ငါးအာရုံ ဘင်အစု ခင်မှုနဲ့ နေ့ကုန်
နင်ယခု မေ့ပုံလို တွေ့မကြုံစတမ်း
ပါယ်လေးဝ သောကဘုံမှာ မျောရရုံရှိတော့ခမန်း
အောက်ဝီစိ သောင်းအငူမှာ ခေါင်းမပြူစတမ်း
နှစ်အရှည် နစ်မည်လမ်းကိုလ နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာ ထင်အလင်းရယ်နဲ့ နင်အဖြင်း ပိုထက်သာပို
ဒီလောဘ စရိုက်အိုကို မလိုက်လို ရှောင်ပြစ်လို့
နောင်အသစ် တကယ်ပြင်လျှင် ကောင်းဘို့အစဉ်
ခွင့်သာတုံးမှ မရုံးချင်လျှင် အရှုံး နင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲ နင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက် နင့်ပြင် ရှိသေးလေလိမ့်လား
Fleming new England Test coach with Root captain
12 minutes ago
0 comments:
Post a Comment