တကယ်ပြောတာ----
အမှောင်ခတဲ့ညဆို
မှောင်ပြပြ မြို့လေးဆီ
ယောင်နန အဆွေးတွေနဲ့
ခဏလောက် တွေးနေချင်မိတယ်
ငါ့တွက် လင်းပြတဲ့လမင်း
ဘယ်အရပ်မှာ မင်း ၀င်းပ နေသလဲကွယ်
တကယ်ပြောတာ-------
အသားထဲကဖောက်ထွက်
ဆားထဲကလောက်အတွက်တော့
ငါ့အတွက် ကူဆွေး
ဘာ့အတွက်မှ ပူပေးမနေပါနဲ့
မထူးခြားတဲ့မျှော်လင့်ခြင်း
မနက်ခင်းဆိုတာ
ငါ့အတွက်အလကား
စိတ်ကူးနဲ့ပုံဖော်
မွေးရပ်မှာပျော်ဖို့အရေး
အော်
ရွှေပြည်တော်ရေ--------
မျှော်လေတိုင်းဝေး...
How 'brilliant' Gvardiol inspired Man City win
2 hours ago
0 comments:
Post a Comment