a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }
Showing posts with label ကဗျာကဏ္ဍ. Show all posts
Showing posts with label ကဗျာကဏ္ဍ. Show all posts

အလွမ်းငှက်

အမေ့အိမ်နဲ့ဝေးတဲ့နေရာဆိုတာ
လုံခြုံနွေးထွေးမှု
ကင်းမဲ့တတ်မှန်းသိပေမဲ့
ပညာရှာဖို့ခဏတော့
ဒီအသိုက်နဲ့ခွဲရဦးမှာပဲ
ဒါပေမဲ့-----
အဲဒီခဏဆိုတဲ့စကားလေးကိုပဲ
အကြိမ်ကြိမ်မျိုချရင်း
အမေ့ကိုလွမ်းနေခဲ့တာ
အခု(၂၀)နှစ်တောင်
ရှိသွားပြီး-----။
အမေဆိုတဲ့အဓိပ္ပါယ်ကို
နားမလည်နိုင်သေးခင်
အသိုက်ထဲကထုတ်ပယ်ခံရတဲ့
ငှက်တစ်ကောင်ရဲ့ဘ၀ဟာ
ဘာတွေနဲ့အစားထိုးပြီး
ဘယ်အရပ်ဒေသမှာ
ပျော်ရွှင်နိုင်မှာတဲ့လဲ
ဒုက္ခနဲ့တစ်ခါကြုံတိုင်း
အမေ့ရဲ့လက်ကို တစ်ခါကိုင်ပါရစေ
ဝမ်းနည်းမှုတွေနဲ့တစ်ကြိမ်ကြုံတိုင်း
အမေ့ရဲ့အားပေးစကားကို တစ်ကြိမ်းကြားပါရစေ
မောပန်းမှုတွေရှိခဲ့လေတိုင်း
အမေ့ရင်ခွင်ထဲ ခိုနားပါရစေ
လူတိုင်းက
သိန်းထီပေါက်ဖို့ဆုတောင်းနေချိန်မှာ
သားကတော့
အမေ့ရဲ့နွေးထွေးအားပေးမှုကိုပဲ
တောင့်တနေခဲ့တယ်
အသိုက်နဲ့ဝေးတဲ့ဘ၀ဖော်တွေရဲ့
ပူဆွေးလွမ်းမောမှုတွေကို
နှစ်သိမ့်ပေးချင်ပေမဲ့
သားကိုယ်တိုင်ကလည်း
ငိုကြွေးနေခဲ့တာ။
အသိုက်ထဲပြန်ဝင်ဖို့ကြိုးစားတိုင်
လိုအပ်မှုတွေက
တားဆီတတ်လွန်းလို့
အမြဲတမ်းလိုအပ်နေတဲ့လောကကြီးကိုလည်း
စိတ်နာချင်တယ်။
သက္ကရာဇ်တွေစားသုံးပြီး
၃၃နှစ်ထဲရောက်လာတဲ့အချိန်မှာ
ရင့်ကျက်ပြီးလို့ထင်ခဲ့ပေမဲ့
တကယ်တမ်းတော့
အမေ့ကိုလွမ်းတဲ့စိတ်ကြောင့်
အိပ်ပျော်ဖို့တောင်
မစွမ်းဆောင်နိုင်ပါဘူး အမေရယ်။
ဘယ်အချိန်ဘယ်ကာလမှ
ပြည့်ဝမယ်မှန်းမသိတဲ့
ရည်မှန်းချက် ဆိုတာကြီးကို
ခေါင်းရွက်ပြိး
အမေ့ရဲ့နွေးထွေးမှုမရှိတဲ့အရပ်မှာ
ဘယ်လောက်ကြာအောင်
ဝမ်းနည်းအထီးကျန်မှုတွေနဲ့
ပေါင်းသင်းနေရဦးမှာလဲ
ဟို--- တချိန်က
ကောင်းကင်းကြီး
အထီးမကျန်စေချင်တဲ့ဆန္ဒနဲ့
ကြယ်ကလေးတွေမကြွေဖို့ ဆုတောင်းပေးခဲ့တဲ့သားအတွက်
အခု ဘယ်သူတွေ ဆုတောင်းပေးကြမှာလဲ
အမေရယ်
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျတဲ့ဘ၀မှာ
ဖြစ်ချင်တာတွေ
ဖြစ်ခွင့်မရခဲ့ပေမဲ့
ရည်မှန်းချက်တွေပြည့်စုံအောင်
ကြိုးစားရင်း
အသက်ရှင်နေသမျှတော့
မျှော်လင့်ချက်တွေကို တောင်ပံတပ်လို့
အမေရှိရာအရပ်ကို
အမြဲတမ်း ပျံသန်းဖို့
ကြိုးစားနေမှာပါ အမေရယ်။
ဆက်လက်ဖတ်ရှုရန်.....

ဘ၀စိတ်ကူး

ဖြစ်ချင်သောဆန္ဒ
လုပ်ချင်သောစိတ်ကူး
အင်းအားများနှင့်
လုပ်မည်အားခဲ
သို့ပါသော်လည်း
နောက်ပြန်လှည့်ကြည့်
ငွေမရှိ။
လောဘဒေါသ
မောဟအတ္တ
ဒါတွေဖုံးလွမ်းနေတဲ့လောက
ကြာလာတော့လဲ
ငြီးငွေ့စိတ်ကုန်
စိတ်အေးချမ်းသာရာ
ရှာနေပေမဲ့
မတွေ့သေးတာ
ငါအချိန်အထိပါ။

ကဗျာရေးသားသူ( ရွှေညာသူ)
ဆက်လက်ဖတ်ရှုရန်.....

ဝဋ်ကြွေးဆပ်ဘို့မမေ့နဲ့

အသက်ရှိတဲ့ သတ္တ၀ါတိုင်း
မမေ့နိုင်တဲ့ အရာဟာ
မွေးဖွားရာအရပ် နှင့် ဓလေ့ထုံးစံတဲ့
ငါလဲအသက်ရှိပေမို့
ငါ့အရပ် ငါ့ဒေသ ငါ့ဓလေ့ကို
ငါဘယ်အရပ် ဘယ်ဒေသ
ဘယ်နေရာမှာနေနေ
ငါမမေ့နိုင်ဘူးပေါ့ မြန်မာပြည်ရယ်။
ကံတရားကိုပဲရိုးမယ်ဖွဲ့မလား
ဒါမှမဟုတ်
စစ်ခွေးတွေ-ကိုပဲအပြစ်တင်ရမလား
အခုချိန်မှာတော့
မိဘနဲ့လည်းဝေး
မောင်နှမတွေနဲ့လည်ဝေး
အပေါင်းသင်းနဲ့လည်းဝေး
အပိုဆုအဖြစ်
အလွမ်းမျက်ရည်တွေ
မျက်ဝန်းတို့မှာ စို့နေပြီ
ငါ့ရင်မှာ
အတာရေလဲမအေးနိုင်ဘူးလေ
သြော်
အခုချိန်ဆို
ငါ့ရဲ့မြန်မာပြည်မှာ
ရေပက်ကြရင်နဲ့
မြနန္ဒာ သီချင်းကိုဆိုနေမလား
တူးပို့တူးပို့ဆိုတဲ့သီချင်းကိုပဲဆိုကြလေမလား
ဒါမှမဟုတ်

သားစိုးရဲ့သီချင်းသံလား
ကိုကြီးကျော်ရဲ့သီချင်းသံလား
ဆိုငြီးကာ ကခုန်ကြမယ့်အဖြစ်ကို
ငါတွေးပြီးကြည်နူးပေမယ့်
ငါ့မျက်ဝန်မှာ မျက်ရည်စတွေနဲ့ပါမြန်မာပြည်ရယ်။
အခြေအနေမပေးလို့
ငါနှင့် အနေဝေးပေမယ့်
မြန်မာပြည်ကြီး---------ရယ်
ငါအမြဲတမ်း သတိရနေမှာပါ။
မြန်မာပြည်ပေါက် လူတစ်ယောက်
အဝေးရောက်ပေမယ့်
ရိုးရာကိုလဲမမေ့ဘူး
ဘာသာကိုလဲမမေ့ဘူး
နွေးထွေးစွာ အပြုံးတွေနဲ့
နေတတ်တဲ့ လူမျိုးတွေကိုလဲမမေ့ဘူး။
အခုတော့ မြန်မာပြည်-----------ရယ်
အပျံသင်စအရွယ်မို့
မိခင်အသိုက်က ခဏခွဲခဲ့ရတာပါ
အတောင်လက်တွေစုံတဲ့တစ်နေ့
မြန်မာပြည်ဆိုတဲ့မိခင်ရင်ခွင်မှာ
ပြန်လည်နားခိုမှာပါ မြန်မာပြည်ကြီးရယ်
အခုတော့မြန်မာပြည်ကြီး--------ရယ်
ရင်နာနာနဲ့ခွဲကြရအုံမှာပေါ့။
ငါ-- မဆင်နွှဲနိုင်ပေမယ့်
သင်္ကြန်ရနံ့က ငါရှိတဲ့နေရာအထိ
မွှေးနေပါတယ်----------ကွယ်
ကျေးဇူးတင်ပါတယ် မြန်မာပြည်ကြီး------ရယ်။
ကြီးသူကိုရိုသေဆိုတဲ့စကားအတိုင်း
လူငယ်တွေပြုကြတဲ့ ပွဲတော်ကြီးကိုလဲ
ငါဘာမှမလုပ်နိုင်
ငါတတ်နိုင်သမျှဝိုင်းကူ
ငါဒါနမပြုနိုင်တာကိုလဲ
ခွင်လွတ်စေချင်တယ်-----------ရယ်။
အတာကူးတဲလမှာ
ငါပိတောက်ဖူးတွေတောင်မမြင်ရတဲ့ဘ၀မို့
ငါ့ကိုလဲသနားပါအုံး------------ရယ်
နှစ်ဟောင်းကုန်ပျောက်
နှစ်သစ်ကိုရောက်ပြီမို့
အကုသိုလ်အပြစ်ကို ကုသိုလ်အနှစ်နဲ့ဆေးကြတဲ့
ဘာသာဝင်တို့၏ အပြုအမူတွေကိုလဲ
ငါမမြင်ရဘူး---------------ရယ်။
အခုတော့ကွယ်
တိုးတက်တဲ့တိုင်ပြည်မှာ
အဆောင်အယောင်တွေနဲ့
ချယ်သကာထားပေမယ့်
ငါလိုလူတစ်ယောက်
အရူးတစ်ယောက်ဖြစ်နေပါပြီ။
မီးထိန်ထိန်မှာ မီးမှိန်ချင်တော့ဘူး
အင်တာနက်တွေလက်ကွာ
ကျေးရွာဒေသကိုမနေချင်တော့ဘူး
ကျွေးခဲ့တဲ့မိခင်ရွာကဆွမ်း
ငါမလွမ်းတတ်တော့ဘူး
ခွင့်လွတ်ပါတော့
မိခင်တို့--------ရယ်
စေတနာ မသိ
စေတနာ မရှိတာတော့မဟုတ်ပါဘူး
အာဏာရူးမျက်နှာ
ငွေရူးမျက်ခွက်
စိတ်ထားညံ့စစ်ဘီးလူး
ခွေးလောက်တောင်နားမလည်း
ကျေးဇူးရှင်ပြည်သူသတ်
အခုတော့
ပြည်သူချစ် NLDကို
ဖြိုးခွဲဖို့ဥပဒေရေး
အနိုင်ရဘို့ငွေတွေပေး
ဒါကို စစ်မှန်တဲ့ မဲရွေးမယ်တဲ့
သူတော်ကောင်းစကား
လူတိုင်းပါစပ်ထွက်တတ်ကြတာ
မင်းတို့တစ်တွေမသိရော့လေသလား
ဥပဒေထက်သူတို့နေ
ပြည်သူဘ၀ ကျွန်လိုထား
ရှိသမျှ ရတနာ
အုပ်စုလိုက် အသိုက်ရှာ
မင်းတို့အတွက်ရတက်မဖျာရအောင်ပေါ့
ကမ္ဘာကအသိမှတ်မပြု
မင်းတို့စစ်အုပ်စုတစ်စုကို
တရားဝင်အသိမှတ်ဘို့
ပြိုင်သူမဲ့ ရွေးကောက်ပွဲ
မင်းတို့ကြိုတင်ပြင်ထားပြီးသားပါ
အကြံကယုတ်ညံ့
စိတ်ဓာတ်ကပုတ်
တိုင်ပြည်ကိုအ၀တ်စုတ်လိုသဘောထား
ဒါဟာ မင်းတို့စစ်တပ်ရဲ့သဘောထားလား
သွားတော့ကွာ
ပြည်သူနဲ့ဝေးရာ
မင်းတို့ရဲ့ လူမဆန်စွာယုတ်မာမှုတွေ
ငါတို့နဲ့ဝေးရာသွားပါတော့
မင်းတို့ရဲ့
စေတနာတွေ မင်းတို့အထံပြန်လာမှာပါ
အခုတော့ကွာ
တူဖြစ်တဲ့မင်းတို့စစ်ခွေးတစ်သိုက်
ပေဖြစ်တဲ့ငါတို့ပြည်သူတွေကို
ထိန်းသူမဲ့သတ္တ၀ါအဖြစ်ကိုက်ကြဦးပေါ့ကွာ
နှစ်ဟောင်းကုန်
နှစ်သစ်ရောက်သလို
မင်းတို့ပြို
ငါတို့အလှည့်ရောက်ရင်
မင်းတို့စစ်ခွေး
ဝဋ်ကြွေးလေးတွေ
ပေးဆပ်လိုက်ပေါ့ကွာ.
ဆက်လက်ဖတ်ရှုရန်.....

ဘယ်လမ်းရွေးမလဲ

ကိုးဆယ်ပြည့်ခရစ်အချိန်တုန်းက
အားဏာကိုနိုင်သူပေး
ငါတို့ကစစ်တန်းလျားကိုပြန်လှည့်
တိုင်းပြည်ကိုသစ္စာပြုမည်တဲ့၊
ပေးလိုက်တဲ့ကတိ
ဟန်ပါပါပြုံးပြုံးကြီးနဲ့ပေါ့၊
ရွေးကောက်ပွဲအပြီး
ခွက်လန်အောင်သူတို့ရှုံး
ပြုံးပြုံးကြီးနဲ့ပဲကတိဖျက်
အာဏာကိုမပေးနိုင်ဘူးတဲ့၊
ပြိုင်ဘက်တွေကိုထောင်သွင်း
အမှုကွက်ဆင်
အနိုင်ရပါတီကိုညစ်ပတ်
မင်းတို့ဇာတ်ကိုအနိုင်ကလိုက်တာ
အခုတော့
အနိုင်ရသူကအရှုံး
ရှုံးတဲ့သူကနန်းစံ
ဝေဖန်သံတွေညံနေတော့
ဥပဒေကိုညစ်ပတ်
သစ္စာဖောက်ပညာတတ်ကို
အတင်းရေးခိုင်း
ပြည်သူတွေစစ်ကျွန်ဖြစ်ဘို့
NLDပါတီကိုဖျက်စီးဘို့
အနုနည်းနဲ့တစ်မျိုး
အကြမ်းနည်းနဲ့တစ်ဖုံ
ငွေနဲ့တစ်မျိုး
အာဏာနဲ့တစ်မျိုး
အမျိုးမျိုးဖျက်
အခုတော့
အမည်ခွဲစရိုက်တူ
ကြံ့ဖွတ်ကိုပါတီထောင်
မင်းတို့ပဲနန်းဆောင်ကိုကြွကြမှာပါ
မယုံနဲ့အခြားပါတီတို့
လုပ်သမျှအရာမထင်ပါဘူး
အရှုံးကိုလက်ခံဘို့
လုပ်နေတာမဟုတ်တာသိပေါ့
တစ်ခြားပါတီလည်းမနိုင်ပါဘူး
နိုင်လည်းအာဏာမရ
သူတို့ကရာထူးမြင့်
မင်းတို့ကတော့ဘာမှမဖြစ်ပါဘူး
လုပ်ရပ်ကမစင်ကြယ်
ပြည်ချစ်တဲ့ပါတီကိုဘေးထုတ်
မင်းတို့အာဏာမယုတ်စေဘို့ပေါ့
ကဲ-----NlD အဖွဲ့အပေါင်းတို့ရေ--
မီးလောင်ပြင်ကိုပဲဖြတ်မလား
ရေနက်ပိုင်းမှာဝဲဂယက်နဲ့ပြိုင်မလား
တွေဝေမနေနဲ့
ပြည်သူကိုချစ်ရင်
လမ်းပေါ်တက်မလား
အိမ်မှာကုတ်နေမလား
သေနတ်ကိုအံတု
ပြည်သူကိုချစ်တယ်လို့
အလေးပြုတော့မှာလား
တစ်လမ်းပဲရွေးပေါ့
သေမလား
ရှင်မလား
ထောင်နန်းစံမလား
ရွေးလိုက်ကြမိတ်ဆွေအပေါင်းတို့-------------------
ဆက်လက်ဖတ်ရှုရန်.....

ဝေးရာသို့

သိုးတစ်ကောင်းကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေမိတယ်
ငါဟာ သိုးရေခြုံတဲ့
ဝံပုလွေ တစ်ကောင်းလား၊
ကျီးတစ်ကောင်ကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေတယ်
ငါဟာ ဒေါင်းယောင်ဆောင်သော
ကျီးတစ်ကောင်းဖြစ်နေသလား၊
ကျီးအားသီးတစ်လုံးကို
မြင်လိုက်တဲ့အခါ
ငါဟာ အပြင်ပန်းလှပပြီး
အတွင်းပုပ်တဲ့လူတစ်ယောက်ဖြစ်နေသလား
ပေးကမ်းကြ လှုဒါန်းကြသော
လူတွေကိုမြင်လိုက်တဲ့အခါ
ငါဟာ ရယူခြင်းတွေ
ပိုင်ဆိုင်ခြင်းတွေ
ရင်မှာဝေနေလျှက်
ကျေနပ်နေရတဲ့လူတစ်ယောက်ဖြစ်နေသလား
အဇာတသတ်ကိုတွေးမိလေတိုင်း
လိစ္ဆ၀ိမင်းတို့ကို
သွေးခွဲအနိုင်ယူခဲ့တဲ့
အမတ်ကြီးရဲ့လုပ်ရပ်
ငါပြန်မြင်မိတယ်
ဒေ၀ဒတ်ကိုတွေးမိလိုက်တိုင်း
သံဃာကိုအသင်းခွဲတဲ့
သမိုင်းတွင်လုပ်ရပ်
ငါပြေးမြင်လိုက်မိတယ်
ငါတို့ရဲ့ညီညွတ်ပေါင်းစု
ငါတို့တည်ထောင်
ငါတို့အားသစ်လောင်
ဒီM.S.M.O
ငါတို့ပြိုကွဲတာကိုမလိုချင်ဘူး
လောကဓံလှိုင်ရေ-----
သွားတော့---ကွယ်
ဝံပုလွေလိုဟန်ဆောင်မှု
ကျီးတစ်ကောင်လို
လှည့်ပတ်နေမှုတွေ
မတ်တစ်ယောက်လို
ကိုယ်ဘက်လူ သူဘက်သားတွေ
ဒေ၀ဒတ်လို သွေးခွဲမှုတွေ
သွားတော့ကွယ်
ငါတို့နဲ့ဝေးရာ
ဟို--------ဝေးရာကို
သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...
ဆက်လက်ဖတ်ရှုရန်.....

ခွေးဇာတ်ကတဲ့စစ်တပ်

ပြည်သူတို့ရဲ့ ကံတရားပဲလား
အမေစုရဲ့ ကံတရားပဲလား
အတွေးပေါင်းများစွာနဲ့
ငါငေးငိုင်နေမိတယ်
မတူညီနဲ့ ကံ တရားတွေမို့
ငါဘယ် သူ့ကိုအပြစ်ဖို့ရမလည်း
အော်-----------
အဝေးမှာနေတဲ့ ငါသူငယ်ချင်းက
ဘော် ဒါကြီးရေ
ငါနေတဲ့ထိုင်းဆိုတဲ့တိုင်းပြည်မှာတော့
ပြည်သူ့အချစ်တော်
ဘုရင်မကတော်ကို
သက်တော်ရှည်ကြောင်း
ပြည်သူတွေဆုတောင်းနေကြတယ်တဲ့------
ငါဘယ်လိုပြန်ပြောနိုင်မလည်းသူငယ်ချင်ရယ်
ငါတို့ရဲ့အချစ်တော်
ငါတို့ရဲ့အသည်းနှလုံး
ငါတို့ရဲ့မီးအိမ်
ငါတို့ရဲ့အလင်းရောင်
ငါတို့ရဲ့အားကိုးရာ
အမေစုကို
သူတို့ထောင်တွင်းချ
ပြည်သူတွေအလင်းမရအောင်ပေါ့
တော်ပါတော့---------အာဏာရူးတွေရာ
ပြည်သူ့ဘဏ္ဍာ ပြည်သူ့ရတနာတွေလည်းမရှိတော့ပါဘူး
ပြည်သူကကျွေး ပြည်သူကမွေးခဲ့တာလည်းစဉ်းစားပါဦး
သယံဇာတပေါကြွယ်
မြေကြီးကရွှေသီး
ဒါတွေဟာမင်းတို့အတွက်ရွှေထီးဖြစ်ခဲ့တာကြာပါပြီ
ကျေနပ်ကြပါတော့-အာဏာရူးတွေရယ်
အာရှမှာ မြန်မာကွလို့
နဂါတစ်ကောင်လိုအမောက်ထောင်
ခြင်္သေတစ်ကောင်လို ဟိန်း
ဒါတွေဟာ မင်းတို့ကြောင့် ဇာတ်သိမ်းခဲ့ရပါပြီ
အခုတော့ ကွာ
အမျိုဂုဏ်လည်းပျောက်
စည်းစိမ်တွေလည်းပျောက်
ပြည်သူတွေလည်ဒုက္ခရောက်ကြပါပြီ
အပြစ်မဲ့သူ သံဃာစုနဲ့
အပြစ်ကင်းသူ ပြည်သူလူထုအပေါ်
လောဘတွေအခက်ဝေ
ဒေါသအမျက်တွေနဲ့
သောကဖက်စေပါပြီ
ပြည်သူကကျွေး
ပြည်သူကမွေးခဲ့တာကိုမထောက်
နင်းခြေလို့ဖျက်ဆီး
ပြည်သူတွေကိုတံမြက်စည်းလိုသဘောထားခဲ့တာပေါ့
သံဃာကိုအသင်းခွဲ
ပြည်သာချင်းသတ်ဖြတ်
မင်းတို့စစ်တပ် အမိုက်ဇာတ်ကိုကကြတာပေါ့နော်
စစ်သမိုင်းကိုပြန်တွေးလိုက်ရင်
ဗိုလ်ချူပ်တို့ရေးခဲ့တဲ့စစ်သမိုင်းမှာ
ဒီလိုအရိုင်အစိုင်းတွေမပါပါဘူး
အခုတော့
ထမင်းရှင်ကိုသတ်
ကျွေးကြတဲ့လက်ကိုပြန်ဟပ်
မင်းတို့စစ်တပ်က ခွေးဇာတ်ခင်းကြတာပေါ့။
သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...
ဆက်လက်ဖတ်ရှုရန်.....

ရွေးချယ်ဖို့

သမိုင်းဝင်မှတ်တိုင်
ထင်ကျန်ဘို့မလိုပါဘူး
သူ့ဘာသာစိုက်ထူ
ငါတို့ဖေးမလို့
ကူစရာမလိုပါဘူး
ပေးဆပ်ခြင်းမှတ်တိုင်
မင်းတို့စိုက်ရင်
မင်းတို့ပေးဆပ်ခြင်း
သမိုင်းမှတ်တိုင်
မင်းတို့ကိုယ်စား
ဝင့်ဝါလင်းရောင်
မင်းတို့အတွက်
ဂုဏ်ဆောင်နေမှာပါ
ရယူခြင်းမှတ်တိုင်
မင်းတို့စိုက်ရင်
မင်းတို့ရယူခြင်းမှတ်တိုင်
ထွန်းပြောင်ရောင်လင်း
မင်းတို့အတွက် သမိုင်းရောင်
လင်းလက်လို့
ဂုဏ်ဆောင်နေမှာ
ပေးဆပ်ခြင်း
ရယူခြင်း
ဒွန်တွဲနေတဲ့ကမ္ဘာ
ရယူခြင်းတွေထွေးပိုက်
ငါတို့မိုက်ကြတော့မှာလား
သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...
ဆက်လက်ဖတ်ရှုရန်.....

အဖျက်ပိုးများကြောင့်မလွတ်လပ်

သမိုင်းကိုပြန်ရှာလိုက်ရင်
ငါတို့ပြည်သူတွေအတွက်
ကောင်းကွက်ဘာမှမရှိခဲ့ကြဘူး
နိုင်ငံအစိုးရရဲ့လက်အောက်မှာ
ပြန်ကြည့်ဖို့ သမိုင်းပြန်ရှာရင်တောင်
ကောင်းကွက်ကဘာမှမရှိခဲ့ဘူး
ပေးဆပ်ခဲ့ရတဲ့အသက်တွေ
ပေးဆပ်လိုက်တဲ့သူရဲကောင်းတွေ
မတန်လိုက်တဲ့အဖြစ်
ကျွန်စနစ်လွတ်တော့လဲမကောင်း
ပြည်သူအပေါင်းတမ်းတ မှန်ဆတဲ့
လွတ်လပ်ရေးရတော့လည်း
ထူးမခြားနားဇာတ်က
ငါတို့ပြည်သူတွေတောင်ကုန်တော့မယ်
အမျိုးဖျက်တစ်မျိုး
စစ်တပ်ကတစ်မျိုး
သူဌေးပျက်ကတစ်ဖုံ
အာဏာရူးတွေဖျက်လို့
ငါတို့တိုင်ပြည် ကျွန်ပြန်ဖြစ်
ဘယ်တော့မှမလွတ်လပ်တော့ပါဘူးကွာ
ဆက်လက်ဖတ်ရှုရန်.....

ဘာမှမတွေ့ဘူး

လွဲမှားတဲ့အတွေးတွေနဲ့
ငါ့တို့ဘ၀ဇာတ်လမ်းပြီးဆုံး
ငါ့တို့ဘ၀နိဂုံချုပ်ရတော့မှာလား
ကံစီမံရာ ငါတို့ကျရောက်ရပေမဲ့
ကံကို ငါတို့ ကိုယ်တိုင်လုပ်ရမှာပါ
မကောင်းဒဏ်ငါတို့ခံ
ဆိုးဒဏ်ငါတို့ခံ
ကောင်းတာမင်းလုပ်
မကောင်းတာမင်းလုပ်
မင်းလုပ်တော့မင်းစံ
ဒါဟာ ကံပဲပေါ့
ရေရွတ်မိတဲ့ငါနုတ်ဖျားကအသံ
မင်းတို့းမကြားတော့ဘူးလား
ကိုယ်စားခံကိုယ်စားစံ
ငါတို့မှာမရှိ မင်းလဲအသိပါ
လောဘရဲ့သားကောင်း
ဒေါသရဲ့အဖော်
မောဟရဲ့အကြင်
မင်းတို့ခင်မင်တော့မှာလား
တိုးတောင်းကာလ
အနိစ္စရဲ့ဒဏ်နဲ့
မင်းတို့ငါတို့တစ်နေ့ပြာကျရမှာမမေ့နဲ့
မင်းတို့လိုချင်တဲ့ငွေ
မင်းလိုတို့လိုချင်တဲ့ရွှေ
မင်းတို့လိုချင်တဲ့ရာထူး
ဘယ်သူမှမင်းတို့ကိုမကယ်နိုင်ဘူး
တွေးတောဆင်ခြင်
မင်းမမောသေးခင်ပေါ့
သူငယ်ချင်ရယ်--
ဘာတဲ့--------
ငါတို့ငယ်ငယ်တုန်းက
အမေလုပ်သလိုပေါ့နော်
တူတူရေးဝါး----------
ဘာမှမရှိတာတော့မလုပ်နဲ့
အမေ့ပြုံကလေးကိုတွေ့လိုက်ရမှာပေါ့----------------.
ဆက်လက်ဖတ်ရှုရန်.....

မျှော်လေးတိုင်းဝေး

တကယ်ပြောတာ----
အမှောင်ခတဲ့ညဆို
မှောင်ပြပြ မြို့လေးဆီ
ယောင်နန အဆွေးတွေနဲ့
ခဏလောက် တွေးနေချင်မိတယ်
ငါ့တွက် လင်းပြတဲ့လမင်း
ဘယ်အရပ်မှာ မင်း ၀င်းပ နေသလဲကွယ်
တကယ်ပြောတာ-------
အသားထဲကဖောက်ထွက်
ဆားထဲကလောက်အတွက်တော့
ငါ့အတွက် ကူဆွေး
ဘာ့အတွက်မှ ပူပေးမနေပါနဲ့
မထူးခြားတဲ့မျှော်လင့်ခြင်း
မနက်ခင်းဆိုတာ
ငါ့အတွက်အလကား
စိတ်ကူးနဲ့ပုံဖော်
မွေးရပ်မှာပျော်ဖို့အရေး
အော်
ရွှေပြည်တော်ရေ--------
မျှော်လေတိုင်းဝေး...
ဆက်လက်ဖတ်ရှုရန်.....

ငြိမ်းချမ်းမှုကိုလိုလားသူများ

ခံစားချက်ကပြင်းထန်
လေသံက မထွက်ရဲ
ခါးသီးတဲ့နေ့ရက်တွေ
နှစ်ရှည် ငါတို့ဖြတ်သန်း
ငါတို့လှမ်းလျှောက်
တစ်ပြည်ခြားလည်းငါတို့ရောက်ခဲ့ပြီဒါပေမဲ့----------
ငါတို့ပိုင်ဆိုင်လိုတဲ့ကြောတစ်နေရာ
ငြိမ်းချမ်းစွာအသက်ထွက်ဘို့
ဘာကြောင့်မရသေးတာလဲ
အို----------မိတ်ဆွေတို့
အဖြေတစ်ခုရဘို့အတွက်
ပြောကြားပေးကြပါလားကွယ်
ပြင်းထန်လွန်းတဲ့
ငါတို့ရဲ့ခံစားချက်တွေကြောင့်
ငါတို့ရူးသွပ်နေကြပြီလား
လေသံမထွက်ရဲလို့
ငါတို့ရဲ့နုတ်ခမ်းတွေ
ဆွံ့အ နေပြီလား
ခါးသီးတဲ့နေ့ရက်တွေကြောင့်
ငါတို့ရဲ့ဦးနှောက်တွေ
ကြောက်တတ်နေပြီလား
ငါတို့ဟာမဝေခွဲတတ်ပေမဲ့
ငါတို့ရဲ့ကျေးဇူးရှင်
ငါတို့ရဲ့ခြေလျှင်တော်
ငါတို့ရဲ့တပ်သား
ငါတို့ရဲ့ခြေလှမ်းများကတော့
ငြိမ်းချမ်းတဲ့ကြောတစ်နေရာမှာ
အေးချမ်းစွာအသက်ထွက်ဘို့
အင်းအားတွေချို့တဲ့စွာနဲ့
စည်းလုံးစွာ
လမ်းလျှောက်နေဆဲပါပဲ
ဆက်လက်ဖတ်ရှုရန်.....

ကိုကျော်သူအတွက်-ဆုတံဆိပ်


ဖိတ်စာမရလို့
သိက္ခာမကျပါဘူး
အကယ်ဒမီရွှေတံဆိပ်
ရင်ဝယ်မှာသိပ်လို့
ငါ-----ကျော်သူ
အကယ်ဒမီ-ကျော်သူ
အနုပညာရှင်-ကျော်သူ
ပြည်သူ့ရှေ့မှောက်
ထိုးဖောက်နေစရာမလိုပါဘူး
ကျန်ရစ်သူ ငါတို့
ထားခဲ့သူအများလူ
များဗိုလ်လူသောင်းသောင်းက
ရင်ခွင်မှာ ချွေသိပ်
စိတ်အစဉ် အသည်းဘ၀င်မှာတော့
ပြည်သူအချစ်တော်-ကျော်သူ
အကယ်ဒမီ-ကျော်သူ
အနုပညာရှင်-ကျော်သူလို့
အားကိုးသောစိတ်
လေးစားသောစိတ်တွေနဲ့
ဖျောက်ဖျက်လို့မရ
လုယူလို့မရ
လိမ်လည်လို့မရသော
အမှတ်တံဆိပ်ခတ်နှိပ်ပြီးသားပါ
၂၀၀၈+၂၀၀၉ဆိုတဲ့
ဘ၀ဇာတ်လမ်းတစ်ပုဒ်မှာ
မာနတွေခ၀ါချလို့
ဘုန်းကြီးပျံအသုဘ
သူဋ္ဌေးတွေအသုဘ
ဆင်းရဲသူအသုဘ
လမ်းဘေးကအသုဘ
လူမျိုးမခြား
ဘာသာမခြား
ဘ၀အဖုံဖုံ လူမျိုးစုံ
ရုပ်ကလာပ်အပုပ်ကို
နေပူကျဲကျဲ မိုးပဲရွာရွာ
ပုပ်စော်နံ့မမှု့
ရှိသမျှအားမာန်ထူး
ဖေးမလို့ကူညီ
ဘ၀သံသရာမှာ
ကုသိုလ်ထုတ်တဲ့
အလှုဇာတ်မှာ
ပြီပြင်အောင် သရုပ်ဆောင်ခဲ့တာမို့
ရွှေစင်ရုပ်ထု အဖိုးမတန်
ကျော်သူ့အတွက် မထိုက်တန်ပါဘူး
အကယ်ဒမီ စိန်ရုပ်ထု
အကယ်ဒမီ ပတ္တမြာရုပ်ထု
အကယ်ဒမီ ရတနာကိုးပါးစီရုပ်ထု
ကမ္ဘာမှာ မပေးဘူးတဲ့
ထူးချွန်ဆုရုပ်ထုတွေနဲ့
မိသားစု အားလုံး
စားမကုန်
သောက်မကုန်
ဘုန်းဘုန်းတို့
ပြည်သူတို့မေတ္တာအထုံးတို့ဖြင့်
ကျန်းမာစေကြောင်း
ချမ်းသာစေကြောင်း
ဆုမွန်တောင်းကာ
ပေးအပ်လိုက်သည်
သက်တော်ရှည်လို့
အများအကျိုးသည်ပိုးနိုင်ပါစေ။
...
ဆက်လက်ဖတ်ရှုရန်.....

ခွေးဇာတ်ကတဲ့စစ်တပ်

ပြည်သူတို့ရဲ့ ကံတရားပဲလား
အမေစုရဲ့ ကံတရားပဲလား
အတွေးပေါင်းများစွာနဲ့
ငါငေးငိုင်နေမိတယ်
မတူညီနဲ့ ကံ တရားတွေမို့
ငါဘယ် သူ့ကိုအပြစ်ဖို့ရမလည်း
အော်-----------
အဝေးမှာနေတဲ့ ငါသူငယ်ချင်းက
ဘော် ဒါကြီးရေ
ငါနေတဲ့ထိုင်းဆိုတဲ့တိုင်းပြည်မှာတော့
ပြည်သူ့အချစ်တော်
ဘုရင်မကတော်ကို
သက်တော်ရှည်ကြောင်း
ပြည်သူတွေဆုတောင်းနေကြတယ်တဲ့------
ငါဘယ်လိုပြန်ပြောနိုင်မလည်းသူငယ်ချင်ရယ်
ငါတို့ရဲ့အချစ်တော်
ငါတို့ရဲ့အသည်းနှလုံး
ငါတို့ရဲ့မီးအိမ်
ငါတို့ရဲ့အလင်းရောင်
ငါတို့ရဲ့အားကိုးရာ
အမေစုကို
သူတို့ထောင်တွင်းချ
ပြည်သူတွေအလင်းမရအောင်ပေါ့
တော်ပါတော့---------အာဏာရူးတွေရာ
ပြည်သူ့ဘဏ္ဍာ ပြည်သူ့ရတနာတွေလည်းမရှိတော့ပါဘူး
ပြည်ကကျွေး ပြည်သူကမွေးခဲ့တာလည်းစဉ်းစားပါဦး
သယံဇာတပေါကြွယ်
မြေကြီးကရွှေသီး
ဒါတွေဟာမင်းတို့အတွက်ရွှေထီးဖြစ်ခဲ့တာကြာပါပြီ
ကျေနပ်ကြပါတော့-အာဏာရူးတွေရယ်
အာရှမှာ မြန်မာကွလို့
နဂါတစ်ကောင်လိုအမောက်ထောင်
ခြင်္သေတစ်ကောင်လို ဟိန်း
ဒါတွေဟာ မင်းတို့ကြောင့် ဇာတ်သိမ်းခဲ့ရပါပြီ
အခုတော့ ကွာ
အမျိုဂုဏ်လည်းပျောက်
စည်းစိမ်တွေလည်းပျောက်
ပြည်သူတွေလည်ဒုက္ခရောက်ကြပါပြီ
အပြစ်မဲ့သူ သံဃာစုနဲ့
အပြစ်ကင်းသူ ပြည်သူလူထုအပေါ်
လောဘတွေအခက်ဝေ
ဒေါသအမျက်တွေနဲ့
သောကဖက်စေပါပြီ
ပြည်သူကကျွေး
ပြည်သူကမွေးခဲ့တာကိုမထောက်
နင်းခြေလို့ဖျက်ဆီး
ပြည်သူတွေကိုတံမြက်စည်းလိုသဘောထားခဲ့တာပေါ့
သံဃာကိုအသင်းခွဲ
ပြည်သာချင်းသတ်ဖြတ်
မင်းတို့စစ်တပ် အမိုက်ဇာတ်ကိုကကြတာပေါ့နော်
စစ်သမိုင်းကိုပြန်တွေးလိုက်ရင်
ဗိုလ်ချူပ်တို့ရေးခဲ့တဲ့စစ်သမိုင်းမှာ
ဒီလိုအရိုင်အစိုင်းတွေမပါပါဘူး
အခုတော့
ထမင်းရှင်ကိုသတ်
ကြွေးခဲ့ကြတဲ့လက်ကိုပြန်ဟပ်
မင်းတို့စစ်တပ်က ခွေးဇာတ်ခင်းကြတာပေါ့။
ဆက်လက်ဖတ်ရှုရန်.....

ခံစားချက်ကလေးတွေ

သမိုင်းပြက္ခဒိန်ထဲက
စုတ်ဖြဲခဲ့တဲ့နေ့ရက်တွေ
အစားထိုးနေရာယူ
ယုတ်မာကောက်ကျစ်
ဆိုးညစ်ပေကျံ
လူမဆန် အာဏာစွဲ
ဆိုးဝါးတဲ့ သမိုင်းရေး
ဒါဟာ----- စစ်တပ်အရေးတဲ့လား
မျက်နှာထူ မျက်နှာပါး
ကော်လံဖား အခွင့်ထူးစံ
ံပြည်သူထံ ဆပ်ကြေးသဘော
လာဘ်ပေးယူ သွေးခွဲ
စည်းလုံးမှုအင်းအား
ဒါဟာ စစ်တပ်အရေးတဲ့လား
အာဏာပိုင်လျှင် ဥပဒေမဆိုင်
အာဏာမရှိ ဥပဒေသိပေါ့
အပြစ်မသင့် ပြစ်မှုသင့်မည်
ပုဒ်မအများ ပြည်သူအတွက်
ရမ်းကားဆိုးညစ် သူတို့တွေမှာ
အပြစ်ကမရှိ ဥပဒေမသိတဲ့
ဒါဟာ စစ်တပ်အရေးတဲ့လား
အမျိုးကိုဖျက် ဘာသာဖျက်
တပ်တွက်အာဏာ
ခိုင်မြဲမာဘို့
သူတို့ကြံဆ
၂၀၁၀ ရွေးကောက်
စည်းဖေါက်လို့ ကျင်းပမယ်
ဘယ်သူတွေ ဘာပြောကြမလဲ-------------------။
ဝေးကြ ဒီမိုကရေစီ
ဆင်းရဲကြ ဒို့ တိုင်းပြည်----။
ဆက်လက်ဖတ်ရှုရန်.....

အမှန်တရား

အရောင်တဖျက်ဖျက်
တောက်ပနေတဲ့
ဂုဏ်ပကာသန
မျက်မှန်တစ်လက်ရဲ့အောက်မှာ
မျက်လုံးနှစ်လုံးသေနေတယ်။
ခြေလှမ်းကျဲကျဲနဲ့
မာရသွန်ပြေးပွဲရဲ့နောက်မှာ
လောဘတွေ
ဒေါသတွေ
မောဟတွေ
မာနတွေ
ဖိတ်လှောင်ဖုံး
ခြေသလုံးကြွက်သားတွေသေနေတယ်။
အသက်စွန့်ပါရစေ
အမှန်တရားအတွက်
အဆိပ်ပြင်းပြင်းတစ်ခွက်လောက်သောက်သုံးပြီး
နောက်ဆုံးအိပ်မက်အတွက်
လက်နှစ်ဖက်ကို
ဆန့်တန်းလိုက်ပါတယ်
အို-------
မြတ်ဗုဒ္ဓ-----------------။
ဆက်လက်ဖတ်ရှုရန်.....

ရှေ့သို့

လူ့ဘုံထုံးစံ ကဲ့ရဲ့ဒဏ်ဖြင့် ရန်မာန်ပိတ်သဲ ခရီးခဲ၌
စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ ရဲမာန်ရဲသွေး ရဲစိတ်မွေးလျှက်
ရဲသွေးနီနီ စီရရီဖြင့် ဦးတည်မပျက် ရှေ့သို့ဆက်လော့။
ဆက်လက်ဖတ်ရှုရန်.....

ပြန်ခဲ့တော့မယ်.


မင်းမမြင် မင်းမသိ

မင်းမရှိတဲ့အရပ်

ပျော်တယ်များမှတ်နေလား…

နိုင်ငံခြား နိုင်ငံခြားနဲ့

တတ်ထားတဲ့ပညာအလကား

သိက္ခာလေးတစ်ပဲသားနဲ့

အောက်တန်းစားအလုပ်ကိုလုပ်

ထုတ်မပြောချင်ဘူးကွာ..

ကြမ်းတိုက်ပန်းကန်ဆေး

ဝန်မလေးတော့ဘူးဟေ့

အပြေးပြန်ခဲ့မယ်..

ခင်ရယ်..

အိမ်ဖော်မလေး

အနားပေးလိုက်ပါတော့ကွယ်..

သလ္လာဝတီဘလော့မှ ကူးယူဖော်ပြပါသည်၊

ဆက်လက်ဖတ်ရှုရန်.....

ဘ၀သမိုင်း

စော်ကားကာပို မနာလိုသည့်
ကိုယ့်ကိုမုန်းသူ အခြားလူကို
ရန်မူမည့်ဟန် မတုံ့ပြန်နှင့်
သူ့ကံအရိုင်း သူ့သမိုင်းတည်း၊
မရိုင်းစေရန် မိမိကံကို
ဝေဖန်ဆစ်ပိုင်း ဥာဏ်ဖြင့်နှိုင်း၍
သမိုင်းကြောင်းကောင်းအောင်
ဆောင်ရွက်ပါ၊
ဆက်လက်ဖတ်ရှုရန်.....

တိပိမဟာဂန္ဓာရုံဆရာတော်၏သြ၀ါဒ

အရည်အသွေး
မပြောင်းသေးခင်
ကလေးကလှောင်
ခွေးကဟောင်သည်
ဟေ့ကောင်ဒီအတွက်
စိတ်မပျက်နဲ့
ရှေ့ဆက်ပြီးတော့အလုပ်လုပ်..
ဆက်လက်ဖတ်ရှုရန်.....
May you be highly effective person in the world.