဲ့တော့ ကိုယ့် မိခင်နိုင်ငံအလံကို ကိုယ်ပိုင်ဟန်လေးနဲ့တော့ ရှိစေချင်တာပေါ့ဗျာ.. အရင်တုန်းက စပါးနှံစက်သွား အလံတုန်းက ကျွန်ုပ်တို့သိမှီသလောက် တော်တော်လေး ဆင်တူတာဆိုလို့ ထိုင်ဝမ် (တရုတ်တိုင်ပေ) အလံတစ်ခုပဲ ရှိပါတယ်..

နောက် သတိထားရမယ့် အချက်တစ်ခုက ကမ္ဘာမှာ နိုင်ငံ တစ်ခု အကြောင်းပြောကြပြီဆိုရင် သူ့ရဲ့ နိုင်ငံတော်အလံကို အရင် ပြေးကြည့်ကြမှာ
အသေအချာပါပဲ.. ဆိုလိုချင်တာက နိုင်ငံတော် အလံဟာ ကိုယ့် နိုင်ငံ ကို ကမ္ဘာမှာ ၀င်ဆံ့အောင် လုပ်တဲ့ နေရာမှာ တော်တော်လေးကို အရေးကြီးတဲ့ အခန်းက ပါဝင်နေပါတယ်.. ဆီးဂိမ်း၊ အိုလံပစ် စတဲ့ အားကစားပြိုင်ပွဲတွေက စ လို့ ကုလသမဂ္ဂအစည်းအဝေးပွဲတွေအထိ ကိုယ့်နိုင်ငံအမည်ရဲ့ ဘေးမှာ အလံပုံက မထည့်မနေ ထည့်ကြတာပါ..
တခြား နိုင်ငံကသူတွေကို ကိုယ့်အလံပုံ မြင်တာနဲ့ စိတ်ထဲမှာ စွဲသွားအောင် ပြုလုပ်သင့်တဲ့ နေရာမှာ အခုတော့ မြန်မာအလံကို ကျွန်ုပ်တို့ နိုင်ငံအကြောင်းကို မသိသူ တစ်ယောက်ကို သွားပြလိုက်ရင် "မြန်မာဆိုတာ အာဖရိက က လား" လို့တောင် ပြန်မေးမယ့် ကိန်း ဆိုက်နေသလိုပါပဲ.. တစ်ဖက်က ကြည့်ပြန်ရင်လည်း မြန်မာနိုင်ငံ အလံကို ကျွန်ုပ်တို့ ရှင်းပြရင်တောင်
ဘယ်လိုရှင်းပြရမယ်မှန်းမသိပါဘူး.. အရင်တုန်းက ကိုယ်ပိုင်ဟန်နဲ့ မို့လို့ ပြောပြလိုက်ရင် တန်းကနဲ သိနိုင်ပေမယ့် အခု ကျွန်တော်တို့ အလံမှာ အနီအ၀ါအစိမ်း အလယ်မှာက ကြယ်တစ်လုံးနဲ့ ဆိုရင် အဲဒီ့ နိုင်ငံခြားသားလည်း သူ တွေ့ဖူးနေတဲ့ အာဖရိက အလံတွေနဲ့ ရောသွားမှာ သေချာပါတယ်..
နောက်ဆုံး ပြောချင်တာက နိုင်ငံတော်အလံတိုင်းမှာ ဘယ်ဟာက ဘယ်လိုအဓိပ္ပါယ်ဆိုပြီး ရှိနေပေမယ့် နိုင်ငံတစ်ခုရဲ့ အလံကို မြင်ကြလို့ရှိရင် လူတွေအရင်ဆုံး စိတ်ဝင်စားမှာက အလံရဲ့ အရောင်အသွေး၊ အလံရဲ့ ပုံစံပါ.. "ဘယ် အရောင်က ဘယ်လို အဓိပ္ပါယ်လဲဟင်" ဆိုပြီး အရင်ဆုံးမေးမယ့်သူက ၁၀၀မှာ ၁ ယောက်တောင် ရှိမယ်လို့ မမြင်မိကြောင်းပါ..
...
ဆက်လက်ဖတ်ရှုရန်.....
May you be highly effective person in the world.