မိခင်သည် သားသမီးတို့၏ အားကိုးရာ ကိုးကွယ်ရာ မှီခိုရာဟု လူတိုင်းသိကြမည်သာဖြစ်၏။
ထို့နည်းတူပင် သာသနာသည် ဗုဒ္ဓဘာသာတို့၏ အားကိုးရာ ကိုးကွယ်ရာ မှီခိုရာဟု ဦးဇင်းမှတ်ယူသောင်ကြောင့်
ဘလော့အမည်ကို မိခင်သာသနာဟူ၍ အမည်တပ်လိုက်ပါသည်။
မိခင်သည် သာသမီးတို့၏ ဘေးရန်ကိုအသက်ကိုမငှဲ့ကွက်ပါဘဲ ကာကွယ်စောင့်ရှောက်သည်။
သားသမီးတို့ နေရေး ထိုင်ရေး စားရေးသောက်ရေး လူမှုရေးစသော လူ့သဘာဝပတ်ဝန်ကျင်၌ အဆင့်တန်းမှီမှီ
နေတတ်ထိုင်တတ် စားတတ်သောက်တတ်အောင် သင်ကြားပြသခြင်းသည် တိုက်တွန်းမှုမရှိဘဲ မိခင်သည် စွမ်းအား
ရှိသလောက်ပြုလုပ်ပေးကြသည်သာ။ထို့နည်းတူစွာ သာသနာသည်လည်း သူ၏သားတော်သမီးတော်အားလုံးကို
(အသက်ရှိသတ္တ၀ါ)တို့ နေရေးထိုင်ရေး စားရေးသောက်ရေး လူမှုရေး စသော လူ့သဘာဝပတ်ဝန်းကျင်မှာ အဆင့်မြင့်မြင့်နေတတ်ထိုင်တတ်အောင် သင်ကြားပြသပေးလေ၏။
သာသနာသည်လည်းတိုက်တွန်းမှုမရှိဘဲ သူ၏အလုပ်ကိုလုပ်သည်သာဖြစ်၏။
NFL suspends two officials for player incidents
12 hours ago
0 comments:
Post a Comment