a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }
Showing posts with label ကျန်းမာရေးကဏ္ဍ. Show all posts
Showing posts with label ကျန်းမာရေးကဏ္ဍ. Show all posts

ကင်ဆာရောဂါအတွက်

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်း ဓါတ်စာကို
မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်"။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီ ဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ်။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့
မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြား သိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်းပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသ-က သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ်။

သူဟာ ကင်ဆာဆေး အဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့သတင်း မကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့
အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။``လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။
ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။
သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက
မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့် ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို အစာအိမ် အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နိုင်ခြင်းနှင့် ပါတ်သက်ပြီး အာကိတ တက္ကသိုလ်
ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ-က ပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို
ထိန်းချုပ်စေတဲ့ ဓါတ်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ် ။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။ ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည်။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။ မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ
(လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန် နည်းလမ်းသည် အလွန်ရိုးရှင်းပါသည်။ လူသားတို့ စားသုံးသော သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ
လက်တွေ့အသုံးချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။

e-mail မှ

အသက်ရှည်ဆေး
သ, မ, ထော, ပျား, တောကကျား, သက်ကား ရာကျော်ရှည်လတံ့။

သ-သကြား။
မ-မကျီးနှစ်။
ထော-ထောပတ်။
ပျား-ပျားရည်။
တောကကျား-ဆင်တုန်းမနွယ် အမှုန့်။

ဆတူ ရောသမမွေပြီး မနက်တကြိမ် ညတကြိမ် လဘက်စားဇွန်းစာ စားက ဓာတ်လေးပါးညီညွတ်၍ အသက်ရာကျော် ရှည်မည်။

( ညောင်သုံးပင် ဆရာတော်-မိုးကုတ် )

အပူစာ အအေးစာ နှင့် တိုင်းရင်းဆေး အမြင်
လူတိုင်း နေ့စဉ် စားသုံးနေရသော အစာအာဟာရများအနက် အပူစာဆိုတာ ဘာကိုခေါ်သလဲ၊ အအေးစာဆိုတာ ဘာကိုခေါ်သလဲ၊ အပူစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ အအေးစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ ဘယ်ရာသီမှာ အပူစာ စားသင့်သည်။ ဘယ်ရာသီမှာ အအေးစာ စားသင့်သည် စသည်ဖြင့် လူအများပင် သိထား နားလည်လိုကြပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးသားတင်ပြပါသည်။

အပူစာ အာဟာရများ ( အသား နှင့် ဥများ )
၁။ ကြက်သာ-ကြက်ဥ
၂။ ဆိတ်သား
၃။ နွားသား
၎။ ချေသား
၅။ ယုန်သား
၆။ သမင်သား
၇။ ကြောင်သား
၈။ သိုးသား
၉။ စာကလေးသား-စာကလေးဥ
၁၀။ ဖွတ်သား
၁၁။ ပုတတ်သား
၁၂။ ချိုးသား-ချိုးဥ
၁၃။ ခါသား
၁၄။ ခိုသား-ခိုဥ
၁၅။ ငုံးသား-ငုံးဥ

အပူစာ အသီအရွက်များ
၁။ တမာရွက်
၂။ သင်္ဘောရွက်-ပွင့်၊
၃။ သင်္ဘောသီးအစိမ်း
၎။ကြောင်လျှာသီး-အရွက်
၅။ ပင်စိမ်းရွက်
၆။ ဇီရာရွက်
၇။ နံနံပင်ရွက်
၈။ စပါးလင်
၉။ မဆလာ
၁၀။ ချင်း
၁၁။ ငရုတ်သီးမျိုးစုံ
၁၂။ ငရုတ်ကောင်း
၁၃။ မိဿလင်
၁၄။ နနွင်းစိမ်း
၁၅။ မိုးနှံရွက်
၁၆။ ရဲယိုရွက်-သီး
၁၇။ အုန်းနှဲရွက်
၁၈။ ကြိတ်မှန်ရွက်
၁၉။ ပိုးစာရွက်
၂၀။ ထနှောင်းရွက်
၂၁။ ကြာဟင်းရွက်-ဆူး
၂၂။ ကြက်ဆူရိုးနီရွက်
၂၃။ ဂုံမင်း
၂၄။ သရက်ကင်းဥ
၂၅။ ပတဲကော
၂၆။ ပျဉ်းတော်သိမ်
၂၇။ မလွသီး
၂၈။ ကြက်သွန်ဖြူ
၂၉။ မာလာဖူး
၃၀။ ဒန့်သလွန်သီး-ရွက်
၃၁။ ဥသျှစ်သီး-ရွက်
၃၂။ ဥသျှစ်ကင်း
၃၃။ ပိတ်ချင်းသီး-ရွက်
၃၄။ မြန်မာကုက္ကိုရွက်
၃၅။ ရှောက်ရွက်
၃၆။ ပူစီနန်
၃၇။ မျှစ်
၃၈။ ယင်းပြားရွက်
၃၉။ မျှစ်ချဉ်
၄၀။ တောက်တာဥ
၄၁။ ဆိတ်ဖူး
၄၂။ သက်ရင်းကြီးရွက်
၄၃။ ကြောင်ပန်းရွက်
၄၄။ ဖျောက်ဆိပ်ရွက်
၄၅။ မယားကြီးရွက်
၄၆။ ဂုံခါးရွက်
၄၇။ ခွေးတောက်ရွက်
၄၈။ တောက်တာဖူး
၄၉။ ခံတက်ချဉ်
၅၀။ ဟင်းဂလာချဉ်
၅၁။ စောင်ချမ်း
၅၂။ ပဲကြီး
၅၃။ ကုလားပဲ
၅၄။ ပဲစဉ်းငုံ
၅၅။ ပဲနောက်
၅၆။ အရက်အမျိုးမျိုး
၅၇။ ချင်းသုပ်
၅၈။ ဒူးရင်းသီး-ယို

အသားနှင့်အသီးအရွက်တို့ကို ဖော်ပြပြီးနောက် ငါး ပုဇွန်တို့ကို အပူစာ၊ အအေးစာများအဖြစ် ခွဲခြားပြသရန် လိုပါသည်။ ငါး ပုဇွန်သည် ရေထဲ၌သာနေ၍ ကျက်စားသော သတ္တ၀ါများဖြစ်သဖြင့် အအေးအစာအာဟာရသာ ဖြစ်ပါသည်။ အပူအစာအာဟာရအဖြစ် တိုက်ရိုက်ယူ၍ မရပါ။ သို့ရာတွင် အကြေးရှိသော ငါးနှင့် အကြေးမရှိသော ငါး နှစ်မျိုးအနက် အကြေးရှိသော ငါးသည် အကြေးမရှိသော ငါးလောက် မအေးပါ။

ဥပမာ-အင်္ကျီဝတ်ထားသူနှင့် အင်္ကျီချွတ်ထားသူ နှစ်ဦးတွင် အင်္ကျီချွတ်ထားသူသည် အင်္ကျီဝတ်ထားသူထက် ပို၍အေးသကဲ့သို့ အကြေးရှိသော ငါးသည် အကြေးမရှိသောငါးထက် အအေးသက်သာပါသည်။ အကြေးရှိသော ငါး ပုဇွန်တို့ကို အပူစာ တိုက်ရိုက်မဟုတ်သော်လည်း အပူအစာအာဟာရအဖြစ် ငရုတ်သီး၊ မဆလာ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ ရဲယိုရွက်၊ ဒန့်သလွန်ရွက် စသည်တို့ဖြင့် ရောနှော၍ ချက်ပြုတ်စားသောက်နိုင်ပါက အပူစာအာဟာရကဲ့သို့ အကျိုးသက်ရောက်နိုင်ပါသည်။

အအေးအစာအာဟာရများ ( အသား နှင့် ဥများ )
၁။ ၀က်သား
၂။ ကျွဲသား
၃။ ဘဲငန်းသား
၎။ ရေကြက်
၅။ လိပ်သား
၆။ ဖားသား
၇။ ဗျိုင်း
၈။ စစ္စလီ
၉။ မန်ဒါလီ
၁၀။ ငါးအမျိုးမျိုး
၁၁။ ငါးရှဥ့်
၁၂။ ပုဇွန်အမျိုးမျိုး
၁၃။ ၀မ်းဘဲဥ
၁၄။ လိပ်ဥ
၁၅။ ငါးဥများ
၁၆။ ကိုင်းဥ
၁၇။ အင်ဥ
၁၈။ မြေဥ
၁၉။ ပိန်းဥ
၂၀။ ကန်စွန်းဥ
၂၁။ မှိုဥ
၂၂။ ပဲမြစ်
၂၃။ အာတာလွတ်ဥ
၂၄။ အာလူး
၂၅။ ထန်းမြစ်
၂၆။ မျောက်ဥ
၂၇။ ပြောင်းဖူး
၂၈။ နို့အမျိုးမျိုး
၂၉။ ထောပတ်
၃၀။ မြေပဲ

အအေးစာ အသီးအရွက်များ
၁။ ဘူသီး-ရွက်
၂။ ဖရဲသီး
၃။ ကျောက်ဖရုံသီး
၎။ ရွှေဖရုံသီး
၅။ သခွားသီး
၆။ ရုံးပတီသီး
၇။ ပုံလုံသီ-ရွက်
၈။ အုန်းသီး
၉။ ငှက်ပျော်သီး အမျိုးမျိုး
၁၀။ သရက်သီးမှည့်
၁၁။ မရန်းသီးမှည့်
၁၂။ မင်းကွတ်သီး
၁၃။ ပိန္နဲသီး-နု
၁၄။ ပန်းသီး
၁၅။ ကတွတ်သီး
၁၆။ သင်္ဘောသီးမှည့်
၁၇။ သပြေသီး
၁၈။ သစ်တော်သီး
၁၉။ နာနတ်သီးမှည့်
၂၀။ သီဟိုဠ်သီး
၂၁။ လိမ္မော်သီး
၂၂။ ရှောက်သီး
၂၃။ သံပရာသီး
၂၄။ ကျွဲကောသီး
၂၅။ ရှောက်ချိုသီး
၂၆။ မာလကာသီး
၂၇။ သြဇာသီး
၂၈။ သလဲသီး
၂၉။ ခရမ်းချဉ်သီး
၃၀။ ခရမ်းကဆော့သီး
၃၁။ စောင်းလျားသီး
၃၂။ ဆီးသီး
၃၃။ ဖန်ခါးသီး
၃၄။ ဂွေးသီးမှည့်
၃၅။ နှင်းသီး
၃၆။ သဖန်းသီး
၃၇။ ခ၀ဲသီး
၃၈။ မြို့ပျက်ခရမ်းသီး
၃၉။ ဆီးဖြူသီး
၄၀။ သခွားသီးမွှေး
၄၁။ ထောပတ်သီး
၄၂။ စတော်ဘယ်ရီသီး
၄၃။ ကြက်မောက်သီး
၄၄။ စပျစ်သီး
၄၅။ မက်မန်းသီး
၄၆။ သစ်ကြားသီး
၄၇။ မန်ကျည်းသီးမှည့်
၄၈။ ကနစိုးသီး
၄၉။ သီးသီး
၅၀။ သစ်ဆိမ့်သီး
၅၁။ ကြက်ဟင်းခါးသီး-ရွက်
၅၂။ ကင်းပုံသီး-ရွက်
၅၃။ သပွတ်ခါးသီး
၅၄။ ကြက်သွန်နီ

အအေးစာ အရွက်နှင့် အရည်များ
၁။ ကန်စွန်းရွက်
၂။ မန်ကျည်းရွက်
၃။ သနပ်ရွက်
၎။ သဖန်းရွက်
၅။ ညံရွက်
၆။ လယ်ပတူရွက်
၇။ ပီလောရွက်
၈။ ပြည်ပန်းညိုရွက်
၉။ ကြက်ဟင်းခါးရွက်
၁၀။ ကင်းပုံရွက်
၁၁။ ပုံလုံရွက်
၁၂။ လယ်ဟင်းခါး
၁၃။ ကုလားမျက်စိ
၁၄။ ကန့်ကလာ
၁၅။ ဂန့်ခါး
၁၆။ မုန်ညင်းရွက်
၁၇။ ဆူးလေရွက်
၁၈။ ချဉ်ပေါင်ရွက်
၁၉။ ကင်ပွန်းရွက်
၂၀။ ဘူးရွက်
၂၁။ ရွှေဖရုံရွက်
၂၂။ ကျောက်ဖရုံရွက်
၂၃။ ဆလတ်ရွက်
၂၄။ ဂေါ်ဖီထုပ်
၂၅။ မှိုနတိုချဉ်
၂၆။ ဟင်းနုနယ်ရွက်
၂၇။ ကညွတ်ရွက်
၂၈။ ဇရစ်ရွက်
၂၉။ စားတော်ပဲရွက်
၃၀။ ပဲကတ္တီပါ
၃၁။ ပဲလွန်းရွက်
၃၂။ မြေပဲရွက်
၃၃။ မြင်းခွါရွက်
၃၄။ လက်ဖက်
၃၅။ ကြံ
၃၆။ ကြံရည်
၃၇။ ရေခဲရေ
၃၈။ ပျားရည်

အကျိုးအပြစ်
အပူစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သော အကျိုးတရားများမှာ ၀မ်းမီးကို ကောင်းစေသည်။ အစာကို ကြေစေသည်။ နှုတ်ကို မြိန်စေသည်။ ချွေးကို ထွက်စေသည်။ ပိုးနာ ယားနာ တို့ကို ပျောက်ကင်းစေသည်။ အဆီကို ပြေစေသည်။ သွေးကြော လေကြောတို့ကို ပွင့်စေသည်။ သလိပ်ကို နိုင်စေသည်။

သို့သော် ၄င်းအပူအစာအာဟာရများကို အလွန်အကျွံ စားသောက်ပါက ရေငတ်ရောဂါ၊ အရေပြား၌ အနာအမျိုးမျိုးပေါက်သော ရောဂါ၊ ဆံပင်ကျွတ်ရောဂါ၊ ဆံပင်ဖြူရောဂါ၊ အရေတွန့်ရောဂါ၊ သုက်ခန်းရောဂါ၊ အဖျားရောဂါ၊ မူးဝေသောရောဂါ၊ ပိန်ကျုံသောရောဂါ၊ အသားအရေ ခြောက်ခန်းသောရောဂါ၊ လျှာ နှုတ်ခမ်းကွဲရောဂါ၊ ဆီးပူညောင်းကျသော ရောဂါ၊ မျက်စိဝေ မျက်စိမှုန်ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ နားလေထွက်ရောဂါ၊ နှာခေါင်းသွေးလျှံရောဂါ၊ လည်ချောင်းကွဲ လည်ချောင်းနာရောဂါ၊ နှလုံးခုန် ရင်တုန်ရောဂါ၊ မောဟိုက်သောရောဂါ၊ အသည်းရောင်ရောဂါ၊ အသားဝါရောဂါ၊ အစာအိမ် အပူလောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ မီးယပ်သွေးလွန်ရောဂါ၊ စမြင်းထိုးရောဂါ၊ လိပ်ခေါင်းရောဂါ၊ သွေးဝမ်းရောဂါ စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

အအေးအစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သောအကျိုးတရားများမှာ ခွန်အားကို တိုးပွားစေသည်။ ရသာရည်၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ချဉ်ဆီ၊ သုက် စသည့် ဓာတ်ခုနစ်ပါးတို့ကို တိုးပွားကြီးထွားစေသည်။ နို့ရည်ကို တိုးပွားစေသည်။ ရေငတ်ရောဂါ၊ မူးဝေရောဂါတို့ကို ပျောက်ကင်းစေသည်။ အပူနာရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည်။ ချွေးလွန်သောရောဂါကို ပျောက်ကင်းစေသည်။ ဆီး ၀မ်း လေတို့ကို မှန်စေသည်။

သို့သော် ၄င်းအအေးစာ အာဟာရများကို အလွန်အကျွံ စားသောက်ပါက သလိပ်ပွားသောရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါ၊ သွေးကြော၊ လေကြောတို့၌ အဆီပိတ်သောရောဂါ၊ အဆီတိုးပွားသောရောဂါ၊ အဆုတ်နာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ရောဂါ၊ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက်ရောဂါ၊ ထုံကျဉ်သော ရောဂါ၊ ကိုယ်လက်လေးလံသောရောဂါ၊ သွက်ချာပါဒခေါ်ကိုယ်တခြမ်းသေရောဂါ၊ မီးယပ်သွေးချုပ်ရောဂါ၊ သွေးကျန်ရောဂါ၊ အခိုးပိတ်ချွေးငုပ်ရောဂါ၊ ခေါင်းအုံဇက်လေးရောဂါ၊ ငိုက်မျဉ်းသောရောဂါ စသည်တို့ကို ဖြစ်နိုင်ပါသည်။

အရသာ ၆-ပါး
အပူစာ၊ အအေးစာတို့၏ အမည်သရုပ်နှင့် အကျိုးအပြစ်တို့ကို ဖော်ပြပြီးနောက် ထိုအပူစာ၊ အအေးစာတို့၌ ပါဝင်သော အရသာ ၆-ပါးကို ဆက်လက်ဖော်ပြပါမည်။ ၄င်းတို့မှာ-
၁။ အချို
၂။ အချဉ်
၃။ အငန်
၎။ အစပ်
၅။ အဖန်
၆။ အခါး အားဖြင့် ၆-ပါးဖြစ်ပါသည်။

ထို့အပြင် ရာသီအလိုက်စားရမည့် အစာအာဟာရများမျာ-
၁။ နွေရာသီ၌ အချိုအရသာ ဦးဆောင်သော ထန်းလျက်၊ ထန်းရည်ချို၊ နွားနို့၊ ထောပတ်၊ ပျားရည်၊ ကြက်သား၊ ဆိတ်သား၊ အကြေးရှိသော ငါး၊ ပုဇွန်၊ ကြက်ဥ၊ ငုံးဥ စသည့် အချိုအရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။

၂။ မိုးရာသီ၌ အခါးအရသာ ဦးဆောင်သော ခွေးတောက်ရွက်၊ ရဲယိုရွက်၊ တမာရွက်၊ ငါးရံ့ပတူရွက်၊ ကန့်ကလာ၊ ကြောင်လျှာသီး-ရွက်၊ ကြက်ဟင်းခါးသီး-ရွက်၊ စသည့် အခါးအရသာရှိသော အစာအာဟာရများကို ဦးစားပေး စားသောက်သင့်ပါသည်။

၃။ ဆောင်းရာသီ၌ အချဉ်အရသာ ဦးဆောင်သော ရှောက်သီး၊ သံပရာသီး၊ မတ်ကျည်းသီး၊ ဆီးသီး၊ ကင်ပွန်းချဉ်၊ ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ မရန်းသီး၊ ဖန်ခါးသီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ လိမ္မော်သီး၊ စောင်းလျားသီး၊ သလဲသီး၊ မက်လင်ချဉ်သီး စသည့်အချဉ်အရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။

( ဦးမြတ်ထွန်း-တိုင်းရိုင်းဆေး )
Posted by: mingala at 3:12 PM 0 မှတ်ချက်ရေးပါ
Labels: ကျန်းမာရေး
Tuesday, September 8, 2009
သွေးတိုးရောဂါ အထိရောက်ဆုံး ကာကွယ်ကုသနည်းများ ( ၂ )
( ကုသခြင်း )

သွေးတိုး (၁၅၀/၉၀) အထိ အမြဲရှိသူတိုင်းကို ကုသပေးရန် လိုသည်။ ရောဂါကို ဆေးကုသမှု မခံယူခြင်းကြောင့် ရတတ်သောအန္တရာယ်ကို ဝေဒနာရှင်အား ရှင်းပြဖို့ သင့်သည်။

အဓိကလိုက်နာရမည့် အချမ်းများမှာ-
စီးကရက်သောက်သည့် ဓလေ့ရှိပါက စီးကရက် ဖြတ်လိုက်ပါ။
အလေးချိန် တိုးနေသူ ဖြစ်ပါက အလေးချိန် လျှော့ချပါ။
ဆားကို အလွန်စားသုံးသည့် ဓလေ့ရှိပါက ဆားကို တတ်နိုင်သမျှ လျှော့စားပါ။
အသက်အရွယ်လိုက်ပြီး အောက်ပါမူအရ ဆေးဝါးများကို ဆရာဝန်များ ညွှန်လေ့ရှိပါသည်။

သွေးတိုးရေဂါရှိနေပြီဟု သတ်မှတ်ခံရသူအားလုံးကို ဆေးကုပေးစရာ မလိုသေးပါ။ တလတွင် တကြိမ်ဆိုသလိုသာ စစ်ပေးရန် လိုသည်။ အသက် ၅၀-အောက်၊ သို့မဟုတ် အခြားသွေးတိုးက ဒုက္ခပေးမည့်လက္ခဏာတခုခု ရှိသူများကိုသာ ဆေးကုသပေးရပါမည်။

သွေးပေါင်ချိန် ၁၈၀/၁၁၀၊ ၂၀၀/၁၃၀ အကြားရှိသော လူနာများအား ဆေးဝါးဖြင့် ထိထိရောက်ရောက် ကုသပေးရပါမည်။ သွေးပေါင်ချိန် ၂၀၀/၁၃၀ အထက်ရှိနေသော လူနာကို ချက်ချင်း ဆေးရုံတင်ပေးရပါမည်။ အသက်အန္တရာယ်နီးသောသူဟု သတ်မှတ်ရပါသည်။

( ဆေးဝါးများ )
သွေးတိုးရောဂါသည်ကို ဆေးကုမည်ဆိုလျှင် ဆီးရွှင်သောဆေးများ၊ ဥပမာ Diruton Esidrex စသည် (Lasix မပေးရပါ။ ပြင်းလွန်းသည်။)
Beta Blocker အုပ်စုဝင်ဆေး၊ ဥပမာ-Inderal (propranolol) ဆေးတခုခုကို စပြီး ပေးရပါမည်။
ဒီဆေးတွေနဲ့ မထိမိပါမှ အခြားဆေးများသို့ တက်လှမ်းရပါမည်။

ဆီးရွှင်ဆေးများ၏ စွမ်းပကား-
ဈေးချို၏။ အသုံးကာလကြာခဲ့ပြီး ဖြစ်၏။ ပိုတက်ဆီယမ်ဓာတ် ယုတ်လျော့စေသည်ဆိုပြီး နာမည်မကောင်း ဖြစ်ခဲ့သေး၏။ သို့ရာတွင် ယခုအမြင်က အန္တရာယ်ကင်းပါသည်။ စိတ်ချရပါသည်ဟု ဆိုနေ၏။

B Blockers ဤဆေးအုပ်စု (Proprannolol) များကို အသုံးပြုခြင်းဖြင့် သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်းကို ကာကွယ်ပေးမည့်အပြင် နှလုံးသွေးကြောပိတ်ဆို့ခံရခြင်း ရောဂါကိုပါ အကာအကွယ်ပေးနိုင်မည်ဟု သိရ၏။

( အားကိုးလောက်သည့် ဆေးဝါးသစ်များ )
ယခုအခါ Nifedipine, Verapamil (Calcium Blockers) ဆေးအုပ်စုနှင့် Captopril Enalapril ဆေးများပေါ်ထွန်းလာပြီးဖြစ်သည်။
ဆေးများကို ရောဂါအနည်းအများ အဆင့်အလိုက် အသက်အရွယ်လိုက်ပြီး တဆင့်ပြီးတဆင့် လိုအပ်သလို သုံးစွဲလေ့ရှိပါသည်။ ဆေးအများစုကို ဆရာဝန်များ အညွှန်းဖြင့်သာ သုံးစွဲသင့်ပါသည်။

( အပန်းဖြေအနားယူခြင်း၊ တရားထိုင်ခြင်း )
အပန်းဖြေ အနားယူခန်း၌ ခေတ္တသွားရောက် နေထိုင်ခြင်း၊ ၈-ပတ်မျှကြာအောင် တရားထိုင်ခြင်းတို့ကြောင့် သွေးပေါင်ချိန် ကျနိုင်ကြောင်း အထောက်အထားများ ရှိပါသည်။
အနားယူဖြေလျှော့ခြင်းနည်းများ (Relaxation Methods) ဖြင့်လည်း ဝေဒနာ သက်သာပျောက်ကင်းမှုရနိုင်ကြောင်း ဆေးသိပ္ပံ ပညာရှုင်များ လက်တွေ့လုပ်ဆောင် သိရှိလာကြပြီ ဖြစ်သည်။

အနားယူဖြေလျှော့ခြင်း (Relaxation) သည် သာမန်အနားယူခြင်း (Rest) နှင့် မတူညီပေ။ အနားယူ ဖြေလျှော့နည်းပေါင်း များစွာရှိသည်။ အခြေခံအားဖြင့် အတူတူ ဖြစ်ကြပါသည်။ စနစ်တကျ ပြလုပ်လေ့ကျင့်မှသာ စစ်မှန်သောအနားယူ ဖြေလျှော့ခြင်းကို ရရှိမည် ဖြစ်သည်။ ခန္ဓာကိုယ်အား သဘာဝကျကျ အနားပေးခြင်းဖြင့် ခန္ဓာကိုယ်၌ မှီတွယ်တည်ရှိနေသော စိတ်ကိုလည်း အနားပေးခြင်းဖြင့် စိတ်ကြောင့်ဖြစ်ပေါ်နေသော ခန္ဓာကိုယ်ကြွက်သားများ တင်းခြင်း၊ တောင့်ခြင်းများအားလည်း ဖြေလျှော့ပေးနိုင်လာမည်ဖြစ်သည်။

ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ခန္ဓာကိုယ်နှင့် စိတ် နှစ်မျိုးစလုံး ကျန်းမာရေးအတွက် အနားယူဖြေလျှော့ခြင်း ပြုလုပ်ပေးရန် လိုအပ်ပေသည်။ အနားယူ ဖြေလျှော့ပေးခြင်းဖြင့် ကျန်းမာရေးအကျိုးတရားတခုသာ မဟုတ်မူဘဲ အခြားသောအကျိုးတရားများလည်း ပူးတွဲရရှိလာနိုင်သည်ဖြစ်၏။
ဥပမာ-ပျော်ရွှင်ခြင်း၊ အကြံသစ် ဉာဏ်သစ်များ ထွက်ပေါ်လာခြင်း၊ အပင်ပန်းခံနိုင်ခြင်းများ ဖြစ်ကြလေသည်။ ထို့ပြင် ခန္ဓာကိုယ်အနေအထားနှင့် အပြုအမူဆိုင်ရာမှားယွင်းမှုများ၊ ချွတ်ယွင်းမှုများကိုလည်း အမှန်သို့ရောက်အောင် ပြုပြင်လာနိုင်မည်ဖြစ်သည်။

ဝသောသူများကို ခန္ဓာကိုယ် အလေးချိန် လျှော့စေခြင်းဖြင့် တော်ရုံတန်ရုံ သွေးတိုးရောဂါကို လုံးဝပျောက်ကွယ်သည်အထိ အကျိုးရနိုင်ပါသည်။

( အထွေထွေရောဂါကု ကျန်းမာရေးလုပ်သားများ၏ တာဝန် )
ယခုခေတ်တွင် ကူးစက်ရောဂါများပြီးလျှင် နှလုံး လေဖြတ်နှင့် ပတ်သက်သောရောဂါများသည် အဓိက လူသေစေသောရောဂါစု ဖြစ်၏။ ဤရောဂါများ ဖြစ်စေသည့် အကြောင်းများတွင် သွေးတိုးရောဂါ အခံရှိခြင်းသည် အဓိကအချက်တခု ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးလုပ်သားများသည် မိမိတာဝန်ယူရသော ဒေသ၊ ဥပမာ-ကျေးရွာ၊ တိုက်နယ်၊ စက်ရုံ၊ အလုပ်ရုံ စသည်မှ အသက် ၃၀-အထက် လူအားလုံးကို အခွင့်အရေး ပေါ်တိုင်း သွေးပေါင်ချိန်တိုင်းပေးရန် လိုသည်။
( ဥပမာ-ကမ္ဘာ့ကျန်းမာရေးနေ့၊ ပြည်ထောင်စုနေ့ အခမ်းအနား စသည်။ )

မြို့နယ်ဆေးရုံများကဲ့သို့ ဆေးရုံမျိုးတွင် သွေးတိုးရောဂါသည်များကို တရက် သတ်သတ် မှတ်မှတ် ဆေးခန်းဖွင့်ပေးနိုင်လျှင် ပိုပြီးကောင်း၏။ သူနာပြု ဆရာမတဦးကို ကောင်းစွာလေ့ကျင့်ပေးပြီး သွေးတိုးတိုင်းပေးခြင်း၊ ဆေးဝေငှပေးခြင်း၊ ၀ယ်သင့်သည်ကို ၀ယ်စေခြင်း၊ ဆေးလိပ်မသောက်ရန်၊ ဆေးခန်းမှန်မှန် လာရန်၊ သွေးတိုးရောဂါကို ကုသမှု မပြုပါက ရနိုင်သော အန္တရာယ် စသည်တို့ကို ရှင်းလင်းဖော်ပြသင့်ပါသည်။

အထူးသဖြင့် အောက်ပါလူမမာများကို အထူးကု သမားတော်ကြီးများဖြင့် မလွဲမသွေ စစ်ဆေးပေးရပါမည်။
၁။ သွေးတိုး အလွန်အမင်း မြင့်မားနေသူများ။
မျက်လုံးအတွင်း၌ သွေးယိုနေသည့်လက္ခဏာ ရှိသူများ။
၂။ သွေးတိုးရောဂါ ကုဆေးများဖြင့် ကုသပေးနေပါလျက် ရောဂါမသက်သာသူများ။
၃။ အသက် ၃၀-အောက်လူနာများ။
၎။ ချွေးအလွန်အမင်းထွက်ခြင်း စသည့် ထူးခြားသော လက္ခဏာရှိသူများ။
၅။ ဆီးထဲ၌ ပရိုတင်းဓာတ်၊ ဆီးထဲ၌ သကြားဓာတ်နှင့် သွေးထဲ၌ အပြောင်းအလဲရှိသူများ။

( ဆရာဝန် တင်ရွှေ )

( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇန်န၀ါရီလ )

မှတ်ချက်။
၁၉၉၈-ခု ဒီဇင်ဘာလထုတ် မြတ်မင်္ဂလာ မဂ္ဂဇင်း မော်လူးထံ မရှိပါသဖြင့် သွေးတိုးရောဂါ အထိရောက်ဆုံး ကာကွယ်ကုသနည်းများ ( ၁ ) ကို မတင်ပြနိုင်သေးပါ။ တွေ့ရှိသည့်အခါ တင်ပြပါမည်။

မေတ္တာဖြင့်
မော်လူး
Posted by: mingala at 6:30 PM 0 မှတ်ချက်ရေးပါ
Labels: ကျန်းမာရေး
Monday, August 24, 2009
ရုတ်တရက်လေဖြတ်ခံရသောလူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကုသနည်း
(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ
ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး
လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော
ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့်သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃) လူနာပါးစပ်ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့်ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ့နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

(၄) ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ပျောက်ကင်းသက်သာစေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြုလိုက်ပါသည်။
တရုတ်ပြည်မှပေးပို့သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။

( ခင်ဝါ Email-မှ )
Posted by: mingala at 8:45 PM 0 မှတ်ချက်ရေးပါ
Labels: ကျန်းမာရေး
Sunday, July 26, 2009
Swine Flu : Influenza A ( H1N1 ) Pandemic အကြောင်း သိကောင်းစရာများ
မေး။ Swine Flu ဆိုတာ ဘာလဲ?
ဖြေ။ ရာသီအလိုက် တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ်ကွေး၊ စသည်ဖြင့် တုပ်ကွေးရောဂါ အမျိုးမျိုးရှိရာ ယခုဖြစ်ပေါ်နေသော Swine Flu ကပ်ရောဂါသည် ယခင်တုပ်ကွေးရောဂါများနှင့် မတူပဲ မြောက်အမေရိက ၀က်တုပ်ကွေး၊ မြောက်အမေရိက ကြက်ငှက်တုပ်ကွေး၊ ရာသီအလိုက် လူတုပ်ကွေးနှင့် အာရှ-ဥရောပ ၀က်တုပ်ကွေးတို့ ပေါင်းစပ်ထားသော New Influenza A ( H1N1 ) ဗိုင်းရပ်စ် အသစ်ဖြစ်သည်။

လူမှလူသို့ လျှင်မြန်စွာ ကူးစက်လျက်ရှိရာ နိုင်ငံ ၇၀-ကျော်တွင် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( Word Health Organization ) က Pandemic အဆင့် ၆-အဖြစ် ၂၀၀၉-ခု ဇွန်လ ၁၁-ရက်နေ့တွင် ကြေငြာခဲ့သည်။

မေး။ Swine Flu ဘယ်လို ကူးစက်နိုင်သလဲ
ဖြေ။ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ပါတယ်။ လူနာ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် တိုက်ရိုက်သော်၎င်း။ လူနာ၏ ချွဲ သလိပ် ခန္ဓာကိုယ်အရည် အသုံးအဆောင်ပစ္စည်းများကို ကိုယ်တွယ် ထိတွေ့ခြင်းမှသော်၎င်း ကူးစက်နိုင်ပါသည်။

မေး။ Swine Flu ကပ်ရောဂါ၏လက္ခဏာများက ဘာလဲ
ဖြေ။ ယေဘုယျအားဖြင့် ရာသီအလိုက် တုပ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူပါသည်။
အဖျားရှိခြင်း။ ( ကိုယ်ပူချိန် ၃၈-ဒီဂရီ စင်တီဂရိတ်အထက် ရှိခြင်း )
နှာရည်ယိုခြင်း၊ နှာချေခြင်း။
ချောင်းဆိုးခြင်း၊ ချောင်းအလွန်ဆိုးပြီး မောခြင်း။
လည်ချောင်း နာခြင်း။
ကိုယ်လက် ကိုက်ခဲခြင်း။
ခေါင်းကိုက်ခြင်း။
အသက်ရှူ ကြပ်ခြင်း။
အစားအသောက် ပျက်ခြင်း။
ဂဏာမငြိမ် ဖြစ်ခြင်း။
တခါတရံ ပျို့အန်ခြင်း။
ဝမ်းသွားခြင်း။
သတိလစ်ခြင်း။

မေး။ သာမန် တုပ်ကွေးရောဂါနှင့် ယခု Swine Flu ကပ်ရောဂါ ဘယ်လိုခွဲခြား သိနိုင်သလဲ
ဖြေ။ သာမန်အားဖြင့် ရောဂါလက္ခဏာချင်း ဆင်တူဖြစ်ပါသည်။
ရာသီအလိုက် တုပ်ကွေးရောဂါသည် ရာသီအလိုက် မကြာခဏဖြစ်ပွားသဖြင့် လူများတွင် ကိုယ်ခံစွမ်းအား အတိုင်းအတာတခုအထိ ရှိနေပါသည်။

Swine Flu ကပ်ရောဂါသည် ဗိုင်းရပ်စ်ပိုးအသစ် ဖြစ်သောကြောင့် မည်သူ့တွင်မျှ ကိုယ်ခံစွမ်းအား မရှိပါ။ ထို့ကြောင့် ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပြီး အသက်အရွယ်မရွေး လူအားလုံးတွင် ဖြစ်ပွားနိုင်ကာ ကလေးများ ၊ အသက်အရွယ် ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံစွမ်းအား ကျဆင်းသူများတွင် အသက်ဆုံးရှုံးမှု များပြားနိုင်ပါသည်။
ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့်သာ ရောဂါ ခွဲခြား သိရှိနိုင်ပါသည်။

မေး။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံမည်မျှသို့ Swine Flu ကပ်ရောဂါ ပြန့်နှံ့နေပါသလဲ
ဖြေ။ ၂၀၀၉-ခုနှစ် ဇွန်လ ၁၁-ရက်နေ့အထိ WHO မှ ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၇၄-နိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်မှု စစ်ဆေးအတည်ပြုချက်အရ ၂၈၇၇၄-ဦး ရောဂါဖြစ်ပွားခဲ့ပြီး ၁၄၄-ဦး သေဆုံးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၀၉-ခုနှစ် ဇွန်လ ၂၇-ရက်နေ့မှစပြီး ဖြစ်ပွားသူ ၂-ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မေး။ ယခင်ကဖြစ်ပွားခဲ့သော ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါများကို သိပါသလား
ဖြေ။ Spanish Flu-၁၉၁၈-၂၀ လူ သန်းပေါင်း၅၀-သေဆုံးသည်။
Asian Flu-၁၉၅၇-၅၈ လူ ၂-သန်း သေဆုံးသည်။
Hong Kong Flu ၁၉၆၈-၆၉ လူ ၁-သန်း သေဆုံးသည်။

မေး။ Swine Flu ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ရန် လိုက်နာရမည့်အချက်များကဘာလဲ
ဖြေ။ တကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြု ဆောင်ရွက်ခြင်း။
နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း။
လက်ကို ဆပ်ဖြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း။ အကြိမ်ကြိမ်ဆေးကြောခြင်း။
ကောင်းစွာ အိပ်စက်အနားယူခြင်း။
အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း။
ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း။
လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း။
လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။
အရက် လွန်ကဲစွာသောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း။
ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများမှ ၆-ပေအကွာတွင် နေထိုင်ခြင်း။
ရောဂါ မကူးစက်စေရန် နှာခေါင်းနှင့်ပါးစပ်ကို လုံအောင်ဖုံးအုပ်သည့် Surgical Mask ကို အသုံးပြုခြင်း။
ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။

မေး။ စာသင်ကျောင်း, လုပ်ငန်းခွင်, ဟိုတယ်များတွင် ရောဂါမဖြစ်ပွားစေရန် မည်သို့နေထိုင်ဆောင်ရွက်သင့်သနည်း
ဖြေ။ အဆောက်အဦးများ လေ၀င်လေထွက် ကောင်းအောင် ဆောင်ရွက်ခြင်း။
ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဆောင်ရွက်ခြင်း။
အမှိုက်နှင့် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်း။
လူ့အသုံးအဆောင်ပစ္စည်းများ၊ လှေကား၊ ဓာတ်လှေကား၊ နံရံများနှင့် ရုံးတွင်းပရိဘောဂများကို တနေ့ ၂-ကြိမ် မှ ၃-ကြိမ် ပိုးသန့်စင်ခြင်း။
စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်များတွင် နေထိုင်ဆောင်ရွက်သူများအားလုံး၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုခြင်း။

မေး။ Swine Flu ရောဂါ၏ ကာကွယ်ဆေး ရှိပါသလား
ဖြေ။ ကာကွယ်ဆေး ထုတ်လုပ်ရန် ရောဂါစတင်ဖြစ်ပွားချိန်မှ ကာကွယ်ဆေးရသည့် အချိန်အထိ အနည်းဆုံး ၃-၄ လ ကြာနိုင်ပြီး စက်မှုဖွံ့ဖြိုးပြီးသော နိုင်ငံကြီးများတွင် အများဆုံး ထုတ်လုပ်နိုင်သော်လည်း ကမ္ဘာ့လူဦးရေ အားလုံးအတွက် မလုံလောက်နိုင်ပါ။

မေး။ ရောဂါဖြစ်ပွားလျှင် ကုသနိုင်သည့်ဆေး ရှိပါသလား
ဖြေ။ Tamiflu ( Osaltamivir ) နှင့် Relenza ( Zanamivir ) ဆေး ၂-မျိုးသည် Swine Flu ရောဂါပိုးကို ကုသနိုင်စွမ်း ရှိကြောင်း အထောက်အထား ရှိပါသည်။ ရောဂါစတင်ဖြစ်ပွားချိန်မှ ၄၈-နာရီအတွင်း သုံးစွဲပါက ပိုမိုထိရောက်မှု ရှိပါသည်။

မေး။ Swine Flu ကပ်ရောဂါဖြစ်သူသည် မည်သို့နေထိုင်ရမည်နည်း
ဖြေ။ မိမိကျန်းမာရေး အမြန်ကောင်းမွန်လာစေရန်နှင့် အခြားသူများသို့ မကူးစက်စေရန်အတွက် စတင်ဖျားသည့်နေ့မှ ( ၁၀ ) ရက်အထိ ဖျားနာသူနှင့် ဖျားနာသူအား အနီးကပ်စောင့်ရှောက်သူသည် Surgical Mask တပ်ဆင်ထားရမည်။
မိမိအိမ်တွင် နေထိုင်ရမည်။
ရုံး၊ ကျောင်း၊ လုပ်ငန်းခွင်များနှင့် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရမည်။
နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါ အသုံးပြုရမည်။ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးရမည်။
အာဟာရဖြစ်သော အစားအစာများစားရန် နှင့် အရည်များများ သောက်ရမည်။
လူနာအတွက် သီးသန့်နေထိုင်ရန် နေရာရှိပါက လေကောင်းလေသန့် ရအောင် ဆောင်ရွက်ရမည်။
ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်။
အသုံးပြုပြီးသော လူနာအသုံးအဆောင်ပစ္စည်းများကို ၀.၅ ရာခိုင်နှုန်း Bleach ဖြင့် မိနစ် ၃၀-စိမ်ထားရမည်။ သို့မဟုတ် ရေနွေးဖြင့် ပြုတ်လျှော်ရမည်။
လူနာပြုစုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်။ ဖြစ်နိုင်လျှင် အရက်ပြန် (Alcoho Rub ) ကို အသုံးပြုနိုင်သည်။

မေး။ ဘယ်အချိန်မှာ လက်ကို ဆပ်ပြာဖြင့် ဆေးကြောသင့်သလဲ
ဖြေ။ နှာချေချောင်းဆိုးပြီးချိန်။
အလုပ်နှင့် ပြင်ပမှ ပြန်လာချိန်။
လူနာကို ပြုစုပြီးချိန်။
လူနာအသုံးအဆောင် ပစ္စည်းများကို ကိုင်တွယ်ပြီးချိန်။
အစာမစားမီ နှင့် စားပြီးချိန်။

မေး။ Surgical Mask ဘယ်လိုအသုံးပြုမလဲ
ဖြေ။ ပါးစပ်နှင့် နှာခေါင်း အားလုံးလုံခြုံအောင် တပ်ဆင်ရမည်။ Surgical Mask တပ်ဆင်ထားချိန်တွင် Surgical Mask ပြင်ပတွင် ပိုးမွှးများ တွယ်ကပ်နိုင်သဖြင့် လက်ဖြင့် ကိုယ်တွယ်ခြင်းကို ရှောင်ရမည်။
Surgical Mask စိုထိုင်းလာလျှင် ပိုးမွှားများ လွယ်ကူစွာတွယ်ကပ်နိုင်သဖြင့် အသစ်လဲလှယ် တပ်ဆင်ရမည်။
တခါသုံး Surgical Mask များကို ပိုးသန့်စင်ပြီး စနစ်တကျ စွန့်ပစ်ရမည်။
ပြန်လည်အသုံးပြုနိုင်သော Surgical Mask များကို ပိုးသန့်စင်ပြီး သေချာစွာလျှော်ဖွပ်ပြီးမှ အသုံးပြုရမည်။
Surgical Mask အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်.။ အရက်ပြန် ( Alcohol Rub ) အသုံးပြုနိုင်သည်။


ကမ္ဘာသူ ကမ္ဘာသား အားလုံး Swine Flu ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဆရာဝန်တဦး။
Posted by: mingala at 5:21 PM 0 မှတ်ချက်ရေးပါ
Labels: ကျန်းမာရေး
Friday, July 3, 2009
ထူးဆန်းထွေလာ လေရောဂါ ( ၂ )
လေနှင့်ပတ်သက်သမျှ ရောဂါတို့ကို ပြည့်စုံအောင် ထုတ်နုတ်ပြဆိုပါဆိုလျှင် စာဖွဲ့၍ပင် ကုန်အံ့မထင်။ သို့သော် ထူးခြားချက်မှာ လေ-ဆိုသော လေ-ကိုကား ခေတ်သစ်ဆေးသိပ္ပံ ပညာဆိုင်ရာ ကိရိယာ တန်ဆာပလာ အဖုံဖုံနှင့် အနည်းနည်း ရှာဖွေငြားသော်လည်း မည်မည်ရရ တွေ့မည်မဟုတ်ပါချေ။

ကြောင်းကျိုးတရားကို နှီးနှီးနွယ်နွယ် ဆက်စပ်လေ့ရှိပြီး အတွေ့အကြုံလည်းများ၊ ကုထုံးလည်း ကျွမ်းကျင် လိမ္မာပါးနပ်ကြကုန်သော ရှေးဆရာမြတ်တို့ကမူ ( ၀ါယော မပိုင်-ဆေးမကိုင်နှင့် )-ဟူ၍ပင် မိန့်မှာခဲ့ကြပါသည်။
မှန်ပါ၏-ကျေးဇူးရှင် နရသုခိကျမ်းပြု ဆရာကြီးကမူ များပြားလှစွာသော (၀ါယောဓာတ်) ၏ အကျိုးအပြစ်တို့ကို အသီးတရာ အညှာတခု ဆိုသည့်စကားနှင့်အညီ အောက်ပါ အချက် ၄-ချက်ဖြင့် သိမ်းကျုံး၍ တင်ပြလိုက်သည်မှာ ကြည်ညိုဖွယ် ကျေးဇူးတင်ဖွယ် ကောင်းလှပါ၏။

(၁) သုခကာရီ (၂) ဉာဏ်သညီနှင့် (၃) ၀စီစကား (၄) လှုပ်ရှားစေမှု၊ ၀ါယောပြု၏။ ဟု ဆိုပါသည်။
အဓိပ္ပါယ်အကျဉ်းမျှ ဖော်ပြပါမည်။
(၁) ၀ါယောဓာတ်သည် ချမ်းသာခြင်းကို ပြုစေ၏။
(၂) မှတ်သားမှု အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေ၏။
(၃) လူ့လောက၏ အရေးအပါဆုံး ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် စကားကို ပီသ ကြည်လင် ပြတ်သားစွာ ပြောဆိုစေနိုင်၏။
(၄) ခန္ဓာကိုယ်၏ အတွင်း-အပြင် အင်္ဂါကြီးငယ်မှန်သမျှကို အလိုရှိသလောက် အလိုရှိတိုင်း လှုပ်ရှားစေနိုင်၏။ အကျိုးကို ပြီးစေနိုင်၏။

အကယ်၍သာ ထိုလေသည် ပုံမှန်အကျိုးမပြုသောအခါ-
(၁) ဖောက်ပြန်သော ၀ါယောဓာတ်ကြောင့် ချမ်းသာကင်းမှု၊ စိတ်ဆင်းရဲဖွယ် အစုစုတို့ ထုနှင့်ထည်နှင့် လာပေတော့မည်။
ဥပမာ-လေဖြတ်ရောဂါ ခံစားရသူ တဦးဦးကို စဉ်းစားကြည့်လျှင် ပီပြင်စွာ သိမြင်နိုင်ပေမည်။

(၂) မှတ်သားမှုအသိဉာဏ် ချို့တဲ့သောအခါ အလွန်မေ့လျော့သော ရောဂါ၊ ဦးနှောက်မကောင်းသော ရောဂါ၊ စိတ်မမှန်၊ စိတ်ဓာတ်ကျရောဂါ၊ ဉာဏ်ထုံထိုင်းပြီး လူရာမ၀င်သည့် ရောဂါမျိုးစုံ ဖြစ်စေတတ်ပါ၏။

(၃) စကားကို ပီသ၊ ကြည်လင်၊ ပြတ်သားစွာ၊ အသံထွက် မပြောနိုင်သောအခါ လူ့လောကကြီး၏ ဆက်သွယ်ရေးလမ်းကြောင်း အလွန်ကျဉ်းမြောင်းသွားပေတော့၏။
ဥပမာ-
ရက်ပိုင်း၊ အချိန်တိုမျှ အသံဝင်နေလျှင်ပင် မည်သို့ဆိုးကျိုးများ ဖြစ်စေသည်ကို ဆင်ခြင်ကြည့်လျှင် ရှင်းရှင်းသိနိုင်ပါ၏။

(၄) ခန္ဓာကိုယ် အတွင်းအပြင် လှုပ်ရှားသည့်လေ ချို့ယွင်းပျက်စီးလေသောအခါ ယခုခေတ် အဖြစ်များလွန်းလှသည့် ကြောက်မက်ဖွယ် အသည်းရောဂါမျိုးစုံ၊ နှလုံးရောဂါ အဖုံဖုံ၊ ကျောက်ကပ်ရောဂါ အသွယ်သွယ်၊ အဆုတ်ရောဂါ အထွေထွေနှင့်တကွ လာလတံ့သော ရောဂါဆန်းများ၏ ခြိမ်းခြောက်မှုကို လက်မြှောက် ဒူးထောက်၍ပင် အညံ့ခံရချေဦးမည်။

စား-၀တ်-နေရေး အသုံးစရိတ်ထက်ပင် ပို၍ မြင့်တက်လာနေသော ကျန်းမာရေး ယိုဖိတ်စရိတ်နှင့် လုံးချာလည်ကာ မျက်နှာငယ်ရချေဦးမည်။
လေမစုံလျှင်-ငွေကုန်၏-ဟုဆိုသော ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာရှင်တို့၏ စကားရပ်ကို ဂါထာပေး တေးဖြစ် ဆိုသကဲ့သို့ ပေါ့ပေါ့ဆဆ မယူဆသင့်ပါ။ မမြင်သင့်၊ မတွေးသင့်ပါ။

အို-မိတ်ဆွေ ကျယ်ဝန်းလှသည့် လေအကြောင်းကို တနွယ်ငင် တစင်ပါ-ဆိုဘိသကဲ့သို့ တချက်တည်းဖြင့် ပြည့်စုံအောင်ပြောပါဆိုလျှင် သင်၏ခန္ဓာပေါ်တွင် ဓာတ်အရောင် (န၀င်းရောင်) တခုတည်းဖြင့် တိတိကျကျ သိသာထင်ရှားနိုင်ပါ၏။ ထိုအရောင်ကား-အ၀ါရောင်-ပင် ဖြစ်ပါတော့၏။

သင်၏ခန္ဓာကိုယ်တွင် ဤသို့ မျက်လုံးဝါသည်ဖြစ်စေ၊
အသားအရေ ၀ါသည်ဖြစ်စေ၊
ဆီးအရောင် ၀ါရင့်သည် ဖြစ်စေ၊
လျှာအရောင် ၀ါဖန့်နေသည်ဖြစ်စေ၊
သလိပ်ရောင် ၀ါဖျော့သည်ဖြစ်စေ၊
နှပ်အရောင် ၀ါသည်ဖြစ်စေ၊
အတွင်းခံ အ၀တ်အထည်များ အ၀ါရင့်ရောင် စွန်းထင်းကျန်သည်ဖြစ်စေ တမျိုးမျိုး လျွှမ်းမိုးလာပြီဆိုလျှင် ထူးဆန်းထွေလာ လေရောဂါ ကျရောက်တော့မည်ကို ( ကတ်ဝါ )-ပြခံထားရသော အားကစားသမားတဦးကဲ့သို့ အထူးသတိထားရတော့မည့် အခြေအနေဟု အလေးအနက် သဘောပေါက် နားလည်ရပါမည်။

အောက်ပါအကြံပြုချက်များကို အတတ်နိုင်ဆုံး လက်မနှေးစတမ်း လက်တွေ့ကျကျ ဆောင်ရွက်ပါက ကာကွယ်မှုရော ကုသမှုအတွက်ပါ (နှစ်ဖက်လှ) ထိရောက်ပါလိမ့်မည်။ ယနေ့မှ စတင်လိုက်နာကြည့်ပါ။ ၁၂-ရက်မျှအတွင်း ပြောမယုံ ကြုံဖူးမှ သိပါလိမ့်မည်။ အမှန်တကယ် အကျိုးထူးလျှင် ရက် ၁၂၀-ခန့် တိတိကျကျ ဆက်လက်လိုက်နာကျင့်သုံးပါ။ ကျန်းမာရေး အာမခံချက်တရပ် လက်ဝယ်ရရှိကြောင်း သင်ကိုယ်တိုင် အားရကျေနပ်လာပါလိမ့်မည်။ လက်တွေ့မှ ယုံပါသည်ဆိုလျှင် ယခုကစပြီး စမ်းကြည့်လိုက်စမ်းပါ။

(၁) စက္ခုဒွါရ (မျက်စိ) ဖြင့် အိပ်ရာမှ နှိုးလျှင်နှိုးခြင်း အ၀ါရောင်တခုခုကို အာရုံပြုကြည့်ပါ။
ဥပမာ-မျက်နှာသုတ်ပုဝါ၊ လိုက်ကာ၊ ဘုရားပန်း၊ စားပွဲခင်း-စသည်။

(၂) သောတဒွါရ (နား) ဖြင့် သာယာနှစ်လိုဖွယ် အသံ၊ ကြေးနီ၊ ကြေးဝါတို့မှ ထွက်သောအသံ တမျိုးမျိုးကို အာရုံပြု နားထောင်ပါ။
ဥပမာ-မိမိနှစ်သက် ကြည်ညိုရာ ဆရာတော်တပါးပါး၏ တရားသံ၊ တေးသံရှင်များ၏ တေးသီချင်းသံ၊ ကြေးစည်၊ ကြေးမောင်းသံ စသည်။

(၃) ဃာနဒွါရ (နှာခေါင်း) ဖြင့် နံနက် အိပ်ရာထ တကြိမ်၊ အိပ်ရာဝင် တကြိမ် လေကောင်းလေသန့်ရသည့်နေရာတွင် အသက်ကို ပြင်းပြင်းရှည်ရှည် ၀၀လင်လင် ၇-မိနစ်မှ ၁၀-မိနစ်ခန့် ရှူပါ။
(ရေတိမ်တွင် နစ်နေသူကို သူတပါး ကယ်တင်နိုင်ပါ၏။ သို့သော် လေတိမ်နစ်သူကို မိမိမှတပါး မည်သူမျှ မကယ်တင်နိုင်ပါ။ လေတိမ်နစ်သူ မဖြစ်ရလေအောင် မှန်မှန်ကျင့်ကြည့်စမ်းပါ။ )

(
ဆက်လက်ဖတ်ရှုရန်.....

ဦးနှောက်နှင့်ကင်ဆာကျန်းမာရေး

I hope you do not eat preserved food a lot.
Please take care.
Buddha said,
"To keep the body in good health is a duty... otherwise we shall not be able to keep our mind strong and clear. "
With best regards,


BRAIN DAMAGING HABITS



1. No Breakfast
People who do not take breakfast are going to have a lower blood sugar level. This leads to an insufficient supply of nutrients to the brain causing brain degeneration.

2 . Overeating=2 0
It causes hardening of the brain arteries, leading to a decrease in mental power.

3. Smoking
It causes multiple brain shrinkage and may lead to Alzheimer disease.

4. High Sugar consumption
Too much sugar will interrupt the absorption of proteins and nutrients causing malnutrition and may interfere with brain development.

5. Air Pollution
The brain is the largest oxygen consumer in our 20 body. Inhaling polluted air decreases the supply of oxygen to the brain, bringing about a decrease in brain efficiency.

6 . Sleep Deprivation
Sleep allows our brain to rest.. Long term deprivation from sleep will accelerate the death of brain cells..

7. Head covered while sleeping
Sleeping with the head covered increases the concentration of carbon dioxide and decrease concentration of oxygen that may lead to brain damaging effects.

8. Working your brain during illness
Working hard or studying with sickness may lead to a decrease in effectiveness of the brain as well as damage the brain.

9. Lacking in stimulating thoughts
Thinking is the best way to train our brain, lacking in brain stimulation thoughts may cause brain shrinkage.

10. Talking Rarely
Intellectual conversations will promote the efficiency of the brain





The main causes of liver damage are:



1. Sleeping too late and waking up too late are main cause.

2. Not urinating in the morning.

3 . Too much eating.

4. Skipping breakfast.

5. Consuming too much medication.

6. Consuming too much preservatives, additives, food coloring, and artificial sweetener.

7. Consuming unhealthy cooking oil.
As much as possible reduce cooking oil use when frying, which includes even the best cooking oils like olive oil. Do not consume fried foods when you are tired, except if the body is20very fit.

8. Consuming raw (overly done) foods also add to the burden of liver.
Veggies should be eaten raw or cooked 3-5 parts. Fried veggies should be finished in one sitting, do not store.

We should prevent this without necessarily spending more. We just have to adopt a good daily lifestyle and eating habits. Maintaining good eating habits and time condition are very important for our bodies to absorb and get rid of unnecessary chemicals according to 'schedule.'





The top five cancer-causing foods are:


1.. Hot Dogs



Because they are high in nitrates, the Cancer Prevention Coalition advises that children eat no more than 12 hot dogs a month. If you can't live without hot dogs, buy those made without sodium nitrate.




2. Processed meats and Bacon



Also high in the same sodium nitrates found in hot dogs, bacon, and other processed meats raise the risk of heart disease. The saturated fat in bacon also contributes to cancer.




3. Doughnuts



Doughnuts are cancer-causing double trouble. First, they are made with white flour, sugar, and hydrogenated oils, then fried at high temperatures. Doughnuts, says Adams , may be the worst food you can possibly eat to raise your risk of cancer.




4. French fries



Like doughnuts, French fries are made with hydrogenated oils and then fried at high temperatures. They also contain cancer- causing acryl amides which occur during the frying process. They should be called cancer fries, not French fries, said Adams .





5. Chips, crackers, and cookies



All are usually made with white flour and sugar. Even the ones whose labels claim to be free of trans-fats generally contain small amounts of trans-fats.








PASS THIS TO ALL WHOM YOU LOVE & CARE FOR. ............ .. ...

HAVE A PLEASANT DAY !
copy from my friend's mail.
thanks
ဆက်လက်ဖတ်ရှုရန်.....
May you be highly effective person in the world.