a:hover { color:#CC0000; text-decoration:none; background:transparent url(http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif); }

ခွေးဇာတ်ကတဲ့စစ်တပ်

ပြည်သူတို့ရဲ့ ကံတရားပဲလား
အမေစုရဲ့ ကံတရားပဲလား
အတွေးပေါင်းများစွာနဲ့
ငါငေးငိုင်နေမိတယ်
မတူညီနဲ့ ကံ တရားတွေမို့
ငါဘယ် သူ့ကိုအပြစ်ဖို့ရမလည်း
အော်-----------
အဝေးမှာနေတဲ့ ငါသူငယ်ချင်းက
ဘော် ဒါကြီးရေ
ငါနေတဲ့ထိုင်းဆိုတဲ့တိုင်းပြည်မှာတော့
ပြည်သူ့အချစ်တော်
ဘုရင်မကတော်ကို
သက်တော်ရှည်ကြောင်း
ပြည်သူတွေဆုတောင်းနေကြတယ်တဲ့------
ငါဘယ်လိုပြန်ပြောနိုင်မလည်းသူငယ်ချင်ရယ်
ငါတို့ရဲ့အချစ်တော်
ငါတို့ရဲ့အသည်းနှလုံး
ငါတို့ရဲ့မီးအိမ်
ငါတို့ရဲ့အလင်းရောင်
ငါတို့ရဲ့အားကိုးရာ
အမေစုကို
သူတို့ထောင်တွင်းချ
ပြည်သူတွေအလင်းမရအောင်ပေါ့
တော်ပါတော့---------အာဏာရူးတွေရာ
ပြည်သူ့ဘဏ္ဍာ ပြည်သူ့ရတနာတွေလည်းမရှိတော့ပါဘူး
ပြည်သူကကျွေး ပြည်သူကမွေးခဲ့တာလည်းစဉ်းစားပါဦး
သယံဇာတပေါကြွယ်
မြေကြီးကရွှေသီး
ဒါတွေဟာမင်းတို့အတွက်ရွှေထီးဖြစ်ခဲ့တာကြာပါပြီ
ကျေနပ်ကြပါတော့-အာဏာရူးတွေရယ်
အာရှမှာ မြန်မာကွလို့
နဂါတစ်ကောင်လိုအမောက်ထောင်
ခြင်္သေတစ်ကောင်လို ဟိန်း
ဒါတွေဟာ မင်းတို့ကြောင့် ဇာတ်သိမ်းခဲ့ရပါပြီ
အခုတော့ ကွာ
အမျိုဂုဏ်လည်းပျောက်
စည်းစိမ်တွေလည်းပျောက်
ပြည်သူတွေလည်ဒုက္ခရောက်ကြပါပြီ
အပြစ်မဲ့သူ သံဃာစုနဲ့
အပြစ်ကင်းသူ ပြည်သူလူထုအပေါ်
လောဘတွေအခက်ဝေ
ဒေါသအမျက်တွေနဲ့
သောကဖက်စေပါပြီ
ပြည်သူကကျွေး
ပြည်သူကမွေးခဲ့တာကိုမထောက်
နင်းခြေလို့ဖျက်ဆီး
ပြည်သူတွေကိုတံမြက်စည်းလိုသဘောထားခဲ့တာပေါ့
သံဃာကိုအသင်းခွဲ
ပြည်သာချင်းသတ်ဖြတ်
မင်းတို့စစ်တပ် အမိုက်ဇာတ်ကိုကကြတာပေါ့နော်
စစ်သမိုင်းကိုပြန်တွေးလိုက်ရင်
ဗိုလ်ချူပ်တို့ရေးခဲ့တဲ့စစ်သမိုင်းမှာ
ဒီလိုအရိုင်အစိုင်းတွေမပါပါဘူး
အခုတော့
ထမင်းရှင်ကိုသတ်
ကျွေးကြတဲ့လက်ကိုပြန်ဟပ်
မင်းတို့စစ်တပ်က ခွေးဇာတ်ခင်းကြတာပေါ့။
သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...

0 comments:

Post a Comment

May you be highly effective person in the world.