လောကအကြောင်းကိုတွေးတောလိုက်တဲ့အခါမှာ ဦးနှောက်ထဲ အတော်ပင်ရှုပ်ထွေးသွားလေသည်၊ကိုယ်
တိုင်လေ့လာထားခဲ့တာတွေသည်လည်းစာအုပ်ထဲမှာပင်ကျန်ခဲ့ပြီး၊လောကအနန္တဆိုတာကိုပင် အသာထား
ယနေ့မိမိနေသော လောကအကြောင်းပင်အကုန်စင်မသိပါဟုပင် အမှန်ကိုဝန်ခံလိုက်ပါရစေ။
အခုထပ်ပြီး ဆောင်ပုဒ် ရဲ့တစ်ပိုဒ်ဖြစ်သော ဘ၀သမိုင်း မရိုင်းစေရန် ဆိုသောအပိုဒ်ကို ဆက်ပြီးတွေးတော
မိပြန်သည်၊ဘ၀ ဆိုတာ ဘာလဲ? ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်တာကို ဘ၀ ခေါ်မလား၊စားလိုက်သွားလိုက်
အိပ်လိုက် ကာမဂုဏ်ကိုခံစားလိုက် ဒါတွေကိုဘ၀လို့ခေါ်မလား?ထိုသို့သောအခြင်းအရာထက်ဥာဏ်ပညာပိုပြီး
နေထိုင်သွားတာကိုဘ၀လို့ ခေါ်မလား၊
စာတစ်ကြောင်းတော့ဖတ်ဘူးတယ်life is play. ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်လိုပဲတဲ့ နည်းနည်တော့ လက်
ခံသင့်သလိုတော့စိတ်ထဲမှာထင်မိတယ်၊၀မ်းနည်းခြင်းဝမ်းသာခြင်းတွေ နဲ့ပြည့်နှက်နေသောဘ၀တွေမို့
လက်ခံသင့်သလိုဖြစ်ရပါသည်၊မည်သို့ပင်ဖြစ်နေပါစေ လူတိုင်းလူတိုင်းကတော့ ဘ၀ဆိုသောပြဇာတ်တစ်ပုဒ်မှာ ကျရာနေရာမှာတော့ က ပြနေကြရသည် မိမိသည်လည်း ကပြနေရသည်မှာအမှန်ပင်ဖြစ်ပေသည်၊မိမိသည် ငိုကြွေးရမည့်အခန်းမှာလည်း ငိုကြွေးခဲ့ရသည် ရယ်မောရမည့်နေရာမှာလည်းရယ်မောခဲ့ပြီး ပျော်ရွှင်ရမည့်အခန်းမှာလည်း ပျော်ရွှင်ခဲ့ပါပြီ အတိတ်မှာဘာကြောင့်ငိုခဲ့ရယ်ခဲ့ပျော်ခဲ့ရတာဆိုသောဇာတ်လမ်းတွေမှာတော့
မိမိကတော့ပြဇာတ်မင်းသားတစ်ယောက်ပေါ့ တစ်ခါတစ်ရံမိဘတွေကမိမိအတွက်လူကြမ်းတွေဖြစ်ခဲ့ကြတယ်
တစ်ခါတစ်ရံဇာတ်အရံတွေဖြစ်ခဲ့ကြတယ် မိမိကဲ့သို့ပင်မိဘတွေကလဲသူတို့ဘ၀မှာ ဇာတ်လမ်းတွေကခဲ့ကြတော့ သူတို့မင်းသားမင်းသမီးတွေပေါ့ ဒါကြောင့်ဘ၀ဆိုတာပြဇာတ်တစ်ပုဒ်ဆိုတာလက်ခံသင့်သလိုပဲလို့မိမိပြောခဲ့ခြင်းဖြစ်ပါသည်။
မြတ်စွာဘုရား သည်လည်း သုံးဆယ့်တစ်ဘုံသော သတ္တ၀ါ တွေကိုပဲဟောခဲ့ပါသည်၊ထို (၃၁) ဘုံသောဝေနေယျ သုခိတဘ၀ ဒုက္ခိတဘ၀ ထိုထိုကို ဘ၀ဟုပင်ခေါ်ခဲ့သည့်အလားပါပင်၊
ထိုသို့သောဘ၀တွေက ဆင်းရဲခြင်း ချမ်းသာခြင်းတွေပြည့်နှက်နေသည်သာ နတ်ဘ၀မှာ နေသော်လည်းအမြဲတမ်းချမ်းသာနေသည်မဟုတ်ပေ၊ခွေးဘ၀မှာနေသော်လည်းအမြဲတမ်းဆင်းရဲနေသည်
မဟုတ်၊ခွေးတစ်ကောင်းအတွက် မစင်ပုံ နတ်သုဒ္ဓါ ဖြစ်နေသလို၊လူတွေအတွက်ကတော့ ရွံစရာဆိုသော
ဆန့်ကျင်ဘက်ကိုတွေကြည့်လိုက်ရင် ဘ၀ဟာ အမြဲတမ်းတည့်တံ့နေမည်ဆိုသော အရာကိုပယ်နိုင်လိမ့်မယ်ထင်ပါတယ်၊ ဒီလိုပါပဲ နေရတဲ့ရက်တွေများလာတော့ သေရမည့်ရက်ကိုမေ့
တာကတော့သဘာဝကျပါတယ်။
သို့သော် ဘ၀ရဲ့ နိဂုံးကိုမရောက်ခင် ဘယ်လိုနိဂုံးချုပ်မလည်းဆိုသောမေးခွန်းပေါင်းများစွာကိုတော့ မိမိဘာသာဆုံးဖြတ်ပြီးဖြေကြားလုပ်ကိုင်ရမည်သာ၊ အရိပ်ကိုခိုချင်ရင်တော့ အရိပ်ရှိသောအရပ်ကိုသွားမှ
အရိပ်ကိုခိုလှုံလို့ရမည်သာ၊အရိပ်ကတော့ လာရောက်ပြီး မိုးပေးလိမ့်မည်မဟုတ်ပေ၊အရိပ်လာရောက်ဖို့တမ်းတနေမယ်ဆိုရင်တော့ ဘ၀မှာ တမ်းတခြင်းတွေများပြီး
ပေးဆပ်ခြင်းတွေဝေးနေသောလူတစ်ယောက်ပင်ဖြစ်သည်လို့မိမိကိုယ်ကိုတိုင်းတာလိုက်ပေါ့။
ပြည့်စုံခြင်းတွေများနေရင်တော့ ဘ၀ဟာပြဇာတ်မဟုတ်တော့ဘူးလေ ပန်းခင်းသောလမ်းကလေးပေါ့
အခုတော့ ပြည့်စုံခြင်းတွေလိုအပ်နေလေတော့ဖန်းဆင်းရှင်ဆိုသောအရာတွေမရှိသလို ဘ၀ဟာပြဇာတ်လေးတစ်ပုဒ်ဖြစ်နေရတာလေ၊
နောက်လာမည့် ဘ၀မှာလည်းမိမိတို့အားလုံး ဆက်လက်ပြီးကပြနေရဦးမည် ငိုခြင်းရယ်ခြင်းတွေသောကတွေ အလွမ်းတွေ ရင်ထဲမှာ ဝေေ၀ဆာဆာနဲ့ကပြနေရဦးမှာမို့ နောက်ဇာတ်လမ်းတစ်ပုဒ်မှာ ကောင်းကောင်းမွန်မွန်ကပြနိုင်အောင် ငါတို့ ဘာလုပ်ကြမည်နည်းဆိုသော
အတွေးတွေကိုတော့ ကိုယ်ပိုင်ဥာဏ်လေးတွေနဲ့စဉ်းစားပြီးတော့ဘ၀ကိုနေသွားသင့်ပါသည်၊ တကယ်ကတော့ ဘ၀ဆိုသောပြဇာတ်တစ်ပုဒ်မှာတော့ ဇာတ်ညွန်းကလဲမိမိ ဒါရိုက်တာ ကလဲမိမိဆိုတာကတော့ ဘယ်တော့မှမမေ့သင့်သလို အရိပ်လိုခြင်ရင်တော့အရိပ်ဆီသို့သာသွားသင့်သည် တစ်ခြားသူလာရောက်မိုးမပေးဘူးဆိုသောအတွေးလေးတွေနဲ့ ဘ၀မှာ နေနိုင်ရင်တော့ ပြဇာတ်ကောင်းတစ်ပုဒ်မှာတော့ မင်းသားကောင်း မင်းသမီးကောင်းတစ်ယောက်ဖြစ်ပြီး အကယ်ဒမီ ဆု တည်းဟူသော နိဗ္ဗာန်ဆု ကိုတော့ ထူးချွန်းဆု အဖြစ်ရရှိလိမ့်မည်ဆိုတာကတော့ မလွဲပေ။
(ဆက်ရေးပါမည်ဘုရား)
NFL suspends two officials for player incidents
12 hours ago
0 comments:
Post a Comment