a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

စိတ်မကောင်းစရာသတင်း

န်မာ ပြည်သူ လူထုကို လိမ်၍ အလှူခံနေခြင်းနှင့် ဆက်စပ်၍ စိတ်မကောင်းဖွယ်ရာများ

(၁၅-၀၁-၂၀၁၁ ) နေ့ မြန်မာ့အလင်းတို့ ကြေးမုံတို့ထဲမှာ ပြည်ပသာသနာပြု အလှူရှင်အပေါင်းတို့ ခင်ဗျား နိဗ္ဗာန် အကျိုးမျှော်၍ နိုးဇော်အပ်ပါသည်။ တကမ္ဘာလုံး ကူးလူးဆက်သွယ်မှု လျင်မြန်သော ယနေ့ခေတ်တွင် အများသုံးအင်္ဂလိပ်ဘာသာစကားဖြင့် ဗုဒ္ဓ တရားတော်များကို ကမ္ဘာ့လူသား အားလုံးအတွက် ဖြန့်ဝေရန် လိုအပ်ပြီ ဖြစ်ပါသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် သာသနာရေးဝန်ကြီးဋ္ဌာနက အင်္ဂလန်နိုင်ငံသို့ ပညာသင် -၅-ပါး စေလွှတ်ခဲ့ရာ MA ဘွဲ့များ ရရှိကြပြီး နှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် ဆက်လက်တက်ရောက်ရန် အသင့်ရှိနေ ပြီဖြစ်ပါသည်။

အဆိုပါ အရှင်မြတ် နှစ်ပါး၏ ပညာသင်စရိတ်လေးနှစ်စာအတွက် ပေါင်စတာလင် ၉၆၀၀၀ (ကိုးသောင်းခြောက်ထောင်)တကြိမ်တည်းပေးသွင်းရန်ရှိပြီး တပါးစီအတွက် အထွေထွေစရိတ် တနှစ်လျှင် ပေါင် ၃၀၀၀(သုံးထောင်) နှုန်းဖြင့် နှစ်ပါးအတွက် ပေါင် ၁၀၂၀၀၀ (တသိန်းနှစ်ထောင်)ကို တကြိမ်တည်း ပေးသွင်းရန်လိုအပ်မည်ဖြစ်၍ ကျန်သုံးနှစ်အတွက် တနှစ်လျှင် ပေါင် ၆၀၀၀(ခြောက်ထောင်) စီ ထောက်ပံ့ လှူဒါန်းရန် ရှိပါသည်။

ပြည်ပသာသနာပြု ပညာပါရမီကုသိုလ်တော် ဆည်းပူးလိုသော အလှူရှင်များအနေဖြင့် သဒ္ဒ္ဓါတရားနည်းများမဆို မိမိတို့တတ်နိုင်သမျှ မြန်မာ ကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့်ဖြစ်စေ သာသနာရေးဝန်ကြီးဋ္ဌာနရုံးအဖွဲ့မှူး ဦးမြင့်ဦး ဖုန်း-၀၆၇-၄၀၆၀၀၈၊ ဖက်စ်-၀၆၇-၄၀၆၀၂၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နိုးဇော်အပ်ပါသည်။

===========..


အင်္ဂလန်နိုင်ငံသို့ ပညာသင် -၅-ပါး စေလွှတ်ခဲ့ရာ MA ဘွဲ့များ ရရှိကြပြီးနှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph।D တန်း အဆင့်မီသဖြင့်ဆက်လက်တက်ရောက်ရန် အသင့်ရှိနေပြီ ဖြစ်ပါသည်။ --------ဆိုသော ကြော်ညာ၌ လန်ဒန်တက္ကသိုလ်-ဆိုတာ မြန်မာပြည်မှ အင်္ဂလန်နိုင်ငံသို့ ပညာသင်လာကြတဲ့ ကျောင်းသားတချို့ ကျောင်းတက်နေကြတဲ့ မြန်မာပြည်မှ မြန်မာကျောင်းဆရာများလည်းရှိတဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက်လှုပ်ရှားမှုများ ဟောပြောမှုများ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ (School of Oriental and African Studies, University of London) Thornhaugh Street, Russell Square, London WC1H 0XG နေရာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်လက်လှန်းမှီသလောက် စုံစမ်းကြည့်သောအခါ မြန်မာပြည်မှ အင်္ဂလန်နိုင်ငံသို့ပညာသင် -၅-ပါး စေလွှတ်ခဲ့ရာ ပညာသင် ဘုန်းကြီး-၃-ပါးသည် (၂၀၁၀) နှစ်တွင်လန်ဒန် (SOAS ) တက္ကသိုလ်တွင် MA တန်း တက်ရောက်ကြပြီး MA ဘွဲ့များရရှိကြသည်-ဆိုတာ မှန်ပါတယ်။ သို့သော်လည်း ပညာသင် ဘုန်းကြီး-၃-ပါးလုံးဒီနှစ် (၂၀၁၁) ခုနှစ်မှာ တပါးမှ Ph D တန်း တက်ခွင့် အဆင့်မမီသောကြောင့် Ph D တန်း တက်ခွင့် မရကြပါ။ ဒီအကြောင်းကို လန်ဒန်မှာ နေထိုင်ကြတဲ့ကျောင်းသားတချို့နှင့် ဘုန်းတော်ကြီးတော်တော်များများ လူတော်တော်များများက သိရှိကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ( နှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် ဆက်လက် တက်ရောက်ရန် အသင့်ရှိနေပြီ ဖြစ်ပါသည်။) ဟု သာသနာရေးဝန်ကြီးဋ္ဌာန၏ အလှူခံမှုသည် မြန်မာပြည်သူ လူထုကို လိမ်ပြီး အလှူခံသကဲ့ သို့ ဖြစ်နေပါသည်။ လန်ဒန်တက္ကသိုလ်-မှ Ph D တန်း တက်ခွင့်အဖြစ် လက်ခံကြောင်း ဘယ်လိုစာရွက်စာတမ်းများ အထောက်အထားများ လက်ဝယ်ရရှိသဖြင့် ဒီလို အလှူခံကြော်ညာစာများ ထုပ်ပြန်ရသလဲမသိ၊ နှစ်ပါးသည် လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် ဆက်လက်တက်ရောက်ရန် အသင့်ရှိနေပြီ - ဆိုသော နှစ်ပါးသည် ဘယ်သူတွေလဲ လို့ ဆက်လက်စုံစမ်းကြည့်သောအခါ ဘုန်းကြီး-၃-ပါး MA တန်း တက်နေတာတော့ သိတယ်၊ အောင်တယ်လို့လဲကြားတယ်။ Ph D တန်းတော့ တက်ခွင့်မရကြဘူး။ ဒါပေမဲ့ ဦးသီဟ(သီတဂူ တက္ကသိုလ်) ဦးဇနက (ထေရ၀ါဒ တက္ကသိုလ် ) ၂- ပါးက လန်ဒန် တက္ကသိုလ်တွင် Ph D တန်း အဆင့်မီသဖြင့် သူတို့ (၂)ပါးပဲ ဆက်လက်တက်ရောက်နိုင်ကြောင်း သီတဂူဆရာတော်ကြီးထံနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ကို လိမ်ညာ၍ လျောက်ထားခဲ့ကြောင်း၊ ကျန်တပါးကတော့ အင်္ဂလိပ်စာ ဆက်လုပ်မယ်၊ အင်္ဂလိပ်စာ လုံလောက်မှ Ph D တန်း ဆက်လုပ်ရန်ရှိကြောင်း---သတင်းတွေ ထွက်လာကြောင်း -သိရပါသည်။ ဒါကြောင့် နှစ်ပါးဆိုတာ ဦးသီဟ (သီတဂူတက္ကသိုလ်) ဦးဇနက (ထေရ၀ါဒ တက္ကသိုလ် ) တို့ပဲ ဖြစ်ပါလိမ့်မယ်။ တကယ် လန်ဒန် တက္ကသိုလ်မှာ Ph D တန်း အဆင့်မီလို့ တက်ရောက်ခွင့် ရလို့ အလှူခံတာဆိုရင် တော်သေးတယ်။ အခုဟာက သာသနာရေးဝန်ကြီးဋ္ဌာနနှင့် အလျှင်းသင့်တဲ့ ကပ်ဖားရပ်ဖား ပညာသင် ဘုန်းကြီး-၂-ပါးက အမှန်တကယ် လန်ဒန်တက္ကသိုလ်မှာ Ph D တန်း အဆင့်မမီကြဘဲ Ph D တန်း တက်ရောက်ခွင့် မရကြဘဲ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်းပြီး နှစ်ပေါက်တပေါက် ရိုက်ကြ၍် မြန်မာ ပြည်သူ လူထုကို လိမ်ပြီး အလှူခံနေခြင်းသာ ဖြစ်ပါသည်။

နောက်ပြီးတော့ လန်ဒန် တက္ကသိုလ်မှာ ၂ ပါးစာ ၄ နှစ်အတွက် ပေါင် ၉၆၀၀၀ (ကိုးသောင်းခြောက်ထောင်) ကို တကြိမ်တည်း ပေးသွင်းရမည် ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။ လန်ဒန် တက္ကသိုလ်များရဲ့ စနစ်က တနှစ်ချင်းစီ ငွေ-ပေးသွင်းရပါတယ်။ ပြီးတော့ http://www.soas.ac.uk/registry/fees/postgraduate/ လန်ဒန် တက္ကသိုလ် webside ကို ကြည့်တော့လည်း Tuition Fees (Ph D) ကျောင်းစရိတ် က Full-time Overseas Students အတွက် MPhil/PhD per year အတွက် ₤10,800 တနှစ်အတွက် ပေါင်ငွေ ၁၀၈၀၀ မျှပဲ ပေးသွင်းရမှာ ဖြစ်ပါတယ်။ အခုဟာက တနှစ်ကို ပေါင် ၁၂၀၀၀ လောက် စာရင်းပိုတွက်တင်ပြပြီး လိမ်၍ တောင်းခံတာ ဖြစ်တယ်။

Tuition Fees 2010/2011 Postgraduate

Please note that fees are payable in full at enrolment. Termly or instalment payments are not permitted. The fees below are per academic year. Please note that fees go up each year. Some fee rates for students who enrolled on their degrees before 2010/11 are different - please see the Protected Fees Schedule 2010/11.

Students who are formally sponsored should provide evidence of funding before or at enrolment.

Masters Degree In:

Economics (including Finance and Development, Development Economics and Political Economy of Development)
Politics (including State, Society and Development)
International Management, Finance and Financial Law

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

5,775


13,230


2,885


6,615


1,950


4,500

Anthropology (including Social Anthropology of Development; Migration and Diaspora)
Global Cinemas/Media, Critical Media

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

5,775


12,600


2,885


6,300


1,950


4,305

International Studies and Diplomacy; Globalisation and Corporate Development

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

12,810


12,810


6,405


6,405


4,500


4,500

Development Studies (including Central Asia; Violence, Conflict & Development; Migration, Mobility & Development; Globalisation & Development)

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

7,700


13,230


3,850


6,615


2,550


4,500

Law (including Dispute & Conflict Resolution; Environmental Law & Sustainable Development; International & Comparative Legal Studies)

This fee includes the law pre-sessional course. Continuing students please see the Protected Fees Schedule 2010/11

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

8,050


13,580


4,200


6,965


2,900


4,850

LLM

Full-time


Part-time 2 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

7,700


13,230


3,850


6,615

Part-time 3 Years


Part-time 4 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

2,550


4,500


1,950


3,305

Other MAs and MMus

Full-time


Part-time 2 Years


Part-time 3 Years

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

4,725


12,600


2,360


6,300


1,530


4,305

Due to a change in Government funding policy if you are applying for a Masters degree and already have an equivalent or higher qualification (or expect to complete an equivalent or higher qualification while studying for a Master's degree at SOAS) you will be liable to higher fees. You will be charged the UK/EU course fee plus £1500.

Continuing research students should refer to the Protected Fees Schedule 2010-2011

Research degrees:

Research Degrees


Full-time


Part-time

UK/EU
Students


Overseas
Students


UK/EU
Students


Overseas
Students

MPhil/PhD per year


3,900


10,800


1,950


5,400

Extension of Writing-up Status


705


705


-


-

There are no reduced fees for overseas fieldwork.












Visiting Research Students (charged pro rata for termly attendance)


3900


10,800


-


အထွေထွေစရိတ် တပါးစီအတွက် တနှစ်လျှင် ပေါင် ၃၀၀၀ (သုံးထောင်) နှုန်းဖြင့် ၂ ပါးအတွက် ပေါင် ၁၀၂၀၀၀ (တသိန်းနှစ်ထောင်) ကိုလည်း တကြိမ်တည်းပေးသွင်းရန်လိုအပ်မည်ဖြစ်ပြီး----ဆိုတာကလည်း တနှစ်လျှင် ပေါင် ၃၀၀၀ (သုံးထောင်) နှုန်းဖြင့် ၄ နှစ် ဆိုလျှင် တပါးအတွက် ပေါင် ၁၂၀၀၀ ဖြစ်ရမယ်၊ ၂ ပါးအတွက်ဆိုတော့ ပေါင် ၂၄၀၀၀ ပဲ ဖြစ်သင့်တယ်။ ဘာကြောင့် ပေါင် ၁၀၂၀၀၀ (တသိန်းနှစ်ထောင်) ဖြစ်ရတာလဲ မသိဘူး။ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာ ပြည်သူ လူထုကို လိမ်၍ အလှူခံနေခြင်းဟာ သေချာပါသည်။ ကျန် ၃ နှစ်အတွက် တနှစ်လျှင် ပေါင် ၆၀၀၀ (ခြောက်ထောင်) စီ ထောက်ပံ့ရန်ရှိကြောင်း----ဆိုတာကလည်း ကျန် ၃ နှစ်ဆိုတာ ဘယ်က ၃ နှစ်လဲ။ ပညာထက်မျက်တဲ့ စကောလာ ပညာတော်သင် ဆိုရင် Ph D တန်း ဆိုတာ ၄ နှစ်တက်ရပါသည်။

၁။ သာသနာရေးဝန်ကြီးဋ္ဌာနနှင့် အလျှင်းသင့်တဲ့ ကပ်ဖားရပ်ဖား ပညာသင်ဘုန်းကြီး-၂-ပါးက အမှန်တကယ် လန်ဒန် တက္ကသိုလ်မှာ Ph D တန်း အဆင့်မမီကြဘဲ Ph D တန်း တက်ရောက်ခွင့် မရကြဘဲ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာ ပြည်သူ လူထုကို လိမ်ပြီး အလှူခံ၊

၂။ (Ph D) Tuition Fees ကျောင်းစရိတ် အတွက် စာရင်း ပိုတွက် တင်ပြသဖြင့် ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာ ပြည်သူ လူထုကို
စာရင်းပိုတွက်တင်ပြပြီး လိမ်၍ ငွေတွေ အများကြီး အလှူခံ။

၃။ ပညာတော်သင် ဘုန်းကြီး (၂)ပါးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာနတို့ (၂)ဦးပေါင်း၍ နှစ်ပေါက်တပေါက် ရိုက်ကြပြီး မြန်မာပြည်သူ လူထုကို လိမ်၍ တောင်းခံတာကလဲ ငွေရေးကြေးရေး စသည် တွက်ချက် ထားတာတွေက ရှေ့နောက် ဘာမှ မကိုက်ညီ ----အဲဒီလိုတွေ ဖြစ်နေတယ်။ ဒါကြောင့် ဒီအကြောင်းအရာများကို မြန်မာ ပြည်သူ လူထုများ၊ ကမ္ဘာမှာရှိတဲ့ မြန်မာ့ မီဒီယာများနှင့် ကြော်ညာထားသော သာသနာရေး ၀န်ကြီးဋ္ဌာနကိုလည်းပြန်လည် အကြောင်းကြားရပါမည်။

ဒီမိုကရေစီလိုလားသော ကျောင်းသားများ.

0 comments:

Post a Comment

May you be highly effective person in the world.