a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

ကျွန်ုပ်နှင့် မောင်တာတေ

တစ်နေ့သတွင် ကျွန်ုပ်နေထိုင်သီတင်းသုံးရာအရပ်သို့ ကျောင်းသားတစ်ယောက်ရောက်ရှိ
လာလေသည်။ထိုကျောင်းသာ၏ နာမည်သည် မောင်တာတေဟုခေါ်လေသည်။ထိုကျောင်း
သည် မဟုတ်မခံ စိတ်ဓာတ်ရှိလေသည်ဟု ရွာသားများက ကြိုတင်လျှောက်ထားပြီးသားဖြစ်
သောကြောင့် ထိုကျောင်းသားရဲ့ အနေအထားကိုကောင်းကောင်းသိပြီးသားပင်ဖြစ်သည်၊
သူသည် အမြဲတမ်းမကျေနပ်လျှင် ကျွန်ုပ်အထံသို့ အမြဲတမ်းလာရောက်ရင်ဖွင့်လေ့ရှိသည်
အမှန်ကို အမှား၊ အမှားကိုအမှန် ဖြစ်သောအရာကို သူဘယ်တော့မှမနှစ်သက်ပေ မနှစ်သက်
သည့်အလျှောက်လုပ်လေ့ရှိသည်၊မရသည့်အဆုံး ကျွန်ုပ်အထံသို့လာရောက်လေ့ရှိသည်
မှာလည်းအမြဲတမ်းလိုလိုပင်၊ ကျွန်ုပ်သည်ကား တစ်ခြားတော့မဟုတ်ပေ မကြီးပွါးရွာတွင်
လက်ထောက်အနေဖြင့်နေထိုင်နေသော အခန်းနေ ဆရာတော်တပါးပင်ဖြစ်ပါသည်။
ရပ်ရွာသာရေးနားရေးတွင် ဆရာတော်ကြီးနှင့်အတူပင်စွမ်းအားရှိသလောက်လုပ်ကိုင်ရသည်
ကလေးသူငယ်များကို စာပေသင်ပေးရသည်။တာဝန်အရသော်လည်းကောင်း ၀ါသနာအရပင်
သော်လည်းကောင်း မိမိစာသင်ကြားမှုမှာပင်ပျော်မွေ့နေတတ်ပါသည်။
နိုင်ငံရေးကိုတော့ မတောက်တစ်ခေါက်တော့ဝါသနာပါသည်ဟုအမှန်ပင်ဝန်ခံပါရစေ
မောင်တာတေကလည်း ကျွန်ုပ်ကဲ့သို့ပင် တစ်ခါတစ်ရံ သူနှင့်နိုင်ငံရေးအကြောင်းပြောလိုက်
ရင် ဆွမ်းစားဘို့ပင်မေ့တတ်သည်မှာ ခဏခဏပင်။
မောင်တာတေသည် အစကတော့ကျွန်ုပ်ကို ဘုန်းကြီးဖြစ်လျှက် နိုင်ငံရေးလုပ်ရလေးသ
လားဆိုပြီး အမြင်ကပ်နေသည်ဟု သူ့ရင်ထဲက စကားကိုအမှန်ပင်ဖွင့်ဟဖူးလေသည်။
ကျွန်ုပ်လည်းစိတ်မဆိုးမိပါဘူး၊နောက်တော့လည်းနိုင်ငံရေးဆိုတာနိုင်ငံရဲ့အရေးမဟုတ်ဘူး နိုင်ငံပေါ်မှာ နေထိုင်တဲ့လူတွေရဲ့အရေးလို့ ကျွန်ုပ်ပြောလိုက်သောစကားကြောင့်သူကျွန်ုပ်ကို
အမြင်ရှင်းသွားရလေသည်လားတော့မသိတော့ သူကိုယ်တိုင်ပင် ကျွန်ုပ်အားစတင်ပြောလေ့
ရှိသည်။
စားစရာလည်းမပူရ ၀တ်စရာလည်းမပူရပါဘဲ ဘာကြောင့် နိုင်ငံရေးမှာဝင်ချင်ရတာလဲ
မေးသောမောင်တာတေ ရဲ့စကားကို စားစရာမပူအောင် ၊၀တ်စရာမပူရအောင်လုပ်ပေးနေတာ
က ပြည်သူကွ သူတို့က ငါတို့အတွက် ဘာမှမလှုဘူးဟ ကျွန်ုပ်ဖြေသောစကားကိုကြားသော
အခါ အော် ဒါလဲ ဟုတ်တာပဲဟုအမှန်ကိုထောက်ခံဘူးလေသည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်နှင့်မောင်တာတေကတော့ ဆရာဒါယကာဖြစ်နေသည်ကတော့
အမှန်ပင်ဖြစ်သည်။
ယနေ့လည်းဘာကိုမကျေနပ်လို့လည်းမသိ ကျွန်ုပ်အထံသို့ ဒေါနှင့်မောနှင့် လာနေသော
မောင်တာတေကို ကြည့်ကာအကြောင်းအရာထူးတော့ရှိတော့မည်ဟုမိမိကိုယ်ကို မှတ်ချက်
ချမိလေသည်။
မိမိအနီးအနား အရောက်မှာတော့ မလျှောက်ချင်တော့ပါဘူးဘုရားဟုပင် စကားကိုအစချီ
လာလေသည်။မိမိသဘောပေါက်မိလေသည် မပြောချင်တော့ပါဘူးဆိုသောသူဟာ ပြောတော့မှာအမှန်ဖြစ်နေတာမို့--
ကဲ မောင်တာတေ စကားအစချီမနေနဲ့တော့မင်းဘာလျှောက်ချင်လည်း ငါ့ကိုပြောစမ်းပါလို့လဲပြောလိုက်ရော--
တပည့်တော်မလျှောက်ထားခင် ဒါလေးကိုဖတ်ကြည့်လိုက်ပါ့လားဘုရားဟု လျှောက်ထားကာ သူလက်ထဲမှာ အသင့်ယူဆောင်ထားသော စာရွက်ကို ကျွန်ုပ်အားပေးလေသည် မိမိလည်းအလျှင်အမြန်ဖတ်လိုက်သောအခါ အောက်ပါစာသားများကိုဖတ်လိုက်ရလေသည်။
ယနေ့ တရားသူကြီးမောင်တာတေမှ စီရင်ချက်ချမည် အားလုံးသောနှစ်ဖက်ရှေ့နေတွေရဲ့လျှောက်ထားချက်များရဲ့အမှုအသွား အမှုလာများကိုသေချာစီစစ်လိုက်သောအခါ တရားခံ မောင်သန်ရွှေ နှင့် အပေါင်းအပါးအားလုံးတို့တွင် ပြစ်မှုထင်ရှာပါသဖြင့် အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၁၀ နှစ်ကျခံစေရမည်။
နောက်ထပ်အမှုတွဲများဖြစ်သော တရားမ၀င် ငွေကိုင်ဆောင်မှုအတွက် (၃)နှစ် အီလက်ထရောနစ် ဥပဒေ အရ (၃၅)နှစ် တရားမ၀င်ကားစီးမှုဖြင့်(၉)နှစ်၊ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ(၁၈)နှစ်၊ စည်ပင်သာယာဥပဒေအရ (၆)နှစ်၊ယာဉ်စည်းကမ်းထိန်းသိမ်းရေးဥပဒေအရ (၈)နှစ်၊ သာသာနာတော်ညှိုးနွမ်းမှု ဥပဒေအရ (၃)နှစ် ငွေလိမ်မှုဖြင့်(၁၅)နှစ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့်သေဒဏ်၊သတင်းမီဒီယာဥပဒေ
အရ (၃၀)၊ပုံနှိပ်ဥပဒေ ဖြင့်(၃၈)နှစ်၊ အသင်းအဖွဲ့ဥပဒေဖြင့်(၁၈)နှစ်၊ ရုပ်မြင်သံကြားဥပဒေဖြင့်(၂၀)နှစ် အသီးသီကျခံရမည်ဖြစ်ကြောင့် ကြပ်ပြေးတရားရုံးမှ အမိန့်တော်ချမှတ်လိုက်သည်။
ဒီအမှုနှင့် ပတ်သတ်သော အယူခံအား ကမ္ဘာတည်သ၍ျ အယူခံကိုလက်ခံမည် မဟုတ်ကြောင်း ပြစ်ဒဏ်များအား လျှော့ပေါ့ရက်မရှိခံယူရမည်ဖြစ်ကြောင်းထပ်ဆင့်အမိန့်တော်ဖြင့်လိုက်နာစေရမည်။
မိမိလည်းစာဖတ်ပြီး မောင်တာတေ မင်းဟာကလဲကွာ မင်းကိုယ်တိုင် တရားသူကြီးပါ့လား
မင်းကဘယ်လောက်တတ်လို့ တရားသူကြီးလုပ်ပြီးအပြစ်ပေးရတာလဲဟ“
ဆရာတော်မသိပါဘူး ဒီလူတွေကလည်း ဘာမှမသိဘဲနဲ့ကိုလုပ်ချင်တိုင်းလုပ်နေကြတာ
ဘုရား“
သူတို့အားလုံးကတော့ စည်းမရှိကမ်းမရှိ နိုင်ငံတော်ရဲ့ဘဏ္ဍာကို လုပ်ချင်တိုင်းလုပ်နေကြပြီး သူတို့တွေကျတောဘာဥပဒေမှ မရှိဘဲလုပ်နေတာတော့လွန်ရာမကျဘူးလားဆရာတော်ဘုရား ဘာမှမဖြစ်လောက်တဲ့အမှုလေးတွေကို အမှုကြီးဖြစ်အောင်လုပ်ပြီး သူတို့လုပ်တဲ့အမှုကြီးကြတော့ဘာမှမဟုတ်သလိုနေနေကြတာတော့ လွန်ရာမကျဘူးလားဘုရား ----
သူလည်းဝမ်းနည်းသံပါပါနဲ့ပြောနေပုံထောက်ရင်တော့အမှန်ပင် သူခံစားနေရမည်ဟုမိမိအမှန်ပင် သိလိုက်ပါပြီ။
မောင်တာတေ မင်းဘာကိုခံစားနေရတာလဲကွာ ငါ့ကိုပြောပါဟ မင်းဘာမကျေနပ်တာလဲပြောပါ လို့မိမိပြောလိုက်တာနက်တစ်ပြိုင်းတည်း
သူထုံးစံအတိုင်း လက်ဟန်ခြေဟန်နဲ့ အားနဲ့မာန်နဲ့ပဲ ဆရာတော်ရယ် အီလက်ထရောနစ်ဥပဒေ ပုဒ်မတပ်ပြီးထောင်ဒဏ်နှစ်ချီချ လိုက်တာတော့ဘုရား မတရားလွန်းလို့ပါ သူတို့ကြ လျှပ်စစ်အားလုံးထိုင်နိုင်ငံမှာ ထုတ်ရောင်းစားနေတာကြတော့ဘာဥပဒေမှမရှိတော့ဘူးလားဘုရား
အော် မင်းကလည်း မင်းဆိုတာမျိုးက သူကိုယ်တိုင်းဥပဒေလိုက်နာတယ်ဆိုတာဒီဘက်ခေတ် ဒို့ နိုင်ငံတော်မှာ မရှိတော့ဘူးကွ မင်းမှတ်ထားပေတော့။
ထိုအခါ မောင်တာတေလည်း လုပ်ချင်သလိုသာ လုပ်ကြတော့ ငါတို့ကတော့ မငတ်ရအောင်ဘဲ အလုပ်လုပ်နေတော့မယ်ဟု ဆိုကာ အရိုအသေပြုကာ ပြန်သွားလေတော့သတည်း။

0 comments:

Post a Comment

May you be highly effective person in the world.