သမိုင်းဝင်မှတ်တိုင်
ထင်ကျန်ဘို့မလိုပါဘူး
သူ့ဘာသာစိုက်ထူ
ငါတို့ဖေးမလို့
ကူစရာမလိုပါဘူး
ပေးဆပ်ခြင်းမှတ်တိုင်
မင်းတို့စိုက်ရင်
မင်းတို့ပေးဆပ်ခြင်း
သမိုင်းမှတ်တိုင်
မင်းတို့ကိုယ်စား
ဝင့်ဝါလင်းရောင်
မင်းတို့အတွက်
ဂုဏ်ဆောင်နေမှာပါ
ရယူခြင်းမှတ်တိုင်
မင်းတို့စိုက်ရင်
မင်းတို့ရယူခြင်းမှတ်တိုင်
ထွန်းပြောင်ရောင်လင်း
မင်းတို့အတွက် သမိုင်းရောင်
လင်းလက်လို့
ဂုဏ်ဆောင်နေမှာ
ပေးဆပ်ခြင်း
ရယူခြင်း
ဒွန်တွဲနေတဲ့ကမ္ဘာ
ရယူခြင်းတွေထွေးပိုက်
ငါတို့မိုက်ကြတော့မှာလား
သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...
Why you could represent GB in one of newest Olympic sports
35 minutes ago
0 comments:
Post a Comment