a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

ဦးနှောက်ကိုအမှိုက်တောင်းမလုပ်ကြပါနဲ့

မြန်မာတို့ရဲ့ နေ့စဉ်ပြောကြ စကားထဲမှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဆိုတာကလည်း အလွန်နေရာယူလာတယ်နော်။ ဒီစကားလေးက လူယုတ် လူညံ့ လူနုန်တွေ ကြောင်းကျိုးဆီလျော်မှု ရှိ မရှိဆိုတာကို ကိုယ်ပိုင် ဉာဏ်သုံးပြီး မဆုံးဖြတ်တဲ့သူတွေကို ကဲ့ရဲ့ ရှုပ်ချကြတဲ့ စကားလေးပါ။

အခုလည်း ကြည့်လေ ကိုယ့်ပေါင်ကိုလှန်ထောင်း ၊ မတော်ရာကို လှစ်ပြနေတဲ့သူကိုတော့ တွေရပြန်ပါပြီ။ သူငယ်ချင်းတစ်ယောက်က ဒီဝဒ်ဆိုက်လေးကို ဖတ်ကြည့်စမ်းပါ ဆိုပြီး အသိပေးလာတာနဲ့ ဘာအကြောင်းရာများပါလိမ့်လို့ ဖတ်ကြည့်မယ်ဆိုပြီး ဖွင့်ကြည့်လိုက်ပါတယ်။ ၄င်းဝဒ်ဆိုက်က ဗုဒ္ဓဘာသာကို အပြင်းတိုက်ခိုက်ဖို့ ရည်ရွယ်လုပ်ဆောင်ထားတဲ့ ၀ဒ်ဆိုက်တစ်ခုပါ။ အဲဒီမှာ ပဌဆုံး ခေါင်းစဉ် ဖတ်လိုက်တာနဲ့ ရှေ့ဆက်ဖတ်လိုတဲ့ စိတ်မရှိတော့ပါဘူး။ ဟုတ်တယ်လေ။ စာတစ်ပုဒ်ကို ဖတ်တယ်ဆိုမှတော့ အသိမြင်ကျယ်ဖို့ အမှား အမှန်ကို သိဖို့ အကြောင်းအရာကို နားလည်ဖို့ ဖတ်ကြတာကိုး။ အကျိုးမရှိတဲ့ စာတစ်ပုဒ်ကို ဖတ်နေလို့ ရတနာ ရွှေကြုတ်ထဲ အမှိုက်တွေ ပုံထည့်နေသလိုဖြစ်နေမှာပေါ့။ လူရဲ့ ဦးနှောက်ဆိုတာက ကောင်းတဲ့ အကြံဉာဏ် အသိမြင် ဗဟုသုတတွေ လူပတ်ဝန်းကျင်ကို အကျိုးပြုစေမယ့် စာပေတွေ အတွေးအမြင်တွေ စုရမယ့် နေရာလေ။ ဒီလို ရတနာထည့်တဲ့ ရွှေကြုပ်နဲ့တူတဲ့ ဦးနှောက်ထဲ အကျိုးမရှိတဲ့ အမှိုက်တွေ သွားထည့်နေလို့ မတန်မရာ ဆိုတာထက် ရွှေကြုပ် ညစ်ပတ်တာပေါ့နော်။ အမှိုက်ဆိုတာ သူရှိတဲ့ နေရာသာမက သဘာဝ ပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းစေတယ်လေ။

စာရေးသူဘာကြောင့် ခေါင်းစီးလေးတစ်ခုကို ဖတ်ကြည့်ရုံနဲ့ ဒီစာကို ဆက်မဖတ်ချင်တာလဲ ဆိုတာ အောက်မှာ သူပေးထားတဲ့ ခေါင်းစဉ်လေးကိုပဲ ကြည့်လေ။

မေးခွန်းလေး ဆယ်ခုတည်းပါ စာရေးသူကိုယ်တိုင် နိဗ္ဗာန်ကို စိတ်ဝင်းစားနေတယ် (ဘယ်ညာအပါး ငါးရာဆိုလို့ပါ)

သူက နိဗ္ဗာန်ကို စိတ်ဝင်စားတယ်တဲ့ ၊ အကြောင်းကတော့ ဘယ် ညာ အပါးငါးရာ ဆိုတာကြောင့် လို့ ဆိုထားပါတယ်။ တစ်ခုခုကို ရယူလိုတဲ့အတွက် ရရှိနိုင်တဲ့ နေရာကို သွားတာ မသွားတာ ကတော့ သူကိစ္စပါ။ အဲဒီအတွက် ဘာမှ မပြောလိုပါဘူး။ သူကိုယ်သူ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိတာပေါ့။ ဒါပေမယ့် အဲဒီမှာ ပြောချင်တာတစ်ခုက ဘယ်ညာ အပါးငါးရာ ဆိုတဲ့စကားလေ။ အဲဒီကတည်းက ၄င်းစာကိုရေးတဲ့သူရဲ့ အဆင့်အတန်းကို မှန်းဆကြည့်ရင် သိမြင်နိုင်ပြီလေ။ ကျွန်တော့အနေနဲ့ မိဘ မျိုးရိုးအစဉ်ဆက်က ဗုဒ္ဓဘာသာကို ကိုးကွယ်လာခဲ့ကြသလို ကျွန်တော်ကိုယ်တိုင်ကလည်း စာတတ်အကျော် ဆရာတော်ကြီးတွေရဲ့ တရားတွေကို မကြာခဏ နာကြားဖူးပါတယ်။ နိဗ္ဗာန်ဆိုတဲ့နေရာမှာ ဘယ်ညာ အပါးငါးရာ (သူဆိုလိုချင်တာက တဖက်ကို နတ်သမိးလေးတွေ ငါးရာဆိုတဲ့ စကာကို ရည်ညွှန်းထားပုံပေါ်ပါတယ်) ဆိုတာ တစ်ခါမှ မကြားနာဖူးပါဘူး။ အဲဒီကတည်း က ဒီစာကို ရေးတဲ့ ပုဂ္ဂိုလ်ဟာ အကြောင်းအရာတစ်ခုကို ဘာမှ တိတိကျကျသိတာမဟုတ်ပဲ လေဖမ်း ဒန်းစီ ဖြီးဖျန်းနေတဲ့ သူဆိုတာထင်ရှားပါတယ်။ ဒီလိုလူ ရေးတဲ့ စာမျိုးကို ဖတ်နေရင် ဦးနှောက်ညစ်နွမ်းတာပဲ ပိုပါတယ်။ အပိုက်ပုံကမှ ရှာတတ်ရင် သုံးစွဲလို့ရတဲ့ ပစ္စည်းတွေ ထွက်လာပါလိမ့်အုံးမယ်။

သခင်က အစာကျွေးဖို့ ခေါ်လို့ ခေါ်မှန်းမသိ အသံ ကြားရုံနဲ့ ခေါင်းထောင်မကြည့်ပဲ ထဟောင်တတ်တဲ့ လမ်းဘေးက ခွေးဝဲစား အဆင့်ရှိတဲ့ သူရဲ့ စာကို ဖတ်နေလို့ အချိန်ကုန်လူပမ်းးတာပဲ ရှိတော့မယ်ပေါ့။ ဒါကြောင့် စာဖတ်သူတို့ရေ “ခွေးကိုရန်မူ ရိုက်သောသူ ရိုက်သူလဲ ခွေး ခွေးလဲ ခွေး” တဲ့ မှတ်ထားကြနော် ။ ဘာမှ တုန့်ပြန်မနေကြပါနဲ့။ သူခဗျာ လမ်းဘေးမှာ အိပ်လက်စနဲ့ ဆက်အိပ်ပါစေ။ သူ တရေးနိုးလို့ ထဟောင်တာတွေကို ဘာမှ အရေးမစိုက်ကြနဲ့နော်။ ဒါက သူတို့ရဲ့ သဘာဝလို့သာ ဦးနှောက်ထဲ ထည့်ထားလိုက်ကြပေတော့။


သခင်နွယ်

0 comments:

Post a Comment

May you be highly effective person in the world.