a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

သာသနာဟူသည်

သာသနာဆိုသောစကားလုံးကိုအဓိပ္ပါယ်တိတိကျကျသိနေကြသောဗုဒ္ဓဘာသာတော်တော်များများရှိလိမ့်မည်
ထင်သော်လည်း လိုက်နာကြသောဗုဒ္ဓဘာသာဦးရေသည် အနည်းအငယ်မျှပင်ဖြစ်ပေလိမ့်မည်ဟုဦးဇင်းထင်ပါ
သည်။
အဘယ်ကြောင့်ဆိုသော် ဦးဇင်းတို့ကိုယ်တိုင်ပင်ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုကောင်းကောင်းမသိခဲ့သော
ကြောင့်ပင်ဖြစ်သည်။အခုအချိန်ကော သိပါပြီလားလို့တစ်စုံတစ်ယောက်မေးလာရင် အမှန်ဝန်ခံပါရစေ ဦးဇင်းမသိ
ပါ။အမှန်တကယ်သိအောင်ကြိုးစားနေဆဲပါဟုဆိုပါရစေ။မိဘတို့၏တိုက်တွန်းမှုကြောင့် ကိုရင်ဝတ် ထို့နောက်မြို
ပြရဲ့စာသင်တိုက်တွေမှာဗုဒ္ဓစာပေကိုလေ့လာလိုက်စားကာ မူလတန်း အငယ်တန်း ပထမလတ်တန်း ပထမကြီး
တန်း ထို့နောက် ဓမ္မာစရိယတန်း အားလုံး ၁၃ နှစ်တိုင်တိုင်ကြိုးစားခဲ့သော်လည်း စာပေအခြေခံ သဒ္ဒါ သင်္ဂြိုဟ်
တွေကိုလေ့လာနေတဲ့အတွက်ကြောင့် ကမ္ဘာ့ သမိုင်းကိုမဆိုထားနဲ့ မိမိတို့ဗုဒ္ဓဘာသာ သမိုင်းကိုပင်ကောင်း
ကောင်းမသိရပေ။ စာပေအခြေခံတွေကိုလိုက်နာရသောကြောင့်ပင်ပန်မှုတွေဟာ စိတ်ရော ကိုယ်ရော ပင်ပန်း
ကျသောကြောင့် အစိုးရစာမေးပွဲ ကိုဖြေဆိုပြီး နောက်ထပ် နိကာကယ်စာမေးပွဲကိုတော်တော်များများ မဖြေဆိုကြတော့ပေ။ အခက်တွေကိုမေး အပြိုင်အဆိုင်တွေနဲ့ သူတတ်ငါတတ် ဘ၀င်မြင့်ကာ မေးခွန်းခက်ခက်ထုတ်ကြသော အခါ ကျဆုံးခြင်းတွေနှစ်များလာတော့ စိတ်ဓာတ်တွေကျကာဘာမှမလုပ်ချင်
အောင်ဖြစ်နေကြသောသံဃာအများစုပင် စာပေကိုကြောခိုင်းကြလေသည်။
ထို့ကြောင့်သီးသန့်လေ့လာသောသံဃာတော်တွေများသာလျှင်တော်တော်လေးသိလာကျသည်။ပေါ်ပေါက်
နိုင်ပါစေလို့ဆုတောင်းရသည်မှာလည်းအမောပင်။
သာသနာဆိုသောအရာကိုဖွင့်ဆိုရလျှင်အဆုံးအမ` ဟုဖွင့်ဆိုရပါသည်။
အဆုံးအမဆိုရာဝယ် ဘုရားအစရှိသောသူတော်ကောင်းတို့၏အဆုံးအမပင်ဖြစ်ပါသည်။
ထိုအဆုံးအမ ဆိုသောစကားသည် ၄လုံးပင်ဖြစ်လင့်ကစား မြောက်များလှစွာသော အဓိပ္ပါယ်တွေကိုဆောင်နေ
မည်သာ။ထိုမြောက်များစွာသောအဓိပ္ပါယ်ကိုဦးဇင်းတို့အကုန်မသိနိုင်ချေ။

0 comments:

Post a Comment

May you be highly effective person in the world.