a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

ကိုကျော်သူအတွက်-ဆုတံဆိပ်


ဖိတ်စာမရလို့
သိက္ခာမကျပါဘူး
အကယ်ဒမီရွှေတံဆိပ်
ရင်ဝယ်မှာသိပ်လို့
ငါ-----ကျော်သူ
အကယ်ဒမီ-ကျော်သူ
အနုပညာရှင်-ကျော်သူ
ပြည်သူ့ရှေ့မှောက်
ထိုးဖောက်နေစရာမလိုပါဘူး
ကျန်ရစ်သူ ငါတို့
ထားခဲ့သူအများလူ
များဗိုလ်လူသောင်းသောင်းက
ရင်ခွင်မှာ ချွေသိပ်
စိတ်အစဉ် အသည်းဘ၀င်မှာတော့
ပြည်သူအချစ်တော်-ကျော်သူ
အကယ်ဒမီ-ကျော်သူ
အနုပညာရှင်-ကျော်သူလို့
အားကိုးသောစိတ်
လေးစားသောစိတ်တွေနဲ့
ဖျောက်ဖျက်လို့မရ
လုယူလို့မရ
လိမ်လည်လို့မရသော
အမှတ်တံဆိပ်ခတ်နှိပ်ပြီးသားပါ
၂၀၀၈+၂၀၀၉ဆိုတဲ့
ဘ၀ဇာတ်လမ်းတစ်ပုဒ်မှာ
မာနတွေခ၀ါချလို့
ဘုန်းကြီးပျံအသုဘ
သူဋ္ဌေးတွေအသုဘ
ဆင်းရဲသူအသုဘ
လမ်းဘေးကအသုဘ
လူမျိုးမခြား
ဘာသာမခြား
ဘ၀အဖုံဖုံ လူမျိုးစုံ
ရုပ်ကလာပ်အပုပ်ကို
နေပူကျဲကျဲ မိုးပဲရွာရွာ
ပုပ်စော်နံ့မမှု့
ရှိသမျှအားမာန်ထူး
ဖေးမလို့ကူညီ
ဘ၀သံသရာမှာ
ကုသိုလ်ထုတ်တဲ့
အလှုဇာတ်မှာ
ပြီပြင်အောင် သရုပ်ဆောင်ခဲ့တာမို့
ရွှေစင်ရုပ်ထု အဖိုးမတန်
ကျော်သူ့အတွက် မထိုက်တန်ပါဘူး
အကယ်ဒမီ စိန်ရုပ်ထု
အကယ်ဒမီ ပတ္တမြာရုပ်ထု
အကယ်ဒမီ ရတနာကိုးပါးစီရုပ်ထု
ကမ္ဘာမှာ မပေးဘူးတဲ့
ထူးချွန်ဆုရုပ်ထုတွေနဲ့
မိသားစု အားလုံး
စားမကုန်
သောက်မကုန်
ဘုန်းဘုန်းတို့
ပြည်သူတို့မေတ္တာအထုံးတို့ဖြင့်
ကျန်းမာစေကြောင်း
ချမ်းသာစေကြောင်း
ဆုမွန်တောင်းကာ
ပေးအပ်လိုက်သည်
သက်တော်ရှည်လို့
အများအကျိုးသည်ပိုးနိုင်ပါစေ။
...

0 comments:

Post a Comment

May you be highly effective person in the world.