a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

ဂုဏ်တော်(၉)ပါး အနက်အဓိပ္ပါယ်

၁။ အရဟံ
ကိလေသာမှန်သမျှ ကင်းစင်တော်မူသော၊ ဆိတ်ကွယ်ရာ အရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော၊ လူမင်းနတ်မင်းဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
သိစရာ တရားအလုံးစုံကို ဆရာမရှိ ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင် တော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၎။ သုဂတော
ကောင်းသောစကားကို ဆိုတော်မူသော ၊ ကောင်းသောနိဗ္ဗာန်သို့ကြွလှမ်းတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟူသော လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
ဆိုဆုံးမထိုက်သောသတ္တ၀ါတို့ကို အတုမရှိဆုံးမတော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဒီအချက်တွေက မူရင်းအဓိပ္ပါယ်တွေပေါ့ . . .
ဒီအဓိပ္ပါယ်တွေကို အခုလို ပေါင်းစပ်ကြည့်တဲ့အခါ ပိုပြီး လေးနက်၊ ကြည်ညိုဖွယ်ရာ၊ လိုက်နာ ကျင့်သုံးဖွယ်ရာ ဖြစ်လာတာ တွေ့ရပါမယ်။

၁+၈
ကိလေသာ မှန်သမျှ ကင်းစင်သော ၊ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှုမှန်သမျှ ပြုတော်မမူသော ၊သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၊ သူတစ်ပါးတို့လည်းသိအောင် ဟောကြားတော်မူသောကြောင့် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့နှင့်တကွ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂+၇
သိစရာတရားအလုံးစုံကို ဆရာမရှိကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသောကြောင့် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ကိုးကွယ်အားထားရာ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား။
၃+၆
အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသောကြောင့် ဆိုဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမနိုင်တော်မူသော မြတ်စွာဘုရား။
၎+၅
လောကသုံးပါးကို သိမြင်တော်မူသောကြောင့် ကောင်းသောစကားကို ဆိုတော်မူသော၊ ကောင်းသောနိဗ္ဗာန်သို့ ကြွလှမ်းတော်မူသော မြတ်စွာဘုရား။

1 comments:

Unknown said...

နည်းနည်းကျယ်ကျယ်လေးတင်ပေးပါ ဘာကိုကြည်ညိုရမှာလဲ ဘာလဲ အသိ ဘာလဲ အကျင့် ၁၂၃၄ တော့သိပါတယ် ကျန်တာတော့မသိဘူး နားမလည်ဘူး အခြေခံကျကျလေး တင်ပေးပါ ဘုရား တရား သံဃာ ဂုဏ်တော်တွေ ကို သကြာသ လို ကိုယ့်ပါးစပ်ကထွက် တဲ့ စကား ကိုယ်နားမလည် ရယ်ရတယ် abcd မတတ်ဘဲ တက္ကသိုလ် ရောက်သလိုပဲ

Post a Comment

May you be highly effective person in the world.