a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

တန်းဘိုးမဖြတ်နိုင်သော အရာကို ဆုံးရှုံးခြင်း

အားကိုးစရာရှိလျှင် အားကိုးတတ်တာသဘာဝတရားပင်ဖြစ်သည်။အားကိုးထိုက်သည်ဖြစ်စေ အားကိုးလို့

ရသည်ဖြစ်စေ အားကိုးကြသည်သာ၊မြတ်စွာဘုရားသည်ပင် သံဃာကို အားကိုးသည်၊ကျွန်ုပ်တို့ဆိုလျှင် ဆိုဖွယ်

ရာမရှိပေ၊အခုတော့ကျွန်ုပ်ကိုယ်တိုင် အားကိုးသောသံဃာတစ်ပါးကိုဆုံးရှုံးရမည်သိလျှက် ကျွန်ုပ်ထိုသတင်းကို

မကြားချင်ပါ၊ ကျွန်ုပ်အားကိုးသောလို့ဆိုသောအားဖြင့်မိမိကိုယ်ကို အမွမ်းတင်ပြီးသောခြင်းမဟုတ်ပါ၊ကျန်သော ရဟန်းသံဃာများလဲအားကိုးသည်သာဖြစ်ပါသည်။

ဆုံးရှုံးရမည်ကိုသိလျှက်ဆိုရာမှာ ကျွန်ုပ်သည် ဆရာတော်၏ကျန်းမာရေးကိုသိထားပြီးဖြစ်သောကြောင့်ပင်

ဖြစ်ပါသည်။

နားသည် သောတအာရုံကိုကောင်းကောင်းတမ်းတသည်မှာအမှန်ပင်။ထိုကောင်းသောသဒ္ဒါအသံကို

ကျွန်ုပ်လည်းကြားခြင်သည်။သို့သော် ဆန္ဒသည်သဘာဝတရားနှင့်မကိုက်ညီတော့ပါ၊

ဆောင်းရာသီ ဘန်ကောက်မှာ မအေးဘူးလို့သူငယ်ချင်းတွေပြောကြသောကြောင့် မထင်မှတ်ခဲ့သော

အရာသည် အယုဒ္ဓယမှာတော့အေးလိုက်သည့်ဖြစ်ခြင်း၊အေးအေးချမ်းချမ်းနဲ့ ကျွန်ုပ်လမ်းလျှောက်နေသော

အချိန်မှာပင်ဖုန်းသံမည်လာလေသည်၊ကျွန်ုပ်ထင်သည်မှာအတန်းတက်ဘို့ခေါ်ဟုပင်ထင်သည် အခုတော့

ထင်သည်နှင့်တခြား ဆရာတော်ပျံလွန်တော်မူသွားပြီးဟ သူငယ်ချင်းတစ်ပါးရဲ့အသံကို ကြားလိုက်ရသောအခါ ကျွန်ုပ်အနည်းအငယ် ထိန့်လန့်သွားမိသည်မှာအမှန်ပင်၊ ဘာကြောင့်ထိန့်လန့်ရသနည်းဆိုသည်မှာ ဆရာတော်သည် အားငယ်နေသော သံဃာ

နှင့် တပည့်ဒါယကာ+ဒါယိကာမ တို့ရဲ့အတွက်အားကိုးရသောဆရာပင်ဖြစ်သည်။

အားကိုးထိုက်သည်မှာလည်းအမှန်ပင်ဖြစ်ပါသည်၊ဆရာတော်သည် အသက်ကိုပင် အလေးမထား တရားဟောခြင်းဖြင့် သာသနာအတွက် မြန်မာတိုင်ရင်းသားများအားလုံးအတွက်သာမက ယူနိုင်သောသူ

တို့အတွက်အားကိုးရသည်မှာ အမှန်ပင်။

စာရေးသူ ကြားနာဖူးသော ဆရာတော်၏ တရားတော်များသည် တကယ်ပင်မှတ်လောက်ပေသည်

မီးလောက်ပြင်မှာပွင့်သောပန်း၊ သွေးနဲ့ရေးတဲ့သာသနာ၊ အမေ့နိုးဘိုးမကျေငါမသေဘူး၊တရားတော်များ

သည်၊ ဗုဒ္ဓဘာသာဝင် အားလုံးတို့ နာယူသင့်သောတရားပင်ဖြစ်ပါသည်၊ ကျန်သောတရားဒေသနာတို့

သည်လည်း နာယူသင့်သည်သာ၊ သိသာထင်သာ အောင်ဖော်ပြရခြင်းဖြစ်ပါသည်။

အကျဉ်းအားဖြင့် ဆိုရလျှင် စာရေးသူတို့ သံဃာထုတရပ်လုံးအတွက် တပည့်ဒါယကာ+ဒါယိကာမများ အတွက် ဆရာတော်ကို ဆုံးရှုံရခြင်းသည် တန်ဘိုးမဖြတ်နိုင်သော ပြည်တန်ပတ္တမြား ကို

ဆုံးရှုံးရသည်ဟုပင် ဆိုပါရစေတော့၊ အစားထိုးလို့မရသောအရာပင်ဖြစ်ပေသည်။

0 comments:

Post a Comment

May you be highly effective person in the world.