a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

နိုင်ငံရေးအကျဉ်းသားနဲ့ ဥပဒေများ

AAPP-B ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ စာရင်း


ကျန်မာရေး ချို့ယွင်းနေသူ နိုင်ငံရေးအကျဉ်းသား ၁၄၁ ဦး
နာဂစ် ကယ်ဆယ်ရေး လူမှုရေးလုပ်သား နိုင်ငံရေးအကျဉ်းသား ၂ဝ ဦး
၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး
ကျောင်းသား ကျောင်းသူ နိုင်ငံရေးအကျဉ်းသား ၂၈၅ ဦး
အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၇၆ ဦး
ရဟန်းသံဃာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၅၆ ဦး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသား ၄၁၃ ဦး
တိုင်းရင်းသား လူမျိုးစု နိုင်ငံရေးအကျဉ်းသား ၂၂၅ ဦး
ဆရာဝန် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး
ရှေ့နေ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး
အလုပ်သမားရေးရာ လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား ၄၄ ဦး
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ဦး
အကျဉ်းထောင်တွင် သေဆုံးသွားသူ နိုင်ငံရေးအကျဉ်းသား ၁၄၄ ဦး
မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၉၃ ဦး


ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပြစ်ဒဏ်ပေးရာတွင် သုံးစွဲနေသည့် ဥပဒေ ပုဒ်မများ

၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ
ပုဒ်မ (၅) ဤဥပဒေကို ချိုးဖောက်လျှင် ထောင်ဒဏ် ၇ နှစ် အထိ ကျခံရနိုင်ပြီး ဒဏ်ငွေ (သို့မဟုတ်) ဒဏ်ငွေနှင့် ထောင်ဒဏ် နှစ်ရပ်စလုံး ကျခံရနိုင်သည်။

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးမည့်သူများ၏ ဘေးအန္တရာယ်မှ အကာအကွယ်ပေးရေး အက်ဥပဒေ

၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေး ဥပဒေ
ဥပဒေ ပုဒ်မ (၁၂) နှင့် (၁၄) အရ အများဆုံး ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်သည်။

တီဗီနှင့် ဗီဒီယို ဥပဒေ
ဥပဒေ ပုဒ်မ ၃၂ (ခ) အရ ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ကျပ် တသိန်း (သို့မဟုတ်) ထောင်ဒဏ်နှင့် ဒဏ်ငွေ နှစ်ရပ်စလုံး ကျခံရနိုင်သည်။

တရားမဝင် အသင်းအပင်း ဖွဲ့စည်းမှု အက်ဥပဒေ (၁၉ဝ၈)
ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင်သည့်အပြင် ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်။

အီလက်ထရွန်းနစ် အက်ဥပဒေ
(နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၅/၂ဝဝ၄၊ ဧပြီလ ၃ဝ ရက်၊ ၂ဝဝ၄)
ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ် အထိ ကျခံရနိုင်သည့်အပြင် ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်။
ထောင်ဒဏ် သက်တမ်းကို ၅ နှစ် ထပ်မံတိုးချဲ့နိုင်ပြီး ဒဏ်ငွေ (သို့မဟုတ်) ဒဏ်ငွေနှင့် ထောင်ဒဏ် နှစ်ရပ်စလုံး ကျခံရနိုင်သည်။

မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ပြင်ဆင်မှု အက်ဥပဒေ

(အရေးပေါ် စီမံမှု အက်ဥပဒေ) ၁၉၄၇
(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂/၉ဝ, ဇန်နဝါရီ ၂၂၊ ၁၉၉ဝ)
(နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ဤဥပဒေကို ပြဋ္ဌာန်းခဲ့သည်။)
ဤဥပဒေကို ချိုးဖောက်လျှင် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ကျခံရနိုင်သည့်အပြင် ဒဏ်ငွေ အနည်းဆုံး ၁၅ဝဝ ကျပ်လည်း ပေးဆောင်ရနိုင်ကာ ဒဏ်ငွေနှင့်ထောင်ဒဏ် နှစ်ရပ်စလုံးလည်း ကျခံရနိုင်သည်။

ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ (၁၉၆၂)
ထောင်ဒဏ် ၁ဝ နှစ်အထိ ကျခံရနိုင်ပြီး ဒဏ်ငွေ ကျပ် ၃ သောင်းအထိ ပေးဆောင်ရနိုင်သည်။

0 comments:

Post a Comment

May you be highly effective person in the world.