သိုးတစ်ကောင်းကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေမိတယ်
ငါဟာ သိုးရေခြုံတဲ့
ဝံပုလွေ တစ်ကောင်းလား၊
ကျီးတစ်ကောင်ကိုမြင်လိုက်တဲ့
အခိုက်အတန့်ကလေးမှာ
တွေဝေတယ်
ငါဟာ ဒေါင်းယောင်ဆောင်သော
ကျီးတစ်ကောင်းဖြစ်နေသလား၊
ကျီးအားသီးတစ်လုံးကို
မြင်လိုက်တဲ့အခါ
ငါဟာ အပြင်ပန်းလှပပြီး
အတွင်းပုပ်တဲ့လူတစ်ယောက်ဖြစ်နေသလား
ပေးကမ်းကြ လှုဒါန်းကြသော
လူတွေကိုမြင်လိုက်တဲ့အခါ
ငါဟာ ရယူခြင်းတွေ
ပိုင်ဆိုင်ခြင်းတွေ
ရင်မှာဝေနေလျှက်
ကျေနပ်နေရတဲ့လူတစ်ယောက်ဖြစ်နေသလား
အဇာတသတ်ကိုတွေးမိလေတိုင်း
လိစ္ဆ၀ိမင်းတို့ကို
သွေးခွဲအနိုင်ယူခဲ့တဲ့
အမတ်ကြီးရဲ့လုပ်ရပ်
ငါပြန်မြင်မိတယ်
ဒေ၀ဒတ်ကိုတွေးမိလိုက်တိုင်း
သံဃာကိုအသင်းခွဲတဲ့
သမိုင်းတွင်လုပ်ရပ်
ငါပြေးမြင်လိုက်မိတယ်
ငါတို့ရဲ့ညီညွတ်ပေါင်းစု
ငါတို့တည်ထောင်
ငါတို့အားသစ်လောင်
ဒီM.S.M.O
ငါတို့ပြိုကွဲတာကိုမလိုချင်ဘူး
လောကဓံလှိုင်ရေ-----
သွားတော့---ကွယ်
ဝံပုလွေလိုဟန်ဆောင်မှု
ကျီးတစ်ကောင်လို
လှည့်ပတ်နေမှုတွေ
မတ်တစ်ယောက်လို
ကိုယ်ဘက်လူ သူဘက်သားတွေ
ဒေ၀ဒတ်လို သွေးခွဲမှုတွေ
သွားတော့ကွယ်
ငါတို့နဲ့ဝေးရာ
ဟို--------ဝေးရာကို
သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...
Superb England tear into Australia in Ashes opener
29 minutes ago
0 comments:
Post a Comment