သမိုင်းပြက္ခဒိန်ထဲက
စုတ်ဖြဲခဲ့တဲ့နေ့ရက်တွေ
အစားထိုးနေရာယူ
ယုတ်မာကောက်ကျစ်
ဆိုးညစ်ပေကျံ
လူမဆန် အာဏာစွဲ
ဆိုးဝါးတဲ့ သမိုင်းရေး
ဒါဟာ----- စစ်တပ်အရေးတဲ့လား
မျက်နှာထူ မျက်နှာပါး
ကော်လံဖား အခွင့်ထူးစံ
ံပြည်သူထံ ဆပ်ကြေးသဘော
လာဘ်ပေးယူ သွေးခွဲ
စည်းလုံးမှုအင်းအား
ဒါဟာ စစ်တပ်အရေးတဲ့လား
အာဏာပိုင်လျှင် ဥပဒေမဆိုင်
အာဏာမရှိ ဥပဒေသိပေါ့
အပြစ်မသင့် ပြစ်မှုသင့်မည်
ပုဒ်မအများ ပြည်သူအတွက်
ရမ်းကားဆိုးညစ် သူတို့တွေမှာ
အပြစ်ကမရှိ ဥပဒေမသိတဲ့
ဒါဟာ စစ်တပ်အရေးတဲ့လား
အမျိုးကိုဖျက် ဘာသာဖျက်
တပ်တွက်အာဏာ
ခိုင်မြဲမာဘို့
သူတို့ကြံဆ
၂၀၁၀ ရွေးကောက်
စည်းဖေါက်လို့ ကျင်းပမယ်
ဘယ်သူတွေ ဘာပြောကြမလဲ-------------------။
ဝေးကြ ဒီမိုကရေစီ
ဆင်းရဲကြ ဒို့ တိုင်းပြည်----။
Maguire signs one-year contract at Man Utd
1 hour ago
0 comments:
Post a Comment