a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

ကမ္ဘာကိုေ၀၀ါးစေမည့်မြန်မာအလံ

ကျွန်ုပ်တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ အလံပုံစံအသစ် ပြောင်းလဲခြင်းဟာ ၂၁.၁၀.၂၀၁၀မှာ စပြီး အသက်ဝင်သွားပြီ ဖြစ်ပါတယ်..
ဒီအလံ အသစ်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာရော အွန်လိုင်းပေါ်မှာပါ အသံအမျိုးမျိုးလည်း ကြားနေရပါတယ်.. ကျွန်ုပ်တို့အနေနဲ့က အဲဒီ့ အလံဒီဇိုင်းကို ပြည်သူတွေ ကျေနပ်လား မကျေနပ်ဖူးလား ဆိုတာထက် ကျေနပ်သင့်လား ဆိုတဲ့ အချက်ကို ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ ထင်ရှားတဲ့ အချက်ကြီး တစ်ချက်ကို တွေ့ပြီး အဲဒါကတော့ အပေါ်က ပုံကို ကြည့်လိုက်တာနဲ့ ထင်းကနဲ သိနိုင်မယ်လို့ ထင်ပါတယ်..
အနီ၊ အ၀ါ၊ အစိမ်း အဲလို အရောင် တောက်တောက်ပပတွေကို အာဖရိက နိုင်ငံ အလံတွေမှာ တွေ့ဖူးသလို ရှိနေလို့ လိုက်ရှာကြည့်လိုက်တဲ့အခါမှာ တကယ်ပဲ အာဖရိက အလံများစွာ (ကမ္ဘာပေါ်မှာ ရှိတာမှ နိုင်ငံ၂၀၀++ မှာ ၁၀နိုင်ငံကျော်နဲ့ သွားတူနေလို့ များစွာလို့ပဲ သုံးလိုက်ပါတယ်..) နဲ့ ဆင်တူနေပြီး အခြား နိုင်ငံတွေအနေနဲ့ တောင်အမေရိက မှာ ဘိုလီဗီးယား နဲ့ ဥရောပမှ လစ်သူရေးနီးယား တို့နဲ့ သွားပြီး တူနေတာ တွေ့ရပါတယ်..
ကျွန်ုပ်တို့တွေ အနေနဲ့တော့ ကိုယ့် မိခင်နိုင်ငံအလံကို ကိုယ်ပိုင်ဟန်လေးနဲ့တော့ ရှိစေချင်တာပေါ့ဗျာ.. အရင်တုန်းက စပါးနှံစက်သွား အလံတုန်းက ကျွန်ုပ်တို့သိမှီသလောက် တော်တော်လေး ဆင်တူတာဆိုလို့ ထိုင်ဝမ် (တရုတ်တိုင်ပေ) အလံတစ်ခုပဲ ရှိပါတယ်..

နောက် သတိထားရမယ့် အချက်တစ်ခုက ကမ္ဘာမှာ နိုင်ငံ တစ်ခု အကြောင်းပြောကြပြီဆိုရင် သူ့ရဲ့ နိုင်ငံတော်အလံကို အရင် ပြေးကြည့်ကြမှာ
အသေအချာပါပဲ.. ဆိုလိုချင်တာက နိုင်ငံတော် အလံဟာ ကိုယ့် နိုင်ငံ ကို ကမ္ဘာမှာ ၀င်ဆံ့အောင် လုပ်တဲ့ နေရာမှာ တော်တော်လေးကို အရေးကြီးတဲ့ အခန်းက ပါဝင်နေပါတယ်.. ဆီးဂိမ်း၊ အိုလံပစ် စတဲ့ အားကစားပြိုင်ပွဲတွေက စ လို့ ကုလသမဂ္ဂအစည်းအဝေးပွဲတွေအထိ ကိုယ့်နိုင်ငံအမည်ရဲ့ ဘေးမှာ အလံပုံက မထည့်မနေ ထည့်ကြတာပါ..
တခြား နိုင်ငံကသူတွေကို ကိုယ့်အလံပုံ မြင်တာနဲ့ စိတ်ထဲမှာ စွဲသွားအောင် ပြုလုပ်သင့်တဲ့ နေရာမှာ အခုတော့ မြန်မာအလံကို ကျွန်ုပ်တို့ နိုင်ငံအကြောင်းကို မသိသူ တစ်ယောက်ကို သွားပြလိုက်ရင် "မြန်မာဆိုတာ အာဖရိက က လား" လို့တောင် ပြန်မေးမယ့် ကိန်း ဆိုက်နေသလိုပါပဲ.. တစ်ဖက်က ကြည့်ပြန်ရင်လည်း မြန်မာနိုင်ငံ အလံကို ကျွန်ုပ်တို့ ရှင်းပြရင်တောင်
ဘယ်လိုရှင်းပြရမယ်မှန်းမသိပါဘူး.. အရင်တုန်းက ကိုယ်ပိုင်ဟန်နဲ့ မို့လို့ ပြောပြလိုက်ရင် တန်းကနဲ သိနိုင်ပေမယ့် အခု ကျွန်တော်တို့ အလံမှာ အနီအ၀ါအစိမ်း အလယ်မှာက ကြယ်တစ်လုံးနဲ့ ဆိုရင် အဲဒီ့ နိုင်ငံခြားသားလည်း သူ တွေ့ဖူးနေတဲ့ အာဖရိက အလံတွေနဲ့ ရောသွားမှာ သေချာပါတယ်..
နောက်ဆုံး ပြောချင်တာက နိုင်ငံတော်အလံတိုင်းမှာ ဘယ်ဟာက ဘယ်လိုအဓိပ္ပါယ်ဆိုပြီး ရှိနေပေမယ့် နိုင်ငံတစ်ခုရဲ့ အလံကို မြင်ကြလို့ရှိရင် လူတွေအရင်ဆုံး စိတ်ဝင်စားမှာက အလံရဲ့ အရောင်အသွေး၊ အလံရဲ့ ပုံစံပါ.. "ဘယ် အရောင်က ဘယ်လို အဓိပ္ပါယ်လဲဟင်" ဆိုပြီး အရင်ဆုံးမေးမယ့်သူက ၁၀၀မှာ ၁ ယောက်တောင် ရှိမယ်လို့ မမြင်မိကြောင်းပါ..
...

0 comments:

Post a Comment

May you be highly effective person in the world.